YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 5

5
အာ​န​နိ​နှ​င့် ရှ​ဖိ​ရေ
1သို့​ရာ​တွင် အာ​န​နိ​နှင့် ရှ​ဖိ​ရေ​အ​မည်​ရှိ​သော လင်​မ​ယား​နှစ်​ယောက်​တို့​မူ​ကား၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ရောင်း​ပြီး​လျှင်၊- 2ထို​သူ​သည် မိ​မိ​ခင်​ပွန်း​နှင့်​သ​ဘော​တူ​လျက်၊ အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​သ​ဖြင့်၊ တစ်​ဖို့​ကို​သာ​ယူ​ဆောင်​ခဲ့၍ တ​မန်​တော်​တို့၏ ခြေ​ရင်း၌ ထား​လေ၏။- 3ပေ​တ​ရု​က​လည်း၊ အာ​န​နိ၊ သင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို လှည့်​စား၍၊ မြေ​ကို​ရောင်း​သော အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​မည်​အ​ကြောင်း၊ စာ​တန်​သည် သင်၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ပြည့်​စေ​ရ​သ​နည်း။- 4ထို​မြေ​ရှိ​စဉ်​တွင် ကိုယ်​ပိုင်​သည် မ​ဟုတ်​လော။ ရောင်း၍​ရ​သော အ​ဖိုး​သည် ကိုယ်​ဥ​စ္စာ​ဖြစ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် ဤ​သို့​ကြံ​စည်​သ​နည်း။ လူ​ကို​သာ မု​သား​ပြော​ပြီ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​လည်း မု​သား​ပြော​ပြီ​ဟု ပေ​တ​ရု​ဆို၏။- 5ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​န​နိ​သည် လဲ၍​သေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။- 6လု​လင်​တို့​သည်​လည်း​ထ၍ အ​လောင်း​ကောင်​ကို အ​ဝတ်​နှင့် ပတ်​ရစ်​ပြီး​လျှင် ဆောင်​သွား၍ သင်္ဂြိုဟ်​ကြ၏။
7ထို​နောက် သုံး​နာ​ရီ​ခန့်​လောက်​ကြာ​လျှင်၊ သူ၏​ခင်​ပွန်း​သည် ဖြစ်​ခဲ့​ပြီး​သော အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​လျက် ဝင်​လာ၏။- 8ပေ​တ​ရု​က​လည်း၊ ဤ​မျှ​လောက်​နှင့် မြေ​ကို​ရောင်း​သ​လော၊ ငါ့​အား​ပြော​လော့​ဟု​မေး​လျှင်၊ ထို​မိန်း​မ​က၊ ဟုတ်​ပါ၏။ ဤ​မျှ​လောက်​နှင့်​ပင် ရောင်း​ပါ​သည်​ဟု​ဆို၏။- 9ပေ​တ​ရု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​ကို စုံ​စမ်း​မည်​ဟု သ​ဘော​တူ​နှင့် အ​ဘယ်​ကြောင့် ကြံ​စည်​ကြ​သ​နည်း။ ကြည့်​ရှု​လော့။ သင်၏​ခင်​ပွန်း​ကို သင်္ဂြိုဟ်​သော သူ​တို့၏​ခြေ​သည် တံ​ခါး​နား​မှာ​ရှိ​သည်​ဖြစ်၍၊ သင့်​ကို​လည်း ဆောင်​သွား​လေ​ဦး​မည်​ဟု ဆို​သော​ခ​ဏ​ချင်း​တွင်၊- 10ထို​မိန်း​မ​သည် ပေ​တ​ရု၏​ခြေ​ရင်း၌ လဲ၍​သေ​လေ၏။ လု​လင်​တို့​သည်​လည်း ဝင်၍ ထို​မိန်း​မ​သေ​သည်​ကို​တွေ့​လျှင်၊ ဆောင်​သွား၍​သူ၏ ခင်​ပွန်း​အ​နား​မှာ သင်္ဂြိုဟ်​ကြ၏။- 11သင်း​ဝင်​သူ​အ​ပေါင်း​မှ​စ၍ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။
နိ​မိတ်​လ​က္ခ​ဏာ​၊ အံ့​ဖွယ်​ရာ​များ
