YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 47:1-12

ယေဇကျေလ 47:1-12 JBMLE

ထို​နောက်​မှ အိမ်​တော်​တံ​ခါး​သို့ တစ်​ဖန်​ငါ့​ကို​ဆောင်​ခဲ့၍၊ တံ​ခါး​ခုံ​အောက်​မှာ အ​ရှေ့​ဘက်​သို့​ထွက်​သော ရေ​ကို​ငါ​မြင်၏။ အိမ်​တော်​ဦး​သည် အ​ရှေ့​သို့​မျက်​နှာ​ပြု၍၊ ရေ​သည် အိမ်​တော်​တံ​ခါး​ခုံ​လက်​ယာ​အောက်၊ ယဇ်​ပ​လ္လင်​တော် တောင်​ဘက်​မှ စီး​သွား​လေ၏။ တစ်​ဖန် မြောက်​တံ​ခါး​လမ်း​ဖြင့် ငါ့​ကို​ထုတ်၍ ပြင်၌​ဝိုင်း​သွား​လျက်၊ အ​ရှေ့​သို့​မျက်​နှာ​ပြု​သော ပြင်​တံ​ခါး​လမ်း​ဝ​သို့ ရောက်​သော​အ​ခါ၊ လက်​ယာ​ဘက်​မှ​စီး​သော ရေ​ကို​ငါ​မြင်၏။ ကြိုး​ကို​ကိုင်​သော​သူ​သည် အ​ရှေ့​သို့​သွား​ပြီး​လျှင်၊ အ​တောင်​တစ်​တောင် စေ့​အောင်​တိုင်း၍ ငါ့​ကို ရေ​ကူး​စေ၏။ ရေ​သည် ဖ​မျက်​သို့ မီ​လေ၏။ တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း၍ ရေး​ကူး​စေ​ပြန်​လျှင်၊ ရေ​သည် ဒူး​ကို​မီ​လေ၏။ တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း၍ ကူး​စေ​ပြန်​လျှင်၊ ရေ​သည်​ခါး​ကို မီ​လေ၏။ တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း​သော​အ​ခါ မ​ကူး​နိုင်​သော​မြစ် ဖြစ်​လေ၏။ ရေ​ထ​သော​ကြောင့် နင်း၍​မ​ကူး​နိုင်၊ ခြေ​ထောက်၍ မ​မီ​ဘဲ ကူး​ရ​သော​မြစ်​ဖြစ်၏။ ထို​သူ​က၊ အ​ချင်း​လူ​သား၊ ဤ​အ​ရာ​ကို မြင်​သည်​မ​ဟုတ်​လော​ဟု ပြော​ပြီး​မှ တစ်​ဖန်​ငါ့​ကို​ခေါ်​သွား၍ မြစ်​နား​သို့​ပြန်​စေ၏။ ပြန်​စဉ်​အ​ခါ မြစ်​နား​နှစ်​ဖက်၌ များ​စွာ​သော အ​ပင်​တို့​ကို ငါ​မြင်၏။ ထို​သူ​က​လည်း၊ ဤ​ရေ​သည် အ​ရှေ့​သို့​စီး၍ တော​ကို​လျှောက်​ပြီး​မှ၊ အိုင်​ထဲ​သို့​ဝင်​တတ်​သော​အား​ဖြင့် အိုင်​ရေ​သည် ချို​လိမ့်​မည်။ အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သော သ​တ္တ​ဝါ​အ​မျိုး​မျိုး​တို့​သည် ထို​မြစ်​ရေ ရောက်​သ​မျှ​သော အ​ရပ်​တို့၌ အ​သက်​ရှင်၍၊ အ​လွန်​များ​စွာ​သော ငါး​တို့​လည်း ရှိ​ကြ​လိမ့်​မည်။ ထို​မြစ်​ရေ​သည် ချို​သော​ကြောင့်၊ ရောက်​သ​မျှ​သော​အ​ရပ်​တို့၌ သ​တ္တ​ဝါ​အ​မျိုး​မျိုး​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။ အိုင်​နား​မှာ တံ​ငါ​တို့​သည်​ရပ်၍၊ အင်္ဂေ​ဒိ​ရွာ​မှ​စ၍ ဧ​နေ​ဂ​လိမ်​ရွာ​တိုင်​အောင် ပိုက်​ကွန်​ဖြန့်​ချ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ငါး​အ​မျိုး​မျိုး​တို့​သည် မ​ဟာ​ပင်​လယ်​ငါး​ကဲ့​သို့ အ​လွန်​များ​ပြား​ကြ​လိမ့်​မည်။ ရွှံ့​ဗွက်​ရည်​နှင့် ရွှံ့​အိုင်​ရေ​မူ​ကား မ​ချို​ရ၊ အ​စဉ်​ငန်​ရ​လိမ့်​မည်။ မြစ်​ကမ်း​နား​နှစ်​ဖက်၌ စား​စ​ရာ​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ အ​ရွက်​လည်း မ​ညှိုး​မ​နွမ်း​ရ။ အ​သီး​လည်း မ​ပြတ်​ရ။ လ​တိုင်း​အ​စဉ် နု​သော​အ​သီး​ကို သီး​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က​ထွက်​သ​တည်း။ အ​သီး​သည် စား​စ​ရာ​ဖို့​ဖြစ်၏။ အ​ရွက်​သည် အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။

​ယေဇကျေလ 47:1-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။