YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 11

11
1ငါ​သည်​လည်း မေ​ဒိ​အ​မျိုး ဒါ​ရိ​မင်း​ကြီး​နန်း​စံ ပ​ထ​မ​နှစ်​တွင် သူ့​ကို​နှိုး​ဆော်၍ ခိုင်​ခံ့​မြဲ​မြံ​စေ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လေ၏။
တောင်​ရှင်​ဘု​ရင်​နှင့်​မြောက်​ရှင်​ဘု​ရင်
2ယ​ခု​မူ​ကား၊ မှန်​သော​အ​ရာ​ကို ငါ​ပြ​မည်။ ပေ​ရ​သိ​နိုင်​ငံ​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​သုံး​ပါး ပေါ်​လေ​ဦး​မည်။ စ​တု​တ္ထ​ရှင်​ဘု​ရင်​မူ​ကား၊ ထို​သူ​ရှိ​သ​မျှ​တို့​ထက် ငွေ​ရ​တတ်​လိမ့်​မည်။ ထို​သို့​ရ​တတ်၍ အား​ကြီး​သော​ကြောင့်၊ ဟေ​လ​သ​နိုင်​ငံ​ကို ရန်​ဘက်​ပြု​စေ​ခြင်း​ငှာ၊ ခပ်​သိမ်း​သော သူ​တို့​ကို နှိုး​ဆော်​လိမ့်​မည်။ 3ထို​အ​ခါ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တစ်​ပါး​လည်း ပေါ်​လာ​လိမ့်​မည်။ အာ​ဏာ​တော်​ကြီး​လျက် အ​စိုး​ရ၍ မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း ပြု​လိမ့်​မည်။ 4ထို​သူ​သည် ပေါ်​လာ​ပြီး​မှ နိုင်​ငံ​တော်​ကျိုး​ပဲ့၍ သူ​တစ်​ပါး​တို့​သည် မိုး​ကောင်း​ကင်​လေး​မျက်​နှာ​တို့၌ ခွဲ​ဝေ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​စိုး​ရ​သော သူ​တို့​သည် အ​မျိုး​အ​နွယ်​တော်​မ​ဟုတ်။ အာ​ဏာ​တော်​နှင့် အ​စိုး​မ​ရ၊ နိုင်​ငံ​တော်​ကို နုတ်​ပစ်၍ အ​မျိုး​အ​နွယ်​တော်​မှ​တစ်​ပါး အ​ခြား​သော သူ​တို့​သည် ရ​ကြ​လိမ့်​မည်။
5ထို​အ​ခါ တောင်​ရှင်​ဘု​ရင်​သည် တန်​ခိုး​ကြီး​လိမ့်​မည်။ မင်း​စု​ထဲ၌ မင်း​တစ်​ပါး​သည် ထို​သူ​ထက်​တန်​ခိုး​ကြီး၍ အာ​ဏာ​တည်​လိမ့်​မည်။ သူ၏​အာ​ဏာ​လည်း အ​လွန်​ကျယ်​လိမ့်​မည်။ 6ကာ​လ​လွန်​သော​အ​ခါ သူ​တို့​သည် အ​ဆွေ​ဖွဲ့​ကြ​လိမ့်​မည်။ အ​သင့်​အ​တင့်​ဖြစ်​စေ​ခြင်း​ငှာ တောင်​ရှင်​ဘု​ရင်၏​သ​မီး​သည် မြောက်​ရှင်​ဘု​ရင်​ထံ​သို့ ရောက်​လိမ့်​မည်။ သို့​သော်​လည်း၊ ထို​မင်း​သ​မီး၏​အာ​ဏာ​သည် မ​တည်​ရ။ ထို​မင်း​နှင့်​တ​ကွ အ​မျိုး​အ​နွယ်​တော်​သည်​လည်း မ​တည်​ရ။ မင်း​သ​မီး​ကို​လည်း​ကောင်း၊ ဆောင်​ခဲ့​သော​သူ​တို့​ကို​လည်း​ကောင်း၊ သူ၏​သား​ကို​လည်း​ကောင်း၊ ထို​ကာ​လ၌ သူ့​ကို​ထောက်​ပင့်​သော သူ​များ​ကို​လည်း​ကောင်း ဆုံး​ရှုံး​ခြင်း​သို့ အပ်​ရ​လိမ့်​မည်။ 7ထို​မင်း​သ​မီး၏ အ​ဆွေ​အ​မျိုး​ဖြစ်​သော သူ​တစ်​ယောက်​သည် အ​ဘ၏​အ​ရိုက်​အ​ရာ​ကို​ရ​သ​ဖြင့် စစ်​ချီ၍ လာ​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်၏ မြို့​တော်​သို့​ရောက်​လျှင်၊ မြို့​သား​တို့​ကို တိုက်၍​နိုင်​လိမ့်​မည်။ 8သူ​တို့၏​ဘု​ရား​များ၊ သွန်း​သော​ရုပ်​တု​များ၊ အ​ဖိုး​ထိုက်​သော​ငွေ​ဖ​လား၊ ရွှေ​ဖ​လား​များ​ကို အဲ​ဂု​တ္တု​ပြည်​သို့ သိမ်း​သွား​လိမ့်​မည်။ သူ​သည်​လည်း မြောက်​ရှင်​ဘု​ရင်​ထက် အ​သက်​ရှည်​လိမ့်​မည်။ 9တစ်​ဖန် မြောက်​ရှင်​ဘု​ရင်​သည် တောင်​ရှင်​ဘု​ရင်၏​နိုင်​ငံ​သို့​ဝင်​သော်​လည်း မိ​မိ​ပြည်​သို့ ပြန်​သွား​ရ​လိမ့်​မည်။
10သား​တော်​တို့​သည် ထ​ပြန်၍ များ​စွာ​သော အ​လုံး​အ​ရင်း​ကို စု​ဝေး​ကြ​လိမ့်​မည်။ သား​တစ်​ယောက်​လည်း ဆက်​ဆက်​လာ၍ လွှမ်း​မိုး​ချင်း​နင်း​လိမ့်​မည်။ တစ်​ဖန် ပြန်​လာ၍ သူ၏​မြို့​တိုင်​အောင် လုပ်​ကြံ​လိမ့်​မည်။ 11တောင်​ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်​သ​ဖြင့်၊ မြောက်​ရှင်​ဘု​ရင်​ကို ဆီး​ကြို၍ တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည် များ​စွာ​သော စစ်​သည်​ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​တို့​ကို စီ​ရင်​သော်​လည်း၊ တောင်​ရှင်​ဘု​ရင်​သည် ထို​အ​လုံး​အ​ရင်း​တို့​ကို သိမ်း​ယူ​လိမ့်​မည်။ 12ထို​အ​လုံး​အ​ရင်း​တို့​ကို ပယ်​ရှင်း​ပြီး​မှ မာ​န​စိတ်​ပေါက်​လျက်၊ အ​ထောင်​အ​သောင်း​မ​က များ​စွာ​သော လူ​တို့​ကို လုပ်​ကြံ​သော်​လည်း၊ မိ​မိ​အာ​ဏာ​ကို မ​တည်​စေ​ရ။ 13အ​ကြောင်း​မူ​ကား၊ မြောက်​ရှင်​ဘု​ရင်​သည် တစ်​ဖန်​ပေါ်​လာ၍၊ အ​ရင်​ထက်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​ကို စီ​ရင်​ပြီး​မှ ကာ​လ​အ​တန်​အ​ရာ​လွန်​လျှင်၊ စစ်​အင်္ဂါ​များ၊ စည်း​စိမ်​များ​နှင့် ဆက်​ဆက်​လာ​လိမ့်​မည်။ 14ထို​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် များ​ကြ​လိမ့်​မည်။ သင်၏​အ​မျိုး​သား​ချင်း​ဖြစ်​သော