12တ​မန်​တော်​တို့​သည်​လည်း လူ​များ​ရှေ့​မှာ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အ​ရာ​များ​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​က​နား​ပြင်၌ တ​ညီ​တ​ညွတ်​တည်း နေ​ကြ​သ​ဖြင့်၊- 13ကြွင်း​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပေါင်း​ဖော်​ဝံ့​သော်​လည်း၊ လူ​များ​တို့​သည် ကောင်း​ချီး​ပေး​ကြ၏။- 14သ​ခင်​ဘု​ရား၌​ယုံ​ကြည်​သော ယောက်ျား၊ မိန်း​မ၊ အ​ပေါင်း​တို့​သည် သင်း​ဝင်​ကြ၏။- 15ပေ​တ​ရု​သည် လမ်း၌​လျှောက်​သွား​စဉ်၊ အ​နာ​စွဲ​သော​သူ​တို့​တွင် တစ်​ယောက်​ယောက်​ကို သူ၏​အ​ရိပ်​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ လူ​နာ​တို့​ကို လမ်း​နား​သို့​ထုတ်၍ ခု​တင်​မွေ့​ရာ​ပေါ်​မှာ ထား​ကြ၏။- 16ပတ်​လည်​ဝန်း​ကျင်၌​ရှိ​သော မြို့​သူ​ရွာ​သား အ​ပေါင်း​တို့​သည် အ​နာ​စွဲ​သော​သူ၊ နတ်​ဆိုး​ညှဉ်း​ဆဲ​သော​သူ​တို့​ကို ဆောင်​ခဲ့​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ စု​ဝေး​လာ​ကြ၍၊ ထို​လူ​နာ​အ​ပေါင်း​တို့​သည် အ​နာ​ကင်း​လွတ်​ခြင်း​သို့ ရောက်​ကြ၏။
ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း
17ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဇ​ဒ္ဒု​ကဲ​ဖြစ်​သော ထို​မင်း၏ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် ထ၍ ဒေါ​သ​အ​မျက်​နှင့် ပြည့်​ကြ​သ​ဖြင့်၊- 18တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး၍ ထောင်​ထဲ၌ လှောင်​ထား​ကြ၏။- 19ည​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​ကို​ဖွင့်​ပြီး​လျှင်၊ ထို​သူ​တို့​ကို​နုတ်၍၊ သင်​တို့​သွား​ကြ​လော့။- 20ဗိ​မာန်​တော်၌ ရပ်၍ အ​သက်​ရှင်​ခြင်း တ​ရား​စ​ကား​အ​လုံး​စုံ​ကို လူ​များ​တို့​အား ဟော​ပြော​ကြ​လော့​ဟု မှာ​ထား၏။ ထို​စ​ကား​ကို​ကြား​လျှင်၊ နံ​နက်​စော​စော ဗိ​မာန်​တော်​သို့​ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။
21ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လာ​ကြ​သ​ဖြင့်၊ လွှတ်​အ​ရာ​ရှိ​မှ​စ၍ ဣ​သ​ရေလ​လူ​တို့​တွင် အ​သက်​ကြီး​သော သူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ တ​မန်​တော်​တို့​ကို​ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို ထောင်​သို့ စေ​လွှတ်​ကြ၏။- 22မင်း​လု​လင်​တို့​သည် ထောင်​သို့​ရောက်​လျှင်၊ တ​မန်​တော်​တို့​ကို ထောင်​ထဲ​မှာ မ​တွေ့​သည်​ရှိ​သော် ပြန်​ကြ၍၊- 23ထောင်​တံ​ခါး​လည်း အ​ထူး​သ​ဖြင့် လုံ​ခြုံ​စွာ​ပိတ်​လျက်၊ ထောင်​ကို​စောင့်​သော​သူ​တို့​လည်း တံ​ခါး​ပြင်​မှာ ရပ်​လျက်​ရှိ​ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သည်​တွေ့​ပါ၏။ ဖွင့်​ပြီး​မှ အ​ထဲ၌ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့​ပါ​ဟု ကြား​လျှောက်​ကြ၏။- 24ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဗိ​မာန်​တော်​မှူး​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​စ​ကား​ကို ကြား​လျှင်၊ ထို​အ​မှု​သည် အ​ဘယ်​သို့​သော​အ​မှု ဖြစ်​လိမ့်​မည်​နည်း​ဟူ၍ တွေး​တော​ခြင်း​ရှိ​ကြ၏။- 25ထို​အ​ခါ လူ​တစ်​ယောက်​သည်​လာ၍ ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​တို့​သည် ဗိ​မာန်​တော်၌​ရပ်​လျက်၊ လူ​များ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။
26ထို​အ​ခါ ဗိ​မာန်​တော်​မှူး​သည် မင်း​လု​လင်​တို့​နှင့်​အ​တူ သွား​ပြန်​လျှင်၊ မိ​မိ​တို့​ကို လူ​များ​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​မည်​ကို စိုး​ရိမ်​သော​ကြောင့်၊ တ​မန်​တော်​တို့​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ခေါ်​ဆောင်​လေ၏။- 27ထို​သို့ ခေါ်​ဆောင်​ပြီး​လျှင်၊ လွှတ်​အ​ရာ​ရှိ​တို့ ရှေ့​မှာ​ထား၍ ယဇ်​ပု​ရော​ဟိတ်​မင်း​က၊- 28ထို​နာ​မ​ကို​အ​မှီ​ပြု၍ မ​ဆုံး​မ မ​သွန်​သင်​မည်​အ​ကြောင်း ငါ​တို့​သည်​သင်​တို့​အား၊ ကျပ်​တည်း​စွာ စီ​ရင်​မှာ​ထား​သည် မ​ဟုတ်​လော။ ယ​ခု ကြည့်​ကြ။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​တို့​အ​ယူ​ဝါ​ဒ​နှင့် ပြည့်​စေ​သည်​ဖြစ်၍၊ ငါ​တို့​အ​ပေါ်​သို့ ထို​သူ၏​အ​သွေး​ကို ရောက်​စေ​ခြင်း​ငှာ သင်​တို့ ကြံ​စည်​ပါ​သည်​တ​ကား​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။-#မ၊ ၂၇:၂၅။ 29ပေ​တ​ရု​နှင့် အ​ခြား​သော တ​မန်​တော်​တို့​က​လည်း၊ လူ၏​စ​ကား​ထက် ဘု​ရား​သ​ခင်၏​စ​ကား​တော်ကို နား​ထောင်​သင့်​ပါ၏။- 30သင်​တို့​သည် သစ်​တိုင်၌​ဆွဲ၍ ကွပ်​မျက်​သော​ယေ​ရှု​ကို ငါ​တို့ ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် ထ​မြောက်​စေ​တော်​မူ​ပြီ။- 31ဣ​သ​ရေ​လ​လူ​တို့​အား နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို ပေး​စေ​ခြင်း​ငှာ၊ ထို​သူ​ကို အ​စိုး​ရ​သော အ​ရှင်​အ​ရာ၌​လည်း​ကောင်း၊ ကယ်​တင်​သော သ​ခင်​အ​ရာ၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား၍ မိ​မိ​လက်​ယာ​လက်​တော်​နှင့် ချီး​မြှင့်​တော်​မူ​ပြီ။- 32ထို​အ​ကြောင်း​အ​ရာ​တို့​သည် အ​မှန်​ဖြစ်​ကြောင်း​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​ထောင်​သော သူ​တို့​အား ပေး​သ​နား​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​လည်း သက်​သေ​ခံ​ဖြစ်​တော်​မူ​သည်​ဟု ပြော​ဆို​ကြ၏။
