YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 46

46
1ဗေ​လ​သည် ကျ​ပြီ။ နေ​ဗော​သည်​ကျိုး​ပဲ့​ပြီ။ သူ​တို့ ရုပ်​တု​တို့​သည် အ​ခြေ​လေး​ချောင်း​ရှိ​သော သား​တိ​ရ​စ္ဆာန်​တို့ အ​ပေါ်​မှာ ရှိ​ကြ၏။ သင်​တို့​ထမ်း​ဖူး​သော​ဝန်​ကို တင်၍၊ ပင်​ပန်း​သော တိ​ရ​စ္ဆာန်​တို့​သည် ထမ်း​ရ​ကြ၏။ 2သူ​တို့​သည် ကျိုး​ပဲ့​လျက်၊ အ​တူ​လဲ​လျက်​နေ၍၊ မိ​မိ​တို့​ထမ်း​ရ​သော​ဝန်​ကို မ​ကယ်​တင်​နိုင်​ဘဲ၊ ကိုယ်​တိုင် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​သည်​တ​ကား။
3အို ယာ​ကုပ်​အ​မျိုး​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ဖွား​စ​က​ပင် သင်​တို့​ကို ငါ​ထမ်း​လေ​ပြီ။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ​ဆောင်​ရွက်​လေ​ပြီ။ 4သင်​တို့​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ ငါ​သည် ထို​သို့​သော​သူ​ဖြစ်၍၊ သင်​တို့​ကို​ဆောင်​ရွက်​မည်။ ငါ​ပြု​ခဲ့​ပြီး​သည်​အ​တိုင်း ထမ်း​ဦး​မည်။ ဆောင်​ရွက်၍ ကယ်​တင်​မည်။
5သင်​တို့​သည် ငါ့​ကို အ​ဘယ်​သူ​နှင့် ပုံ​ပြ​ကြ​မည်​နည်း။ အ​ဘယ်​သူ​နှင့် တူ​စေ​ကြ​မည်​နည်း။ တူ​အောင် အ​ဘယ်​သူ​နှင့် ခိုင်း​နှိုင်း​ကြ​မည်​နည်း။ 6ရွှေ​ကို အိတ်​ထဲ​က​များ​စွာ​ထုတ်​လျက်၊ ငွေ​ကို​လည်း ချိန်​ခွင်​နှင့်​ချိန်​လျက်၊ ပန်း​ထိမ်​သ​မား​ကို​ငှား၍ ဘု​ရား​ကို လုပ်​စေ​ပြီး​မှ၊ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​သည် တ​ကား။ 7ထို​ဘု​ရား​ကို ပ​ခုံး​ပေါ်​မှာ​ထမ်း၍ ဆောင်​သွား​သ​ဖြင့် သူ့​နေ​ရာ၌ ထား​ကြ၏။ သူ​သည်​လည်း မတ်​တတ်​နေ၏။ သူ၏​နေ​ရာ​မှ သူ​မ​ရွှေ့​နိုင်။ သူ့​ကို အော်​ဟစ်​သော်​လည်း၊ သူ​သည်​မ​ထူး။ ဒု​က္ခ​ဆင်း​ရဲ​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။
8အို ဖောက်​ပြန်​သော​သူ​တို့၊ ဤ​အ​မှု​ကို အောက်​မေ့၍ ယောက်ျား​ဂုဏ်​ကို ပြ​ကြ​လော့။ သ​တိ​နှင့် ဆင်​ခြင်​ကြ​လော့။ 9ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မှု​အ​ရာ​တို့​ကို အောက်​မေ့​ကြ​လော့။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။ 10အ​ဦး​မှ​စ၍ အ​ဆုံး​တိုင်​အောင်​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​စ၍ မ​ဖြစ်​သေး​သော အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း ဖော်​ပြ​လျက်၊ ငါ့​အ​ကြံ​တည်​လိမ့်​မည်။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ငါ​ပြည့်​စုံ​စေ​မည်​ဟု ဆို​လျက်၊ 11ဝေး​သော​အ​ရပ်၊ အ​ရှေ့​မျက်​နှာ​မှ ငါ၏​လက်​ထောက်​တည်း​ဟူ​သော ငှက်​ရဲ​ကို ခေါ်​လျက်၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​နှင့်​တူ​သော​သူ မည်​မျှ​မ​ရှိ။ ငါ​သည် နှုတ်​ထွက်​အ​တိုင်း​ပြု​မည်။ ကြံ​သည်​အ​တိုင်း စီ​ရင်​မည်။
12စိတ်​ခိုင်​မာ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ဝေး​သော​သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ 13ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​ကို အ​နီး​သို့ ငါ​ဆောင်​ခဲ့​မည်။ အ​ဝေး၌​မ​နေ​ရ။ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​လည်း မ​ဖင့်​နွှဲ​ရ။ ဇိ​အုန်​တောင်​ပေါ်​မှာ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ ငါ့​ဘုန်း​ကို​လည်း​ကောင်း ငါ​ထား​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 46: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။