သူ​ပုန်​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ​ထ၍၊ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ 15မြောက်​ရှင်​ဘု​ရင်​သည်​လာ၍ မြို့​ရိုး​ကို တည်​ပြီး​လျှင် ခိုင်​ခံ့​သော မြို့​တို့​ကို လုပ်​ကြံ​လိမ့်​မည်။ တောင်​ရှင်​ဘု​ရင်၏ လက်​နက်​များ၊ ရွေး​ချယ်​သော​လူ​များ​တို့​သည် ဆီး​တား​ခြင်း​ငှာ ခွန်​အား​မ​ရှိ​သော​ကြောင့် မ​ဆီး​တား​ရ​ကြ။ 16တိုက်​လာ​သော​သူ​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ သူ့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ဘဲ၊ သာ​ယာ​သော​ပြည်​ကို​နင်း​ပြီး​မှ စုံ​လင်​စေ​လိမ့်​မည်။ 17ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​လျက် ထို​မင်း​သည် မိ​မိ​နိုင်​ငံ၏ အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ဝင်​စား​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်၍၊ မိန်း​မ​ငယ်​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ငှာ ပေး​စား​လိမ့်​မည်။ သို့​သော်​လည်း သူ​သည် အ​ကြံ​မ​မြောက်၊ အ​ကျိုး​မ​ရှိ​ရ။ 18တစ်​ဖန် ကျွန်း​စု​သို့ မျက်​နှာ​လှည့်၍ ကျွန်း​အ​များ​တို့​ကို လုပ်​ကြံ​လိမ့်​မည်။ သို့​ရာ​တွင်၊ ဗိုလ်​မင်း​တစ်​ပါး​သည် မိ​မိ​ခံ​ရ​သော အ​သ​ရေ​ဖျက်​ခြင်း​ကို မိ​မိ​မှ​လွှဲ​ပယ်၍၊ ထို​အ​သ​ရေ​ဖျက်​ခြင်း​ကို တိုက်​လာ​သော မင်း​အ​ပေါ်​သို့ ပြန်​ရောက်​စေ​လိမ့်​မည်။ 19ထို​မင်း​သည်​လည်း မိ​မိ​နေ​ရာ​မြို့​တော်​သို့ ပြန်​သွား​ပြီး​လျှင် ထိ​မိ၍ လဲ​သ​ဖြင့် ကွယ်​ပျောက်​လိမ့်​မည်။
20ထို​မင်း​အ​ရာ၌​လည်း နိုင်​ငံ​တော်၏​ဘုန်း​စည်း​စိမ်​ကို ရှုတ်​ချ​လျက်၊ ငွေ​တော်​ခွဲ​သော​သူ​သည် ပေါ်​လာ၍ ခ​ဏ​ရှိ​ပြီး​မှ၊ ဒေါ​သ​အ​မျက်​မ​ထွက်၊ စစ်​မ​တိုက်​ဘဲ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။ 21ထို​သူ​အ​ရာ၌​လည်း မင်း​စည်း​စိမ်​ကို ခံ​ထိုက်​သော​သူ မ​ဟုတ်၊ ယုတ်​မာ​သော​သူ ပေါ်​လာ​လိမ့်​မည်။ သူ​သည် အ​နိုင်​အ​ထက်​မ​ပြု၊ ချော့​မော့​ခြင်း​အား​ဖြင့် နိုင်​ငံ​ကို​ရ​လိမ့်​မည်။ 22လွှမ်း​မိုး​သော လက်​နက်​တို့​သည် သူ​ရှေ့​မှာ​မြုပ်၍ ဆုံး​ရှုံး​လိမ့်​မည်။ မိတ်​သ​ဟာ​ယ​ခံ​သော