YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 1

1
1-3ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား​ယော​ရှိ​မင်း နန်း​စံ​ဆယ်​သုံး​နှစ်​တွင်​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ် လက်​ထက်၌​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ဇေ​ဒ​ကိ​မင်း နန်း​စံ​ဆယ်​တစ်​နှစ်​စေ့၍ ပ​ဥ္စ​မ​လ​တွင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို သိမ်း​သွား​ချုပ်​ထား​သည် တိုင်​အောင်၊#၄​ရာ၊ ၂၂:၃-၂၃:၂၇။ ၆​ရာ၊ ၃၄:၈-၃၅:၁၉။ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ဗင်္ယာ​မိန်​ပြည်၊ အာ​န​သုတ်​မြို့​နေ ဟိ​လ​ခိ​သား ယဇ်​ပု​ရော​ဟိတ်​ယေ​ရ​မိ​စ​ကား​မှာ၊#၄​ရာ၊ ၂၃:၃၆-၂၄:၇၊၁၈-၂၅:၂၁။ ၆​ရာ၊ ၃၆:၅-၈၊ ၁၁:၂၁။
ယေ​ရ​မိ​ကို​ရွေး​ကောက်​ခြင်း
4ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍ မိန့်​တော်​မူ​သည်​ကား၊ 5သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။ 6ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ 7ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။ 8သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ 9လက်​တော်​ကို​ဆန့်၍ ငါ့​နှုတ်​ကို​တို့​တော်​မူ​လျက်၊ သင်၏​နှုတ်၌ ငါ့​စ​ကား​ကို​ငါ​သွင်း​ထား​ပြီ။ 10ကြည့်​ရှု​လော့။ သင်​သည် နုတ်​ပယ်​ဖြို​ချ ဖျက်​ဆီး​မှောက်​လှဲ​ရ​သော​အ​ခွင့်၊ တည်​ဆောက်​စိုက်​ပျိုး​ရ​သော​အ​ခွင့်​နှင့် သင့်​ကို လူ​အ​မျိုး​မျိုး​တို့၏ တိုင်း​နိုင်​ငံ​များ​အ​ပေါ်​မှာ ယ​နေ့​ငါ​ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။
ရူ​ပါ​ရုံ​နှစ်​ရပ်
11တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဗာ​တံ​ကိုင်း​ကို​မြင်​ပါ၏​ဟု လျှောက်​သော်၊ 12ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မှန်​ကန်​စွာ​မြင်​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​စောင့်​နေ​မည်​ဟု မိန့်​တော်​မူ​၏။
13တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဆူ​ပွက်​သော​အိုး​ကင်း​ကို မြင်​ပါ၏။ မြောက်​ဘက်​သို့ မျက်​နှာ​ပြု​လျက်​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊ 14ထာ​ဝ​ရ​ဘု​ရား​က၊ မြောက်​မျက်​နှာ​ဘက်​က ဘေး​ဥ​ပဒ်​သည်၊ ဤ​ပြည်​သား​တို့​အ​ပေါ်​သို့ ထွက်​လာ​လိမ့်​မည်။ 15အ​ကြောင်း​မူ​ကား၊ မြောက်​တိုင်း​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​ခေါ်၍၊ သူ​တို့​သည် လာ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​ဝ​များ​တို့၌​လည်း​ကောင်း၊ မြို့​ရိုး​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း မိ​မိ​တို့ ရာ​ဇ​ပ​လ္လင်​များ​ကို အ​သီး​အ​သီး တည်​ထား​ကြ​လိမ့်​မည်။ 16ပြည်​သူ​ပြည်​သား​တို့​သည် ငါ့​ကို​စွန့်​သော​အ​ပြစ်၊ အ​ခြား​သော​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​သော​အ​ပြစ်၊ မိ​မိ​တို့​လက်​ဖြင့် လုပ်​သော​အ​ရာ​ကို ကိုး​ကွယ်​သော​အ​ပြစ် ရှိ​သ​မျှ​တို့​ကြောင့်၊ သူ​တို့​ကို​ငါ​စစ်​ကြော၍၊ အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​မည်။ 17သို့​ဖြစ်၍ သင်​သည် ခါး​ပန်း​ကို​စည်း၍​ထ​လော့။ ငါ​မှာ​ထား​သ​မျှ​ကို သူ​တို့​အား​ဟော​ပြော​လော့။ သူ​တို့​ရှေ့​မှာ သင့်​ကို ငါ​အ​ရှက်​မ​ခွဲ​ရ​မည်​အ​ကြောင်း သူ​တို့​ကို မ​ကြောက်​နှင့်။ 18ကြည့်​ရှု​လော့။ ယု​ဒ​ရှင်​ဘု​ရင်၊ မင်း​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပြည်​သူ​ပြည်​သား​တည်း​ဟူ​သော တစ်​နိုင်​ငံ​လုံး တစ်​ဖက်၌၊ ခိုင်​ခံ့​သော​မြို့၊ သံ​တိုင်၊ ကြေး​ဝါ​ထ​ရံ​အ​ရာ၌ သင့်​ကို ယ​နေ့​ငါ​ခန့်​ထား၏။ 19သူ​တို့​သည် သင့်​ကို​စစ်​တိုက်၍ မ​နိုင်​ရ​ကြ။ သင့်​ကို ကယ်​နုတ်​ခြင်း​ငှာ၊ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။