ယဇ်ပုရောဟိတ် မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သောယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။- ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှာ ယဇ်တစ်ခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊- မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမီတိုင်အောင် မျှော်လင့်လျက် နေတော်မူ၏။- အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကိုရစေခြင်းငှာ၊ တစ်ခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။- ထိုသို့နှင့်အညီ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေးတော်မူသည်မှာ၊- နောင်ကာလအခါ သူတို့၌ ငါပေးသော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏ အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊
ဟေဗြဲ 10 ကို ဖတ်ရှုရန်
နားထောင်ရန် ဟေဗြဲ 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 10:11-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