မင်း​လည်း ဆုံး​ရှုံး​လိမ့်​မည်။ 23အ​ကြောင်း​မူ​ကား၊ မိတ်​သ​ဟာ​ယ​ပြု​သော​မင်း​သည် သ​စ္စာ​ပျက်​သ​ဖြင့်၊ တက်​လာ၍ လူ​အ​နည်း​ငယ်​မျှ ပါ​သော်​လည်း တန်​ခိုး​ကြီး​လိမ့်​မည်။ 24အ​သီး​အ​နှံ​များ​သော​ပြည်​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ဝင်​လိမ့်​မည်။ လု​ယူ​သော​ပ​စ္စည်း​ဥ​စ္စာ စည်း​စိမ်​များ​ကို စွန့်​ကြဲ၍၊ မိ​မိ​ဘိုး​ဘေး​မ​ပြု​ဖူး​သော အ​မှု​ကို ပြု​လိမ့်​မည်။ ခိုင်​ခံ့​သော မြို့​ပြ​တို့​ကို​ရ​ခြင်း​ငှာ တာ​ရှည်​စွာ ကြံ​စည်​လိမ့်​မည်။ 25ကြီး​စွာ​သော အ​လုံး​အ​ရင်း​နှင့်​တ​ကွ တောင်​ရှင်​ဘု​ရင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ မိ​မိ​အ​စွမ်း​သ​တ္တိ​ကို နှိုး​ဆော်​လိမ့်​မည်။ တောင်​ရှင်​ဘု​ရင်​သည်​လည်း၊ အား​ကြီး၍ များ​စွာ​သော အ​လုံး​အ​ရင်း​နှင့်​တ​ကွ စစ်​တိုက်​ခြင်း​ငှာ နှိုး​ဆော်​သော်​လည်း မ​ခံ​မ​ရပ်​နိုင်။ အ​ကြောင်း​မူ​ကား၊ သူ​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ကြ​လိမ့်​မည်။ 26ထို​သူ​ကျွေး​မွေး​ခြင်း​ကို ခံ​ရ​သော သူ​တို့​သည်​လည်း၊ ထို​သူ၏​အ​ကျိုး​ကို ဖျက်​ဆီး​သော​အား​ဖြင့်၊ သူ၏​တပ်​မြုပ်၍၊ စစ်​သူ​ရဲ​များ​တို့​သည် အ​သက်​ဆုံး​ကြ​လိမ့်​မည်။ 27ထို​ရှင်​ဘု​ရင် နှစ်​ပါး​တို့​သည် မ​ကောင်း​သော အ​ကြံ​ကို​ကြံ၍၊ တစ်​ခု​သော​စား​ပွဲ၌ မု​သား​စ​ကား​ကို ပြော​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​ကြံ​မ​မြောက်​ရ။ ချိန်း​ချက်​သော အ​ချိန်​ကာ​လ၌ အ​ဆုံး​ဖြစ်​ရ​လိမ့်​မည်။ 28တစ်​ဖန် မြောက်​ရှင်​ဘု​ရင်​သည် များ​စွာ​သော စည်း​စိမ်​ဥ​စ္စာ​ပါ​လျက် မိ​မိ​ပြည်​သို့ ပြန်၍​သွား​စဉ်​တွင်၊ သန့်​ရှင်း​သော ပ​ဋိ​ညာဉ်​တ​ရား​ကို မ​နာ​လို​သော​စိတ်​ရှိ​သည်​အ​တိုင်း ပြု​ပြီး​မှ မိ​မိ​ပြည်​သို့ ပြန်​သွား​လိမ့်​မည်။ 29ချိန်း​ချက်​သော အ​ချိန်၌​လည်း တောင်​မျက်​နှာ​သို့ တစ်​ဖန်​ပြန်​လာ​ဦး​မည်။ သို့​သော်​လည်း၊ အ​ရင်​ဖြစ်​သ​ကဲ့​သို့​မ​ဟုတ်။ နောက်​ဖြစ်​သ​ကဲ့​သို့​လည်း မ​ဟုတ်။ 30အ​ကြောင်း​မူ​ကား ခိ​တ္တိမ်​သင်္ဘော​တို့​သည် ထို​သူ​ကို ဆီး​တား​ကြ​လိမ့်​မည်။ ထို​ကြောင့် စိတ်​နာ​လျက် ပြန်​သွား၍ သန့်​ရှင်း​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အ​မျက်​ထွက်​သည်​အ​တိုင်း ပြု​ပြီး​မှ ပြန်​သွား​စဉ်​တွင် သန့်​ရှင်း​သော ပ​ဋိ​ညာဉ်​တ​ရား​ကို စွန့်​ပစ်​သော​သူ​တို့​နှင့် အ​ဆွေ​ဖွဲ့​လိမ့်​မည်။
