YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 1

1
အ​န​တ္တ​သက်​သက်
1ဒါ​ဝိဒ်၏​သား​တော်၊ ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​ဖြစ်​သော ယေ​ရု​ရှ​လင်​မင်း​ကြီး၏​စ​ကား​ဟူ​မူ​ကား၊ 2အ​န​တ္တ​သက်​သက်၊ အ​န​တ္တ​သက်​သက်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​န​တ္တ​ဖြစ်​ကြ၏။ 3လူ​သည် နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ 4လူ​တစ်​ဆက် လွန်​သွား၏။ တစ်​ဆက်​ပေါ်​လာ၏။ မြေ​ကြီး​မူ​ကား အ​စဉ်​အ​မြဲ​တည်၏။ 5နေ​လည်း ထွက်​လျက်​ဝင်​လျက်၊ ထွက်​ရာ​အ​ရပ်​သို့ တစ်​ဖန်​ပြေး​လျက်၊ တောင်​လမ်း​သို့​လိုက်၍၊ တစ်​ဖန် မြောက်​လမ်း​သို့ ပြန်​လည်​တတ်၏။ 6လေ​သည်​လည်း အ​စဉ်​လည်​သွား၍၊ လည်​ပြီး​သော​အ​ရပ်​သို့ တစ်​ဖန် ပြန်၍​လည်​ပြန်​တတ်၏။ 7ခပ်​သိမ်း​သော မြစ်​တို့​သည် ပင်​လယ်​ထဲ​သို့ ရောက်​ကြ၏။ သို့​သော်​လည်း၊ ပင်​လယ်​သည် မ​ပြည့်​တတ်။ မြစ်​ရေ​သည် စီး​ထွက်​ရာ​အ​ရပ်​သို့ တစ်​ဖန်​ပြန်​သွား​တတ်၏။ 8ခပ်​သိမ်း​သော​အ​ရာ​တို့​သည် လူ​မ​ပြော​နိုင်​အောင် ပင်​ပန်း​ခြင်း​နှင့် ယှဉ်​ကြ၏။ မျက်​စိ​သည်​မြင်၍ မ​ကုန်​တတ်။ နား​သည်​လည်း ကြား၍​မ​ဝ​တတ်။ 9ဖြစ်​ဖူး​သော​အ​ရာ​သည် ဖြစ်​လ​တ္တံ့​သော​အ​ရာ​နှင့် တူ၏။ ယ​ခု​ပြု​သော​အ​မှု​သည် ပြု​လ​တ္တံ့​သော​အ​မှု​နှ​င့်​တူ၏။ နေ​အောက်​မှာ အ​သစ်​သော​အ​မှု​အ​ရာ​မ​ရှိ။ 10ကြည့်​ပါ။ အ​သစ်​ဖြစ်၏​ဟု​ဆို​ရ​သော အ​မှု​အ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သ​လော။ ထို​အ​မှု​အ​ရာ​သည် ငါ​တို့​အ​ရင်၊ ရှေး​ကာ​လ၌ ဖြစ်​ဖူး​ပြီ။ 11ရှေး​ဖြစ်​ဖူး​သော​အ​မှု​အ​ရာ​တို့​ကို မေ့​လျော့​တတ်၏။ နောက်​ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို​လည်း၊ ထို​အ​မှု​အ​ရာ​နောက်၌ ဖြစ်​လ​တ္တံ့​သော​သူ​တို့​သည် မေ့​လျော့​ကြ​လိမ့်​မည်။
ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​အ​တွေ့​အ​ကြုံ
12ငါ​ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​စဉ်​တွင်၊ 13မိုး​ကောင်း​ကင်​အောက်၌ ပြု​သ​မျှ​တို့​ကို ဉာဏ်​ပ​ညာ​အား​ဖြင့်၊ ရှာ​ဖွေ​စစ်​ဆေး​ခြင်း​ငှာ နှ​လုံး​ထား၏။ လူ​သား​တို့ ကျင်​လည်​ရာ​ဖို့ ထို​ပင်​ပန်း​စေ​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။ 14နေ​အောက်​မှာ ပြု​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​ငါ​မြင်​ပြီ။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု ဖြစ်​ကြ၏။ 15ကောက်​သော​အ​ရာ​ကို မ​ဖြောင့်​စေ​နိုင်။ ချို့​တဲ့​သော​အ​ရာ​ကို မ​ရေ​တွက်​ရာ။ 16ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ ပြော​ဆို​သည်​ကား၊ ငါ​သည် ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက် ကြီး​မြင့်၍ ပ​ညာ​ရှိ၏။ အ​ကယ်​စင်​စစ် ငါ့​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​များ​ကို အ​ထူး​သ​ဖြင့် လေ့​ကျက်၏။#၃​ရာ၊ ၄း၂၉-၃၁။ 17ပ​ညာ​တ​ရား​ကို​လည်း​ကောင်း၊ လျှပ်​ပေါ်​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍ သိ​အံ့​သော​ငှာ ငါ​သည်​နှ​လုံး​ထား၏။ ထို​အ​မှု​သည်​လည်း၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်​သည်​ကို ရိပ်​မိ၏။ 18အ​ကြောင်း​မူ​ကား၊ ပ​ညာ​များ​လျှင်၊ ငြို​ငြင်​စ​ရာ​အ​ကြောင်း​များ၏။ သိ​ပ္ပံ​အ​တတ် တိုး​ပွား​သော​သူ​သည် ဝမ်း​နည်း​ခြင်း တိုး​ပွား​တတ်၏။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။