YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 25:1-14

ယေရမိ 25:1-14 Judson Bible (JBMLE)

ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး​သား​ယော​ယ​ကိမ် နန်း​စံ စ​တု​တ္ထ​နှစ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​ကို ရည်​မှတ်၍၊ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​ကို၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​အား၊ ယေ​ရ​မိ ဆင့်​ဆို​ဟော​ပြော​ရ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား ယော​ရှိ နန်း​စံ​ဆယ်​သုံး​နှစ်​မှ​စ၍ ယ​ခု​တိုင်​အောင်၊ အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​သည်​အ​တိုင်း၊ ငါ​သည် စော​စော​ထ၍ အ​မိန့်​တော်​ကို အ​ထပ်​ထပ်​ဆင့်​ဆို​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ စော​စော​ထ၍ မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို၊ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ် စေ​လွှတ်​တော်​မူ​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ကြ။ အ​မိန့်​တော်​ကို ကြား​ခြင်း​ငှာ နား​ကို​မ​လှည့်​ဘဲ နေ​ကြ၏။ ထို​ပ​ရော​ဖက်​တို့​က၊ သင်​တို့​အ​သီး​အ​သီး​လိုက်​သော​လမ်း​ဆိုး​နှင့် အ​ကျင့်​ဆိုး​များ​ကို ပယ်​ရှား၍၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည် အ​မြဲ​ပေး​တော်​မူ​သော​ပြည်၌ နေ​ကြ​လော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လိုက်၍ ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​ကြ​နှင့်။ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို မ​ထွက်​စေ​ကြ​နှင့်။ ငါ​သည်​လည်း၊ သင်​တို့​ကို မ​ညှဉ်း​ဆဲ​ဟု ဆင့်​ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ ဆင့်​ဆို​ကြ​သော်​လည်း၊ သင်​တို့​သည် ကိုယ်၌​အ​ကျိုး​နည်း ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို ထွက်​စေ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။ ဤ​သူ​တို့​တွင် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင်​သ​တို့​သား၏​အ​သံ၊ သ​တို့​သ​မီး၏​အ​သံ၊ ကြိတ်​ဆုံ​သံ​နှင့် မီး​ခွက်​အ​လင်း​ကို ငါ​ကွယ်​ပျောက်​စေ​မည်။ ဤ​ပြည်​တစ်​လျှောက်​လုံး​သည် လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ဤ​လူ​မျိုး​တို့​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​တည်း​ဟူ​သော ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ၏ အ​ပြစ်​ကြောင့်၊ ငါ​သည် သူ​တို့​ကို​ဒဏ်​ပေး၍၊ ထို​နိုင်​ငံ​ကို အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။ ငါ​ခြိမ်း​သော စ​ကား​များ​တည်း​ဟူ​သော ယေ​ရ​မိ​သည် ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့​တစ်​ဖက်၌ ဟော​ပြော၍၊ ဤ​စာ၌​ရေး​ထား​သော စ​ကား​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ များ​စွာ​သော​လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​ကို စေ​စား​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​သော​အ​ကျင့်၊ သူ​တို့​ကိုယ်​တိုင်​ပြု​သော အ​မှု​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို ငါ​ဆပ်​ပေး​မည်။

ယေရမိ 25:1-14 Common Language Bible (BCL)

