YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 9:1-10

ဟေဗြဲ 9:1-10 JBMLE

တစ်​နည်း​ကား၊ ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည် ဝတ်​ပြု​ရာ​စီ​ရင်​ချက်​နှင့်​လည်း​ကောင်း၊ လော​ကီ​သန့်​ရှင်း​ရာ ဌာ​န​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဟ​ဂျာ​ဟု​ခေါ်​ဝေါ်​သော ပ​ထ​မ​တဲ​တော်​သည်၊ ဆီ​မီး​ခုံ၊ စား​ပွဲ၊ ရှေ့​တော်​မုန့်​နှင့် ပြင်​ဆင်​လျက်​ရှိ၏။- ဒု​တိ​ယ​ကု​လား​ကာ​အ​တွင်း၌၊ ဟ​ဂျာ​ဟ​ဂျုန်​ဟု ခေါ်​ဝေါ်​သော တဲ​တော်​ရှိ၏။- ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။- ထို​သေ​တ္တာ​ပေါ်​မှာ ဘုန်း​ကြီး​သော ခေ​ရု​ဗိမ်​တို့​သည် အ​ပြစ်​ဖြေ​ရာ​ပ​လ္လင်​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ထို​အ​ရာ​များ​ကို ယ​ခု သေ​ချာ​စွာ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။ ထို​သို့ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ပြင်​ဆင်​လျက်​ရှိ​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝတ်​ပြု၍ ပ​ထ​မ​တဲ​တော်​အ​တွင်း​သို့ အ​စဉ်​ဝင်​ရ​ကြ၏။- ဒု​တိ​ယ​တဲ​တော်​အ​တွင်း​သို့ ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း​သာ မိ​မိ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပူ​ဇော်​သော​အ​သွေး​ကို​ဆောင်၍ တစ်​နှစ်​လျှင် တစ်​ခါ​တည်း သာ​ဝင်​ရ၏။- ပ​ထ​မ​တဲ​တော် မ​ပျက်​မီ​တိုင်​အောင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ သွား​သော​လမ်း မ​ဖွင့်​သေး​သော အ​ကြောင်း​ကို ထို​အ​မှု​အ​ရာ​အား​ဖြင့် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် အ​ရိပ်​ပေး​တော်​မူ၏။- ထို​တဲ​တော်​ကား၊ ပူ​ဇော်​သ​ကာ​နှင့် ယဇ်​များ​ကို ပူ​ဇော်​သော ကာ​လ​တည်း​ဟူ​သော မျက်​မှောက်​ကာ​လ​ပတ်​လုံး ပုံ​ပ​မာ​ဖြစ်၏။ ထို​ပူ​ဇော်​သ​ကာ​နှင့် ယဇ်​များ​တို့​သည် ကိုယ်​ကို​ကိုယ် သိ​သော​စိတ်​ကို​ထောက်​လျှင်​လည်း၊ ဝတ်​ပြု​သော​သူ​အား စုံ​လင်​ခြင်း​အ​ကျိုး​ကို မ​ပေး​နိုင်​သည်​ဖြစ်၍၊- စား​စ​ရာ၊ သောက်​စ​ရာ၊ အ​မျိုး​မျိုး​သော နှစ်​စ​ရာ​တည်း​ဟူ​သော၊ ကိုယ်​ခ​န္ဓာ​နှင့်​ဆိုင်​သော အ​ထုံး​အ​ဖွဲ့​များ​နှင့်​တ​ကွ အ​သစ်​ပြု​ပြင်​ခြင်း ကာ​လ​တိုင်​ရုံ​မျှ​သာ တည်​ရ​ကြ၏။