33ထို​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​တို့​နှ​လုံး​သည် ကွဲ​ပြတ်​မ​တတ်​ဖြစ်၍၊ တ​မန်​တော်​တို့​ကို ကွပ်​မျက်​ခြင်း​ငှာ အ​ချင်း​ချင်း တိုင်​ပင်​ပြော​ဆို​ကြ၏။- 34ထို​အ​ခါ လူ​အ​ပေါင်း​တို့ ရို​သေ​သော​သူ၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော နိဿ​ရည်း​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် လွှတ်​တော်​ပေါ်၌​ထ၍၊ တ​မန်​တော်​တို့​ကို ပြင်​သို့​ခ​ဏ​ထွက်​စေ​ပြီး​လျှင်၊- 35ဣ​သ​ရေ​လ​လူ​တို့၊ ဤ​သူ​တို့​အား အ​ဘယ်​သို့​ပြု​မည်​အ​ရာ​ကို သ​တိ​နှင့်​ဆင်​ခြင်​ကြ​လော့။- 36အ​ကြောင်း​မူ​ကား၊ အ​ထက်​က သု​ဒ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ထ​သ​ဖြင့်၊ ငါ​သည် လူ​သာ​မ​ည​မ​ဟုတ်​ဟု ဆို​သည်​ဖြစ်၍၊ သူ၌ လူ​လေး​ရာ​မျှ​လောက် ဆည်း​ကပ်​ကြ၏။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍ သူ့​ကို​ယုံ​ကြည်​သ​မျှ​သော သူ​တို့​သည် ကွဲ​ပြား ပျောက်​ပျက်​ကြ၏။- 37ထို​သူ​နောက် ငွေ​တော်​ခွဲ​စဉ်​ကာ​လ၊ ယု​ဒ​အ​မည်​ရှိ​သော ဂါ​လိ​လဲ​လူ​တစ်​ယောက်​သည်​လည်း ထ၍၊ မိ​မိ​နောက်​သို့ လူ​များ​ကို​သွေး​ဆောင်​လေ၏။ ထို​သူ​သည်​လည်း ပျက်​စီး​ခြင်း​သို့​ရောက်၍၊ သူ့​ကို​ယုံ​ကြည်​သ​မျှ​သော​သူ​တို့​သည် ပျောက်​လွင့်​ကြ၏။- 38ယ​ခု​လည်း ဤ​သူ​တို့​ကို ရှောင်​ရှား၍ အ​လို​အ​လျောက်​ရှိ​ကြ​ပါ​စေ​ဟု ငါ​ဆို၏။ ဤ​အ​ကြံ ဤ​အ​မှု​သည် လူ၏​အ​ကြံ လူ၏​အ​မှု​ဖြစ်​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။- 39ဘု​ရား​သ​ခင်၏​အ​ကြံ​အ​မှု​ဖြစ်​လျှင် သင်​တို့​သည် မ​ဖျက်​ဆီး​နိုင်​ကြ။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​မ​ဖြစ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့​ဟု ပြော​ဆို၏။- 40ထို​စ​ကား​ကို နား​ထောင်​ကြ​သ​ဖြင့်၊ တ​မန်​တော်​တို့​ကို​ခေါ်၍ ရိုက်​နှက်​ပြီး​မှ၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် မ​ဟော​မ​ပြော​မည်​အ​ကြောင်း မြစ်​တား၍ လွှတ်​ကြ၏။- 41တ​မန်​တော်​တို့​သည်​လည်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် မိ​မိ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ထိုက်​ကြ​သည်​ဟု မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ လွှတ်​တော်​မှ​ထွက်​သွား​ကြ၏။- 42ဗိ​မာန်​တော်၌​လည်း​ကောင်း၊ အိမ်၌​လည်း​ကောင်း နေ့​တိုင်း​အ​စဉ် ဆုံး​မ​သွန်​သင်​လျက်၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်၏​ဟူ၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​ပြတ်​ဟော​ပြော​လျက်​နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။