ယော​ရှိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌ ယေ​ရ​မိ​သည်​ယု​ဒ​ပြည်​သူ​အ ပေါင်း​တို့​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ထံ တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​လေ​သည်။ (ထို​နှစ်​ကား​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ၏​နန်း​စံ​ပ​ထ​မ​နှစ်​ဖြစ်​လေ​သ​တည်း။)- ပ​ရော​ဖက်​ယေ​ရ​မိ​က​ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​အ​ပေါင်း​တို့​အား၊- ``ထာ​ဝ​ရ​ဘု​ရား​သည်​အာ​မုန်​၏​သား​ယု​ဒ ဘု​ရင်​ယော​ရှိ​နန်း​စံ​တစ်​ဆယ့်​သုံး​နှစ်​မြောက် မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​နှစ်​ဆယ့်​သုံး နှစ်​ပတ်​လုံး​ငါ့​အား​ဗျာ​ဒိတ်​ပေး​လျက်​နေ တော်​မူ​ခဲ့​၏။ ငါ​သည်​လည်း​ကိုယ်​တော်​၏ ဗျာ​ဒိတ်​တော်​များ​ကို သင်​တို့​အား​ပြန်​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ပ​မာ​ဏ​မ​ပြု ခဲ့​ကြ။- ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဖန်​တ​လဲ​လဲ မိ​မိ ၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​ခဲ့​သော်​လည်း သင်​တို့ သည်​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ပ​မာ​ဏ​လည်း​မ​ပြု​လို​ကြ။- သင်​တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​များ​အား အ​ပြီး​အ​ပိုင် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​ခဲ့​သည့်​ပြည်​တော်​တွင်​နေ​ထိုင်​ကြ​စေ​ရန် ထို​ပ​ရော​ဖက်​တို့​သည်​သင်​တို့​လိုက်​လျှောက် လျက်​ရှိ​သည့်​လမ်း​စဉ်​နှင့်​ပြု​ကျင့်​လျက်​ရှိ သည့်​မ​ကောင်း​မှု​တို့​ကို​ရှောင်​ကြဉ်​ရန်​ပြော ကြား​ခဲ့​ကြ​၏။- သူ​တို့​သည်​သင်​တို့​အား​အ​ခြား​ဘုရား​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​မှု​မ​ပြု​ကြ​ရန်​ကို​လည်း ကောင်း၊ သင်​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​မှု​မ​ပြု​ကြ​ရန် ကို​လည်း​ကောင်း​ပြော​ကြား​ခဲ့​ကြ​၏။ အ​ကယ် ၍​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​သာ နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ကိုယ်​တော်​သည် သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်။- သို့​ရာ​တွင်​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​ပြီ။ သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​မည့်​အ​စား မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် အ​မျက်​တော်​ကို​လှုံ့​ဆော်​ကာ ကိုယ်​တော်​ပေး တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​မိ​မိ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​ကြ​လေ​ပြီ။ ``ထို့​ကြောင့်​သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​လို​ကြ​သ​ဖြင့် အ​နန္တ​တန်​ခိုး ရှင်​ထာဝ​ရ​ဘု​ရား​က၊- `ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။- ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် ကြ​သည့်​အ​သံ​များ​နှင့် မင်္ဂ​လာ​ဆောင်​ပွဲ​အ​သံ များ​ကို​လည်း​ကောင်း၊ ကျိတ်​ဆုံ​ကျောက်​လှည့် သည့်​အ​သံ​များ​ကို​လည်း​ကောင်း​ဆိတ်​သုဉ်း စေ​မည်။ ထို့​ပြင်​မီး​ခွက်​များ​ကို​လည်း​ငါ ငြိမ်း​သတ်​မည်။- ဤ​ပြည်​တစ်​ခု​လုံး​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​ကာ ရှု​မြင်​ရ​သူ​တို့​ထိတ်​လန့်​ဖွယ်​ရာ ဖြစ်​လိမ့်​မည်။ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​လည်း အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင်​ဗာ ဗု​လုန်​ဘုရင်​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့်​မည်။- ထို​နောက်​ငါ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နှင့်​ပြည်​သူ တို့​အား မိ​မိ​တို့​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ဆုံး​မ​မည်။ သူ​တို့​၏​ပြည်​ကို​ဖျက်​ဆီး​ကာ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​စေ​မည်။- ငါ​သည်​ထို​လူ​မျိုး​အား​ယ​ခင်​က​ခြိမ်း​ခြောက် ခဲ့​သည့်​အ​တိုင်း​လူ​မျိုး​တ​ကာ​တို့​အား ယေ ရ​မိ​ပြန်​ကြား​ခဲ့​သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့် လည်း​ကောင်း၊ ဤ​စာ​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့်​လည်း​ကောင်း ဆုံး​မ​မည်။- များ​စွာ​သော​လူ​မျိုး​တို့​နှင့်​တန်​ခိုး​ကြီး​သည့် ဘု​ရင်​များ​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ သည်​လည်း​သူ​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သည့် အ​မှု​များ​၏ ဆိုး​ကျိုး​ကို​ခံ​စေ​မည်' '' ဟု မိန့်​တော်​မူ​၏။

