YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 10

10
မြစ်​ကြီး​အ​နီး​၌​မြင်​သော​ရူ​ပါ​ရုံ
1ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု နန်း​စံ​သုံး​နှစ်​တွင်၊ ဗေ​လ​တ​ရှာ​ဇာ​အ​မည်​ဖြင့် သ​မုတ်​သော​ဒံ​ယေ​လ​သည် ဗျာ​ဒိတ်​တော်​ကို ခံ​ရ၏။ ထို​ဗျာ​ဒိတ်​တော်​စ​ကား မှန်​ပေ၏။ ကြီး​စွာ​သော စစ်​တိုက်​ခြင်း​နှင့် ဆိုင်​ပေ၏။ သူ​သည် ထို​စ​ကား​ကို​နား​လည်၏။ မြင်​ရ​သော ရူ​ပါ​ရုံ​သ​ဘော​ကို​လည်း ရိပ်​မိ၏။ 2ထို​ကာ​လ၌ ငါ​ဒံ​ယေ​လ​သည် အ​ရက်​နှစ်​ဆယ်​တစ်​ရက် တိုင်​တိုင် ခြိုး​ခြံ​စွာ ကျင့်​လျက်​နေ၏။ 3အ​ရက်​နှစ်​ဆယ်​တစ်​ရက် မ​စေ့​မီ မြိန်​သော​မုန့်​ကို​မ​စား။ အ​မဲ​သား​နှင့် စ​ပျစ်​ရည်​ကို မ​မြည်း။ ဆီ​လိမ်း​ခြင်း​ကို​လည်း အ​လျှင်း​မ​ပြု။ 4ပ​ထ​မ​လ နှစ်​ဆယ်​လေး​ရက်​နေ့၌ ငါ​သည် ဟိ​ဒ​ကေ​လ မြစ်​ကြီး​အ​နား​မှာ​ရှိ​စဉ်၊ 5မျှော်​ကြည့်၍ ပိတ်​ချော​နှင့် ဥ​ဖတ်​ရွှေ​စင်​ခါး​ပန်း​ကို ဝတ်​စည်း​လျက်​ရှိ​သော လူ​တစ်​ဦး​ကို​မြင်၏။#ဗျာ၊ ၁:၁၃-၁၅၊ ၂:၁၈၊ ၁၉:၁၂။ 6သူ၏​ကိုယ်​သည် ကျောက်​မျက်​ရွဲ​ကဲ့​သို့ ဖြစ်၏။ သူ့​မျက်​နှာ​သည်​လည်း လျှပ်​စစ်​ကဲ့​သို့ ထင်၏။ သူ့​မျက်​စိ​သည်​လည်း မီး​ခွက်​ကဲ့​သို့​ဖြစ်၏။ သူ့​လက်​ခြေ​တို့​သည် ဦး​သစ်​သော ကြေး​ဝါ​အ​ရောင်​အ​ဆင်း​ရှိ၏။ သူ့​စ​ကား​သံ​သည် များ​စွာ​သော လူ​စု​အ​သံ​နှင့် တူ၏။ 7ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​ဒံ​ယေ​လ​တစ်​ယောက်​တည်း မြင်​ရ၏။ ငါ​နှင့်​အ​တူ​ပါ​သော​လူ​တို့​သည် မ​မြင်​ရ​ကြ။ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သို့ ရောက်​သ​ဖြင့် ပုန်း​ရှောင်၍ နေ​ခြင်း​ငှာ ပြေး​ကြ၏။ 8ငါ​မူ​ကား၊ တစ်​ယောက်​တည်း​နေ​ရစ်၍ ထို​ကြီး​စွာ​သော ရူ​ပါ​ရုံ​ကို​မြင်​ရ​လျှင်၊ ခွန်​အား​လျော့၍ မျက်​နှာ​ပျက်​လျက်၊ ကိုယ်၌ အ​စွမ်း​သ​တ္တိ အ​လျှင်း​မ​ရှိ ဖြစ်​လေ၏။ 9သို့​ရာ​တွင်၊ ထို​သူ၏​စ​ကား​သံ​ကို ငါ​ကြား၏။ ကြား​သော​အ​ခါ မြေ​ပေါ်​မှာ​ပျပ်​ဝပ်၍ မိန်း​မော​တွေ​ဝေ​လျက် နေ၏။ 10ထို​အ​ခါ လက်​တစ်​ဖက်​သည် ငါ့​ကို​ကြွ၍၊ ငါ​သည် ဒူး​နှင့် လက်​ဝါး​ဖြင့် ထောက်​လျက်​နေ​ရ၏။ 11သူ​က​လည်း အ​လွန်​ချစ်​အပ်​သော​သူ၊ ဒံ​ယေ​လ၊ ငါ့​စ​ကား​ကို နား​လည်​အံ့​သော​ငှာ မတ်​တတ်​နေ​လော့။ သင်​ရှိ​ရာ​သို့ ငါ့​ကို​စေ​လွှတ်​တော်​မူ၍ ယ​ခု​ငါ​လာ​ပြီ​ဟု ဆို​လျှင်၊ ငါ​သည် တုန်​လှုပ်​လျက် မတ်​တတ်​နေ၏။
