YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 1

1
1ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ ဗေ​ရိ၏​သား ဟော​ရှေ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော် အ​စ​အ​ဦး​ဟူ​မူ​ကား၊#၄​ရာ၊ ၁၄:၂၃-၁၅:၇၊ ၁၅:၃၂-၁၆:၂၀၊ ၁၈:၁-၂၀:၂၁။ ၆​ရာ၊ ၂၆:၁-၂၇:၈၊ ၂၈:၁-၃၂:၃၃။
ဟော​ရှေ​၏​မိ​သား​စု
2သင်​သွား၍ ပြည့်​တန်​ဆာ​မိန်း​မ​နှင့်​တ​ကွ သူ​ဖွား​မြင်​သော သား​သ​မီး​တို့​ကို သိမ်း​ပိုက်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်၍ အ​ထပ်​ထပ်​မှား​ယွင်း​ကြ​ပြီ​ဟု ဟော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ 3ဟော​ရှေ​သည်​သွား၍ ဒိ​ဗ​လိမ်​သ​မီး​ဂေါ​မာ​ကို သိမ်း​ပိုက်​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဟော​ရှေ၌ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ 4ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သား​ကို ယေ​ဇ​ရေ​လ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ဏ​ကြာ​ပြီး​မှ ယေ​ဇ​ရေ​လ​အ​သက်​ကို သတ်​သော​အ​ပြစ်​ကြောင့်၊ ယေ​ဟု​အ​မျိုး​ကို ငါ​သည်​ဒဏ်​ပေး၍ ဣ​သ​ရေ​လ​အ​မျိုး၏ နိုင်​ငံ​ကို ဆုံး​စေ​မည်။#၄​ရာ၊ ၁၀:၁၁။ 5ဣ​သ​ရေ​လ​လေး​ကို ယေ​ဇ​ရေ​လ​ချိုင့်၌ ငါ​ချိုး​သော​နေ့​ချင်း​တွင် ထို​အ​မှု​ပြည့်​စုံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
6တစ်​ဖန် ပ​ဋိ​သ​န္ဓေ​ယူ၍ သ​မီး​ကို​ဖွား​မြင်​လေ၏။ ထို​သ​မီး​ကို လော​ရု​ဟာ​မာ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နောက်​တစ်​ဖန် မ​သ​နား​မ​စုံ​မက်​ဘဲ ဧ​ကန်​အ​မှန်​ပယ်​ရှင်း​မည်။ 7ယု​ဒ​အ​မျိုး​ကို​ကား သ​နား​စုံ​မက်​ဦး​မည်။ သို့​ရာ​တွင် လေး၊ ဓား၊ စစ်​တိုက်​လက်​နက်၊ မြင်း၊ မြင်း​စီး​သူ​ရဲ​အား​ဖြင့် မ​ကယ်​တင်၊ သူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ကယ်​တင်​မည်​ဟု မိန့်​တော်​မူ၏။
8လော​ရု​ဟာ​မာ​ကို နို့​ခွာ​သော​အ​ခါ၊ အ​မိ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ 9ထို​သား​ကို လော​အ​မ္မိ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ၏​လူ​မ​ဟုတ်။ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​သ​ခင်​မ​ဟုတ်။
ဣ​သ​ရေ​လ​နိုင်​ငံ​ပြန်​လည်​ထူ​ထောင်​ခြင်း
10သို့​ရာ​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​ခြင်​နိုင်၊ မ​ရေ​တွက်​နိုင်​သော သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ၏​လူ​မ​ဟုတ်​ဟု ထို​သူ​တို့​အား ပြော​ဆို​ရာ​အ​ရပ်၌​ပင်​လျှင်၊ သူ​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။#ရော၊ ၉:၂၆။ 11ထို​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စု​ဝေး​ပေါင်း​ဖော်၍ မင်း​တစ်​ဦး​တည်း​ကို ချီး​မြှောက်​သ​ဖြင့် ထို​ပြည်​ထဲ​က ထွက်​လာ​ကြ​လိမ့်​မည်။ ယေ​ဇ​ရေ​လ​နေ့​သည် ကြီး​မြတ်​သော​နေ့ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဟောရှေ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။