YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 8

8
အ​ပိုင်​ရ​မ​ည့်​ပြည်​သာ​ယာ
1သင်​သည် အ​သက်​ရှင်၍ များ​ပြား​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွား၍ ဝင်​စား​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သော ပ​ညတ်​အ​လုံး​စုံ​တို့​ကို ကျင့်​ဆောင်​အံ့​သော​ငှာ သ​တိ​ပြု​ရ​မည်။ 2သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။ 3ထို​သို့ သင့်​ကို​နှိမ့်​ချ၍ အ​ငတ်​အ​မွတ်​ခံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် ကိုယ်​တိုင်​မ​သိ၊ သင်၏​ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် ကျွေး​မွေး​တော်​မူ​သ​ဖြင့်၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​မွေး​ရ​သည်​ကို သိ​စေ​တော်​မူ၏။#မ၊ ၄:၄။ လု၊ ၄:၄။ 4လွန်​ခဲ့​ပြီး​သော​အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​ဝတ်​သော​အ​ဝတ် မ​ဟောင်း​မ​နွမ်း၊ သင့်​ခြေ​လည်း မ​ပွန်း​မ​ရောင်။ 5အ​ဘ​သည် သား​ကို​ဆုံး​မ​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆုံး​မ​တော်​မူ​သည်​ကို စိတ်​ထဲ​မှာ​အောက်​မေ့​ရ​မည်။ 6သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​လမ်း​သို့ လိုက်၍၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ဖြင့် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ရ​မည်။ 7အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​ပြည်၊ ချိုင့်​ထဲ၊ တောင်​ထဲ​က​ပေါက်​သော​မြစ်၊ ချောင်း၊ စမ်း​ရေ​တွင်း၊ ရေ​ကန်​များ​နှင့် ပြည့်​စုံ​သော​ပြည်၊ 8ဂျုံ၊ မု​ယော၊ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်​နှင့် ပြည့်​စုံ​သော​ပြည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊ 9ဘာ​မျှ​မ​လို​ဘဲ ဝ​စွာ​စား​ရ​သော​ပြည်၊ သံ​ကျောက်​နှင့်​ပြည့်​စုံ၍၊ တောင်​ထဲ​က​ကြေး​နီ​ကို တူး​ရ​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွား​တော်​မူ၏။ 10ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် ဝ​စွာ​စား​ရ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​မည်။
ထာ​ဝ​ရ​ဘု​ရား​အား​မ​မေ့​လျော့​ရန်
11ယ​နေ့​ငါ​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို သင်​သည်​မ​စောင့်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​သော​အ​ပြစ်​ကို သ​တိ​နှင့်​ရှောင်​လော့။#ဟော၊ ၁၃:၅-၆။ 12သင်​သည်​ဝ​စွာ​စား၍ ကောင်း​သော​အိမ်​ကို ဆောက်​လျက်​နေ​ရ​စဉ်၊ 13သင်၏​သိုး​နွား၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဥ​စ္စာ​မျိုး​များ​ပြား​စဉ်​အ​ခါ၊ 14သင်​သည် မာ​န​ထောင်​လွှား​ခြင်း​သို့ ရောက်၍၊ အ​ထက်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ထ​သော၊ 15မီး​မြွေ၊ ကင်း​မြီး​ကောက်​များ၍၊ ရေ​မ​ရှိ၊ အ​ငတ်​ခံ​ရာ​အ​ရပ်၊ ကြောက်​မက်​ဖွယ်​သော တော​ကြီး​အ​လယ်၌ သင့်​ကို​ပို့​ဆောင်၍ မီး​ပါ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​တော်​မူ​ထ​သော၊ 16သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့၍၊ 17ငါ့​တန်​ခိုး၊ ငါ့​လက်​သ​တ္တိ​အား​ဖြင့် ဤ​စည်း​စိမ်​ကို​ငါ​ရ​တတ်​သည်​ဟု စိတ်​ထဲ​မှာ အောက်​မေ့​ခြင်း​အ​ပြစ်​ကို သ​တိ​နှင့်​ကြဉ်​ရှောင်​လော့။ 18သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ အောက်​မေ့​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို ယ​နေ့​ကဲ့​သို့ တည်​စေ​လို​သော​ငှာ၊ စည်း​စိမ်​ရ​တတ်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၏။ 19သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​မေ့​လျော့​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ ပျက်​စီး​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သည် သင့်​တစ်​ဖက်၌​သက်​သေ​ခံ၏။ 20သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​များ​ကဲ့​သို့၊ ထို​နည်း​တူ သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။