ယေရမိ 25:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​လေး​နှစ်​၊ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နန်းစံ ပထမ​နှစ်​တွင် ယုဒ​ပြည်သူပြည်သား​အားလုံး​နှင့်​ပတ်သက်၍ ယေရမိ​ထံသို့​ရောက်လာ​သော နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။ ပရောဖက်​ယေရမိ​က ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​အား “​အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​သုံး​နှစ်​မှ ယခု​ချိန်​ထိ နှစ်ဆယ့်​သုံး​နှစ်​ပတ်လုံး ထာဝရဘုရား​၏​ဗျာဒိတ်စကား ငါ့​ထံသို့​ရောက်လာ​ခဲ့​၏​။ ငါ​သည်​လည်း သင်​တို့​အား ထာဝရဘုရား​၏​ဗျာဒိတ်စကား​ကို အကြိမ်ကြိမ်​ဆင့်ဆို​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။ ထာဝရဘုရား​သည် မိမိ​၏​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အကြိမ်ကြိမ်​စေလွှတ်​ဆင့်ဆို​စေ​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။ ဂရု​မ​စိုက်​ကြ​။ သူ​တို့​က ‘​သင်​တို့​၏​အကျင့်ဆိုး​၊ စရိုက်ဆိုး​များ​ကို​စွန့်​၍ ပြန်လာ​ကြ​လော့​။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​တွင် ကာလ​အစဉ်အဆက်​နေထိုင်​ကြ​လော့​။ အခြား​ဘုရား​များ​နောက်သို့​လိုက်​၍ မ​ပျပ်ဝပ် မ​ကိုးကွယ်​ကြ​နှင့်​။ သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို မ​နှိုးဆော်​ကြ​နှင့်​။ သို့ပြုလျှင် သင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​မ​ဟုတ်​’​ဟု ဆင့်ဆို​ခဲ့​ကြ​သော်လည်း ‘သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​။ သင်​တို့​ဒုက္ခ​ရောက်​အောင် သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​ပြီ’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဤသို့ သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​သောကြောင့် ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘ဝမ်းမြောက်​ရွှင်မြူး​သော​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ကြိတ်ဆုံကြိတ်သံ​၊ မီးခွက်​အလင်း​တို့​ကို​ပါ ချုပ်ငြိမ်း​စေ​မည်​။ တိုင်းပြည်​တစ်ပြည်လုံး​သည် ပြိုပျက်​ရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​။ ဤ​ပြည်သူပြည်သား​တို့​သည် ဘေဘီလုံ​ဘုရင်​ကို အနှစ်​ခုနစ်ဆယ် အစေခံ​ရ​လိမ့်မည်​။ အနှစ်​ခုနစ်ဆယ်​ပြည့်​ပြီးမှ ဘေဘီလုံ​ဘုရင်​မှစ၍ သူ​၏​လူမျိုး​များ​နှင့်တကွ ခါလဒဲ​ပြည်​ကို​ပါ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ ထို​ပြည်​ကို အစဉ်​လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘ဤ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ယေရမိ​ပရောဖက်ပြု​ဟောပြော​ခဲ့​သော​၊ ကျမ်းစာ​၌​ရေးထား​သမျှ​သော​စကား​များ​တည်းဟူသော ဤ​ပြည်​ကို​ရည်ဆောင်​၍ ငါ​ပြော​ခဲ့​သော​စကား​ကို ဤ​ပြည်​အပေါ် ကျရောက်​စေ​မည်​။ လူမျိုး​တကာ​တို့​နှင့် တန်ခိုးကြီး​သော​ရှင်ဘုရင်​တို့​သည် သူ​တို့​အား စေခိုင်း​ကြ​လိမ့်မည်​။ သူ​တို့​၏​အကျင့်​အတိုင်း​၊ သူ​တို့​၏​လုပ်ရပ်​အတိုင်း သူ​တို့​ကို ငါ​ပြန်ပေးဆပ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​လေ​၏​။