31ထို​မင်း​နောက်​မှ စစ်​လက်​နက်​တို့​သည် ပေါ်​လာ​သ​ဖြင့်၊ တန်​ခိုး​ကြီး​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ၍၊ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း​ကြ​လိမ့်​မည်။ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​ကို​လည်း တည်​ထား​ကြ​လိမ့်​မည်။#ဒံ၊ ၉:၂၇၊ ၁၂:၁၁။ မ၊ ၂၄:၁၅။ မာ၊ ၁၃:၁၄။ 32ပ​ဋိ​ညာဉ်​တ​ရား​ကို ပြစ်​မှား​သော​သူ​တို့​သည် ချော့​မော့​ရာ​သို့ လိုက်၍ ယို​ယွင်း​ကြ​လိမ့်​မည်။ မိ​မိ​တို့ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​တို့​မူ​ကား၊ ကြီး​စွာ​သော​အား​နှင့် ပြု​ကြ​လိမ့်​မည်။ 33လူ​စု​ထဲ​မှာ ပ​ညာ​ရှိ​သော​သူ​တို့​သည် အ​များ​သော သူ​တို့​ကို သွန်​သင်​ကြ​ရ​လိမ့်​မည်။ ဓား​နှင့်​ကွပ်​မျက်​ခြင်း၊ မီး​ရှို့​ခြင်း၊ သိမ်း​သွား​ချုပ်​ထား​ခြင်း၊ လု​ယက်​ခြင်း​အား​ဖြင့် အင်​တန်​ကာ​လ​ပတ်​လုံး လဲ​ကြ​လိမ့်​မည်။ 34လဲ​ကြ​သော​အ​ခါ အ​နည်း​ငယ်​သော မ​စ​ခြင်း​ကို တစ်​ဖန်​ခံ​ရ​ကြ​လိမ့်​မည်။ လူ​အ​များ​တို့​သည် ချော့​မော့​ရာ​သို့​လိုက်၍ ဆည်း​ကပ်​ကြ​လိမ့်​မည်။ 35အ​မှု​ဆုံး​ရ​သည် ကာ​လ​တိုင်​အောင်၊ ပ​ညာ​ရှိ​သော​သူ အ​ချို့​တို့​သည်​လည်း စုံ​စမ်း​ခြင်း​ကို​ခံ၍၊ သန့်​ရှင်း​ဖြူ​စင်​ရ​မည် အ​ကြောင်း လဲ​ကြ​လိမ့်​မည်။ ထို​အ​မှု​သည် ချိန်း​ချက်​သော ကာ​လ​တိုင်​အောင် ဖြစ်​ရ​သ​တည်း။
36ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။#၂ သက်၊ ၂:၃-၄။ ဗျာ၊ ၁၃:၅-၆။ 37ထို​မင်း​သည် ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ဘု​ရား​ကို​လည်း​ကောင်း၊ မိန်း​မ၌ တပ်​မက်​သော အ​လို​ကို​လည်း​ကောင်း၊ တစ်​ပါး​သော ဘု​ရား​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု။ သူ​တ​ကာ​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​လိမ့်​မည်။ 38ထို​ဘု​ရား​အ​ရာ၌ ရဲ​တိုက်​တို့၏​ဘု​ရား​နှင့်၊ ဘိုး​ဘေး​တို့​မ​သိ​သော​ဘု​ရား​ကို ချီး​မြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ပူ​ဇော်​လိမ့်​မည်။ 39ခိုင်​ခံ့​သော ရဲ​တိုက်​များ​ကို​လည်း​ကောင်း၊ မိ​မိ​ဝန်​ခံ​သော တစ်​ပါး​အ​မျိုး​သား​ဘု​ရား​ကို​လည်း​ကောင်း ပြု​စု၍ ဂုဏ်​အ​သ​ရေ တိုး​ပွား​စေ​လိမ့်​မည်။ လူ​များ​တို့​အ​ပေါ်​မှာ အုပ်​စိုး​ရ​သော​အ​ခွင့်​ကို​ပေး၍ စီး​ပွား​ဖြစ်​ခြင်း​အ​လို​ငှာ မြေ​ကို​ဝေ​ဖန်​လိမ့်​မည်။
40အ​မှု​ကုန်​ရ​သည်​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​သည် ထို​မင်း​ကို တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည်​လည်း ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ၊ သင်္ဘော​များ​တို့​နှင့်​တ​ကွ လေ​ပွေ​ကဲ့​သို့ တိုက်​လာ​လျက်၊ ထို​ပြည်​တို့​ကို ဝင်၍ ချင်း​နင်း​လွှမ်း​မိုး​လိမ့်​မည်။ 41သာ​ယာ​သော​ပြည်​ကို​လည်း ဝင်၍ အ​များ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​လက်​မှ လွတ်​သော​သူ​ဟူ​မူ​ကား၊ ဧ​ဒုံ​ပြည်​သား၊ မော​ဘ​ပြည်​သား၊ အ​မ္မုန်​အ​မျိုး​သား​အ​ကြီး​တို့​သည် လွတ်​ကြ​လိမ့်​မည်။ 42ထို​မင်း​သည် အ​ပြည်​ပြည်​တို့​ကို အောင်​မြင်​ရ​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​လည်း မ​လွတ်​ရ။ 43ထို​ပြည်​မှာ​ရှိ​သော ရွှေ​ဘ​ဏ္ဍာ၊ ငွေ​ဘ​ဏ္ဍာ၊ အ​ဖိုး​ထိုက်​သော ဥ​စ္စာ​များ​ကို အ​ပိုင်​ရ​လိမ့်​မည်။ လိ​ဗု​ပြည်​သား​နှင့် ကု​ရှ​ပြည်​သား​တို့​သည် သူ့​နောက်​သို့ လိုက်​ရ​ကြ​လိမ့်​မည်။ 44သို့​ရာ​တွင် သူ​သည် အ​ရှေ့​မျက်​နှာ၊ မြောက်​မျက်​နှာ​အ​ရပ်​မှ သ​တင်း​ကို​ကြား၍ စိတ်​ပူ​ပန်​သ​ဖြင့်၊ လူ​အ​များ​တို့​ကို ဖျက်​ဆီး​သုတ်​သင် ပယ်​ရှင်း​ခြင်း​ငှာ၊ ကြီး​စွာ​သော ဒေါ​သ​အ​မျက်​နှင့် ထွက်​သွား​လိမ့်​မည်။ 45ပင်​လယ်​ကြား​မှာ ဘုန်း​ကြီး၍ သန့်​ရှင်း​သော​တောင်​ပေါ်၌ စံ​ရာ​တဲ​တော်​ကို တည်​ဆောက်​ပြီး​လျှင် အ​ဘယ်​သူ​မျှ​မ​စ​ခြင်း​ငှာ မ​တတ်​နိုင်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဒံယေလ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။