YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 5:25-29

တမန်တော် 5:25-29 JBMLE

ထို​အ​ခါ လူ​တစ်​ယောက်​သည်​လာ၍ ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​တို့​သည် ဗိ​မာန်​တော်၌​ရပ်​လျက်၊ လူ​များ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။ ထို​အ​ခါ ဗိ​မာန်​တော်​မှူး​သည် မင်း​လု​လင်​တို့​နှင့်​အ​တူ သွား​ပြန်​လျှင်၊ မိ​မိ​တို့​ကို လူ​များ​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​မည်​ကို စိုး​ရိမ်​သော​ကြောင့်၊ တ​မန်​တော်​တို့​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ခေါ်​ဆောင်​လေ၏။- ထို​သို့ ခေါ်​ဆောင်​ပြီး​လျှင်၊ လွှတ်​အ​ရာ​ရှိ​တို့ ရှေ့​မှာ​ထား၍ ယဇ်​ပု​ရော​ဟိတ်​မင်း​က၊- ထို​နာ​မ​ကို​အ​မှီ​ပြု၍ မ​ဆုံး​မ မ​သွန်​သင်​မည်​အ​ကြောင်း ငါ​တို့​သည်​သင်​တို့​အား၊ ကျပ်​တည်း​စွာ စီ​ရင်​မှာ​ထား​သည် မ​ဟုတ်​လော။ ယ​ခု ကြည့်​ကြ။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​တို့​အ​ယူ​ဝါ​ဒ​နှင့် ပြည့်​စေ​သည်​ဖြစ်၍၊ ငါ​တို့​အ​ပေါ်​သို့ ထို​သူ၏​အ​သွေး​ကို ရောက်​စေ​ခြင်း​ငှာ သင်​တို့ ကြံ​စည်​ပါ​သည်​တ​ကား​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။- ပေ​တ​ရု​နှင့် အ​ခြား​သော တ​မန်​တော်​တို့​က​လည်း၊ လူ၏​စ​ကား​ထက် ဘု​ရား​သ​ခင်၏​စ​ကား​တော်ကို နား​ထောင်​သင့်​ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။