YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 1:20-40

တရားဟောရာ 1:20-40 JBMLE

ထို​အ​ခါ​ငါ​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အာ​မော​ရိ​တောင်​သို့ သင်​တို့​သည်​ရောက်​ကြ​ပြီ။ သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို သင်​တို့​ရှေ့​မှာ ထား​တော်​မူ​ပြီ။ သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ တက်​သွား၍ သိမ်း​ယူ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​လည်း​မ​ပျက်​ကြ​နှင့်​ဟု ပြော​ဆို၏။ ထို​အ​ခါ သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ထံ​သို့​ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​ရှေ့၌ လူ​တို့​ကို​စေ​လွှတ်​ပါ​မည်။ သူ​တို့​သည် ထို​ပြည်​ကို​စူး​စမ်း​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​လမ်း​သို့​သွား​လျှင် အ​ဘယ်​မြို့​သို့​ရောက်​ရ​မည်​ကို ကြား​ပြော​ကြ​ပါ​လိမ့်​မည်​ဟု၊ လျှောက်​ဆို​သော​စ​ကား​ကို ငါ​နှစ်​သက်၍၊ သင်​တို့​တွင် တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​ပေါင်း​တစ်​ကျိပ်​နှစ်​ယောက်​တို့​ကို ရွေး​ထား၏။ ထို​သူ​တို့​သည် တောင်​ပေါ်​သို့​လှည့်​သွား၍၊ ဧ​ရှ​ကော​လ​ချိုင့်​သို့​ရောက်​သ​ဖြင့် စူး​စမ်း​ကြ၏။ ထို​ပြည်၌​ရ​သော သစ်​သီး​ကို​ထမ်း၍ ဆောင်​ခဲ့​လျက်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သည် ကောင်း​သော​ပြည်​ဖြစ်၏​ဟု ကြား​ပြော​ကြ​သော်​လည်း၊ သင်​တို့​သည်​မ​သွား​ဘဲ၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​ဆန်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​မုန်း၍ ဖျက်​ဆီး​ချင်​သော​ကြောင့်၊ အာ​မော​ရိ​လူ​တို့ လက်၌​အပ်​လို​သော​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​တ​ကား။ ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။ ထို​အ​ခါ​ငါ​က၊ မ​ထိတ်​လန့်​ကြ​နှင့်၊ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​မျက်​မှောက်၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ သင်​တို့​လိုက်​လာ​သော လမ်း​တစ်​လျှောက်​လုံး၊ ဤ​အ​ရပ်​တိုင်​အောင် အ​ဘ​သည် သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ချီ​ပိုက်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ခံ​ရာ တော၌​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​ပြု​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ဆို​သော်​လည်း၊ သင်​တို့​တဲ​စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သင်​တို့​သွား​လ​တ္တံ့​သော​လမ်း​ကို ပြ​ခြင်း​ငှာ၊ ည​အ​ခါ မီး၌​လည်း​ကောင်း၊ နေ့​အ​ခါ မိုး​တိမ်၌​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ထို​အ​မှု၌ သင်​တို့​မ​ယုံ​ကြ​ပါ​တ​ကား။ သင်​တို့​စ​ကား​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား၍ အ​မျက်​တော်​ထွက်​လျက်၊ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကောင်း​ကို၊ ယေ​ဖု​န္နာ၏​သား ကာ​လက်​မှ​တစ်​ပါး၊ ဤ​ဆိုး​သော​လူ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ ဆက်​ဆက်​မ​မြင်​ရ။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် မြင်​ရ၏။ သူ​နင်း​သော​ပြည်​ကို သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ငါ​ပေး​မည်​ဟု ကျိန်​ဆို​တော်​မူ၏။ သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လည်း​အ​မျက်​တော်​ထွက်၍၊ သင်​သည် ထို​ပြည်​သို့​မ​ဝင်​စား​ရ။ သင့်​လက်​ထောက် နုန်၏​သား​ယော​ရှု​သည် ဝင်​စား​ရ​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​မွေ​ခံ​စေ​မည့်​သူ​ဖြစ်​သော​ကြောင့်၊ သူ့​ကို​အား​ပေး​လော့။ ရန်​သူ​လု​ယူ​ရာ​ဖြစ်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​များ၊ ထို​အ​ခါ ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား​မ​သိ​နိုင်​သေး​သော သား​သ​မီး​များ​တို့​သည် ထို​ပြည်​ကို ဝင်​စား၍၊ ငါ​ပေး​သည်​အ​တိုင်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ လှည့်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။