12ထို​အ​ခါ သူ​က​လည်း၊ အ​ချင်း​ဒံ​ယေ​လ၊ မ​ကြောက်​နှင့်။ သင်​သည် နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်၏ ဘု​ရား​ရှေ့​မှာ ကိုယ်​ကို​ကိုယ် ဆုံး​မ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​ပြ​ဌာန်း​သော ပ​ထ​မ​နေ့​မှ​စ၍ သင်၏​စ​ကား​ကို ကြား​တော်​မူ​ပြီ။ ထို​စ​ကား​ကြောင့်​လည်း ငါ​ရောက်​လာ​ပြီ။ 13ပေ​ရ​သိ​နိုင်​ငံ​ကို အ​စိုး​ရ​သော​မင်း​မူ​ကား၊ အ​ရက်​နှစ်​ဆယ်​တစ်​ရက်​ပတ်​လုံး ငါ့​ကို​ဆီး​တား၏။ နောက်​တစ်​ခါ အ​မြတ်​ဆုံး​သော မင်း​စု​ထဲ​က မိ​က္ခေ​လ​သည် ငါ့​ကို​အ​ကူ​လာ၍၊ ငါ​သည်​လည်း ထို​အ​ရပ်၌ ပေ​ရ​သိ​မင်း​ကြီး​တို့​ထံ​မှာ ဆိုင်း​လင့်၍ နေ​ရ၏။#ဗျာ၊ ၁၂:၇။ 14ယ​ခု​မူ​ကား၊ နောင်​ကာ​လ​တွင် သင်၏​အ​မျိုး​သား​ချင်း​တို့၌ ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို သင်​သည် နား​လည်​စေ​ခြင်း​ငှာ ငါ​ရောက်​လာ​ပြီ။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် တာ​ရှည်​သော​ကာ​လ​နှင့် ဆိုင်​ပေ၏​ဟု ငါ့​အား​ပြော​ဆို၏။ 15ထို​သို့ ပြော​ဆို​ပြီး​မှ၊ ငါ​သည် ဦး​ညွှတ်​ပျပ်​ဝပ်၍ စ​ကား​မ​ပြော​နိုင်​ဘဲ နေ၏။ 16ထို​အ​ခါ လူ​သား၏​သ​ဏ္ဌာန်​ရှိ​သော သူ​တစ်​ဦး​သည် ငါ့​နှုတ်​ကို လက်​နှင့်​တို့​လျှင်၊ ငါ​သည် နှုတ်​ကို​ဖွင့်၍ ပြော​ရ​သော​အ​ခွင့်​ကို ရ​ပြီး​လျှင်၊ အ​ကျွန်ုပ်၏​သ​ခင်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကြောင့် အ​ကျွန်ုပ်​သည် ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို ခံ​ရ၍၊ ကိုယ်၌ ခွန်​အား​အ​လျှင်း​မ​ရှိ​ပါ။ 17ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်​အ​ရှင်​နှင့် အ​ဘယ်​သို့​စ​ကား​ပြော​နိုင်​ပါ​အံ့​နည်း။ ယ​ခု​ပင် အ​ကျွန်ုပ်​ကိုယ်၌ ခွန်​အား​အ​လျှင်း​မ​ရှိ​ပါ။ အ​ကျွန်ုပ်​အ​သက်​လည်း ကုန်​ပါ​ပြီ​ဟု ငါ့​ရှေ့​မှာ ရပ်​နေ​သော​သူ​အား​ငါ​လျှောက်၏။ 18နောက်​တစ်​ဖန် လူ​သ​ဏ္ဌာန်​ရှိ​သော​သူ​သည်​လာ၍ ငါ့​ကို လက်​နှင့်​တို့​လျက် အား​ပေး​ပြီး​လျှင်၊ 19အ​လွန်​ချစ်​အပ်​သော​သူ၊ မ​ကြောက်​နှင့်။ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ အား​ရှိ​လော့။ ခွန်​အား​နှင့်​ပြည့်​စုံ​လော့​ဟု ဆို၏။ ထို​သို့​ဆို​ပြီး​မှ ခွန်​အား​ကို​ငါ​ရ၍၊ အ​ကျွန်ုပ်၏​သ​ခင်၊ မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို​ခွန်​အား​ပေး​တော်​မူ​ပြီ​ဟု လျှောက်၏။ 20ထို​သူ​က​လည်း၊ ငါ​သည် သင်​ရှိ​ရာ​သို့ လာ​ရ​သော အ​ကြောင်း​ကို နား​လည်​သ​လော။ ပေ​ရ​သိ​မင်း​ကို စစ်​တိုက်​အံ့​သော​ငှာ ယ​ခု ငါ​ပြန်​သွား​ရ​မည်။ ငါ​သွား​ပြီး​သည်​နောက်၊ တစ်​ဖန်​ဟေ​လ​သ​မင်း​သည် ပေါ်​လာ​လိမ့်​မည်။ 21သို့​ရာ​တွင် သ​မ္မာ​ကျမ်း​စာ၌​မှတ်​သား​သော အ​မှု​အ​ရာ​ကို ငါ​ပြ​ဦး​မည်။ ဤ​အ​မှု​တို့​တွင် သင်​တို့၏​မင်း​မိ​က္ခေ​လ​မှ​တစ်​ပါး ငါ့​ဘက်​မှာ​နေ​သော​သူ မ​ရှိ။

လက်ရှိရွေးချယ်ထားမှု

ဒံယေလ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။