YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 10:1-10

ဟေဗြဲ 10:1-10 JBMLE

တစ်​နည်း​ကား၊ ပ​ညတ်​တ​ရား​သည် နောက်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​အ​ကျိုး​တို့၏ သေ​ချာ​သော ပုံ​သ​ဏ္ဌာန်​ကို​မ​ပြ၊ အ​ရိပ်​ကို​သာ​ပြ​သည်​ဖြစ်၍၊ နှစ်​စဉ်​မ​ပြတ် ပူ​ဇော်​သော​ယဇ်​အား​ဖြင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​တို့​ကို စုံ​လင်​ခြင်း​အ​ဖြစ်၌ မ​တည်​စေ​နိုင်​ရာ။- တည်​စေ​နိုင်​လျှင်၊ ဝတ်​ပြု​သော​သူ​တို့​သည် တစ်​ခါ​တည်း​နှင့် စင်​ကြယ်​ခြင်း​သို့ ရောက်​ပြီး​မှ၊ နောက်​တစ်​ဖန် သံ​ဝေ​ဂ​တ​ရား​ရ​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ​သည်​ဖြစ်​သော​ကြောင့်၊ ထို​ယဇ်​တို့​ကို တစ်​ခါ​တည်း​သာ​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မ​ပူ​ဇော်​ဘဲ​နေ​ရ​ကြ​မည် မ​ဟုတ်​လော။- ယ​ခု​မူ​ကား ယဇ်​ပူ​ဇော်​သည်​တွင် အ​ပြစ်​များ​ကို နှစ်​တိုင်း အောက်​မေ့​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ နွား၊ ဆိတ်၏​အ​သွေး​သည် အ​ပြစ်​ကို မ​ပယ်​နိုင်​ရာ။ ထို​ကြောင့်၊ ခ​ရစ်​တော်​သည် ဤ​လော​က​သို့ ကြွ​လာ​သော​အ​ခါ၊ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​အ​ဖို့ ကိုယ်​ခ​န္ဓာ​ကို ပြင်​ဆင်​တော်​မူ​ပြီ။- မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ ယဇ်​များ​ကို အား​ရ​နှစ်​သက်​တော်​မ​မူ​သော​အ​ခါ၊ ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊- အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​အ​လို​ကို ဆောင်​အံ့​သော​ငှာ သွား​ပါ​မည်​ဟု အ​ကျွန်ုပ်​ဝန်​ခံ​ပါ​သည်​ဟု လျှောက်​ဆို၏။- ပ​ညတ်​တ​ရား​အ​တိုင်း ပြု​ရ​သော​ဝတ်​ကို ရည်​ဆောင်​လျက် ခ​ရစ်​တော်​က၊ မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​တို့​ကို ကိုယ်​တော်​သည် အ​လို​တော်​မ​ရှိ၊ အား​ရ​နှစ်​သက်​တော်​မ​မူ​ဟု အ​ထက်​က ဆို​နှင့်​ပြီး​မှ၊- တစ်​ဖန်​တုံ၊ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​အ​လို​ကို ဆောင်​အံ့​သော​ငှာ သွား​ပါ​မည်​ဟု ဆို​သည်​တွင်၊ ဒု​တိ​ယ​ဝတ်​ကို တည်​စေ​ခြင်း​ငှာ ပ​ထ​မ​ဝတ်​ကို ပယ်၏။- ထို​အ​လို​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်၏ ကိုယ်​တော်​ကို တစ်​ခါ​တည်း ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​တို့​သည် စင်​ကြယ်​ခြင်း​သို့ ရောက်​ကြ၏။