YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 10:12-20

ဟေဗြဲ 10:12-20 JBMLE

ထို​သ​ခင်​မူ​ကား၊ အ​ပြစ်​ကို​ဖြေ​ခြင်း​ငှာ ယဇ်​တစ်​ခု​တည်း​ကို ပူ​ဇော်​ပြီး​မှ​စ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ အ​စဉ်​အ​မြဲ​ထိုင်၍၊- မိ​မိ​ရန်​သူ​တို့​ကို မိ​မိ​ခြေ​တင်​ရာ မ​ချ​မ​ထား​မီ​တိုင်​အောင် မျှော်​လ​င့်​လျက် နေ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။- ထို​သို့​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ငါ​တို့​အား သက်​သေ​ပေး​တော်​မူ​သည်​မှာ၊- နောင်​ကာ​လ​အ​ခါ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​နှ​လုံး​ထဲ​မှာ ပေး​သွင်း​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်၏ အ​ပေါ်​မှာ ရေး​ထား​မည်​ဟု အ​ထက်​က​မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​တုံ၊ သူ​တို့​ပြစ်​မှား​ခြင်း၊ လွန်​ကျူး​ခြင်း အ​မျိုး​မျိုး​ကို ငါ​မ​အောက်​မေ့​ဘဲ နေ​မည်​ဟု လာ​သ​တည်း။- ထို​အ​ပြစ်​တို့​ကို လွှတ်​ပြီး​လျှင် နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော ပူ​ဇော်​သ​ကာ​ကို ပြု​စေ​ရာ​အ​ကြောင်း​မ​ရှိ။ ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ယေ​ရှု၏ ကိုယ်​ခ​န္ဓာ​တော်​တည်း​ဟူ​သော ကု​လား​ကာ​အား​ဖြင့် ထို​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​သက်​လမ်း​သစ်​တွင်၊