YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 1:12-18

ဒေသနာ 1:12-18 JBMLE

ငါ​ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​စဉ်​တွင်၊ မိုး​ကောင်း​ကင်​အောက်၌ ပြု​သ​မျှ​တို့​ကို ဉာဏ်​ပ​ညာ​အား​ဖြင့်၊ ရှာ​ဖွေ​စစ်​ဆေး​ခြင်း​ငှာ နှ​လုံး​ထား၏။ လူ​သား​တို့ ကျင်​လည်​ရာ​ဖို့ ထို​ပင်​ပန်း​စေ​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။ နေ​အောက်​မှာ ပြု​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​ငါ​မြင်​ပြီ။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု ဖြစ်​ကြ၏။ ကောက်​သော​အ​ရာ​ကို မ​ဖြောင့်​စေ​နိုင်။ ချို့​တဲ့​သော​အ​ရာ​ကို မ​ရေ​တွက်​ရာ။ ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ ပြော​ဆို​သည်​ကား၊ ငါ​သည် ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက် ကြီး​မြင့်၍ ပ​ညာ​ရှိ၏။ အ​ကယ်​စင်​စစ် ငါ့​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​များ​ကို အ​ထူး​သ​ဖြင့် လေ့​ကျက်၏။ ပ​ညာ​တ​ရား​ကို​လည်း​ကောင်း၊ လျှပ်​ပေါ်​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍ သိ​အံ့​သော​ငှာ ငါ​သည်​နှ​လုံး​ထား၏။ ထို​အ​မှု​သည်​လည်း၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်​သည်​ကို ရိပ်​မိ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​များ​လျှင်၊ ငြို​ငြင်​စ​ရာ​အ​ကြောင်း​များ၏။ သိ​ပ္ပံ​အ​တတ် တိုး​ပွား​သော​သူ​သည် ဝမ်း​နည်း​ခြင်း တိုး​ပွား​တတ်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။