YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 3

3
ခြေ​မ​စွမ်း​သူ​ကို​ကု​သ​ခြင်း
1ထို​အ​ခါ​ပ​တ္ထ​နာ​ပြု​ရ​သော သုံး​ချက်​တီး​အ​ချိန်၌ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့ တက်​ကြ​သည်​ရှိ​သော်၊- 2အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သော သူ​တစ်​ယောက်​ကို သူ​တစ်​ပါး​တို့​သည် ထမ်း​လျက်​လာ​ကြ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​သူ​တို့​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ၊ တင့်​တယ်​အ​မည်​ရှိ​သော တံ​ခါး​နား​မှာ ထို​သူ​ကို​ထား​လေ့​ရှိ၏။- 3ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​ဝင်​မည် လာ​ကြ​သည်​ကို ထို​သူ​သည်​မြင်​လျှင် စွန့်​ကြဲ​ပါ​ဟု တောင်း​လေ၏။- 4ထို​အ​ခါ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ငါ​တို့​အား မျှော်​ကြည့်​လော့​ဟု​ဆို​လျှင်၊- 5ထို​သူ​သည်​တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု​စိတ်​ထင်​နှင့် တ​မန်​တော်​တို့​ကို မျှော်​ကြည့်​လျက်​နေ၏။- 6ပေ​တ​ရု​က​လည်း၊ ငါ၌​ရွှေ​ငွေ​မ​ရှိ။ ရှိ​သည်​အ​ရာ​ကို သင့်​အား​ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ထ​၍​လှမ်း​သွား​လော့​ဟု​ဆို​လျက်၊- 7သူ၏​လက်​ယာ​လက်​ကို ကိုင်​ဆွဲ​ချီ​ကြွ​လေ​သော ခ​ဏ​ချင်း​တွင်၊ ခြေ​နှစ်​ဖက်​ဖ​မျက်​စိ​တို့​သည် စွမ်း​အား​ကို​ရ​သ​ဖြင့်၊- 8ရုတ်​တ​ရက်​ထ၍ မတ်​တပ်​ရပ်​ပြီး​လျှင် လှမ်း​သွား​လေ၏။ သွား​လျက်၊ ခုန်​လျက်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လျက်၊ တ​မန်​တော်​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ဝင်​လေ၏။- 9ထို​သို့​လှမ်း​သွား၍ ဘု​ရား​သ​ခင်​အား ချီး​မွမ်း​သည်​ကို လူ​အ​ပေါင်း​တို့​သည် မြင်​သော​အ​ခါ၊- 10ထို​သူ​သည် ဗိ​မာန်​တော်၏​တင့်​တယ်​တံ​ခါး​နား​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ၍ ထိုင်​နေ​သော​သူ​ဖြစ်​သည်​ကို သိ​ကြ​သော​ကြောင့်၊ သူ၌​ဖြစ်​သည် အ​မှု​ကို အံ့​ဩ​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊
က​နား​ပြင်​တွင်​ဟော​ပြော​ခြင်း
11ထို​သူ​သည် ပေ​တ​ရု​နှင့် ယော​ဟန်​ကို အ​မှီ​ပြု​လျက်​ရှိ​ရာ​အ​ရပ်၊ ရှော​လ​မုန်​က​နား​ပြင်​အ​မည်​ရှိ​သော က​နား​ပြင်​သို့​ပြေး​ဝင်၍ စု​ဝေး​ကြ၏။
12ပေ​တ​ရု​သည် မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့ အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို အံ့​ဩ​ကြ​သ​နည်း။ ဤ​သူ​သည် လှမ်း​သွား​နိုင်​သော​အ​ခွင့်​ကို ငါ​တို့​သည် ကိုယ်​တန်​ခိုး၊ ကိုယ်​သီ​လ​အား​ဖြင့်​ပေး​ဘိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ငါ​တို့​ကို စေ့​စေ့​ကြည့်​ရှု​ကြ​သ​နည်း။- 13အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏​ဘု​ရား​သ​ခင်၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏ ဘုန်း​ကို​ထင်​ရှား​စေ​တော်​မူ​ပြီ။ ထို​သ​ခင်​ကို သင်​တို့​သည် ပိ​လတ်​မင်း​လက်​သို့​အပ်​နှံ၍၊ ထို​မင်း​သည် လွှတ်​မည်​အ​ကြံ​ရှိ​သော်​လည်း သင်​တို့​သည် ထို​သ​ခင်​ကို​ငြင်း​ပယ်​ကြ၏။-#ထွ၊ ၃:၁၅။ 14သန့်​ရှင်း​ဖြောင့်​မတ်​တော်​မူ​သော သ​ခင်​ကို​ငြင်း​ပယ်၍၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ် ရှိ​သော​သူ​တစ်​ယောက်​ကို ရ​မည်​အ​ကြောင်း တောင်း​ပန်​သ​ဖြင့်၊-#မ၊ ၂၇:၁၅-၂၃။ မာ၊ ၁၅:၆-၁၄။ လု၊ ၂၃:၁၃-၂၃။ ယော၊ ၁၉:၁၂-၁၅။ 15အ​သက်​ရှင်​ခြင်း​သို့ ပို့​ဆောင်​တော်​မူ​သော​အ​ရှင်​ကို ကွပ်​မျက်​ကြ​ပြီ​တ​ကား၊ ထို​အ​ရှင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။- 16ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ထို​သ​ခင်၏​နာ​မ​တော်​သည် သင်​တို့​သိ​မြင်​သော ဤ​သူ​အား အ​စွမ်း​ကို ပေး​တော်​မူ​ပြီ။ ထို​သ​ခင်​ကြောင့်​ရ​သော ယုံ​ကြည်​ခြင်း​သည် သင်​တို့​မျက်​မှောက်​တွင် ဤ​သူ၌​စေ့​စုံ​ခြင်း အ​ခွင့်​ကို​ပေး၍​ရှိ​လေ​ပြီ။
17ယ​ခု​လည်း ညီ​အစ်​ကို​တို့၊ သင်​တို့​မှ​စ၍ အ​စိုး​ရ​သော​သူ​တို့​သည် မ​သိ​ဘဲ​လျက် ထို​သို့​ပြု​ကြ​သည်​ကို ငါ​သိ၏။- 18ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်​ဟု ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဟော​ပြော၍၊ ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​နှင့်​သော​အ​မှု​ကို ထို​သို့​အား​ဖြင့် ပြီး​စီး​တော်​မူ​ပြီ။- 19ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊- 20သင်​တို့​အ​ဖို့​အ​လို​ငှာ ခန့်​ထား​တော်​မူ​နှင့်​သော ယေ​ရှု​ခ​ရစ်​ကို စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ သင်​တို့ အ​ပြစ်​များ​ကို ပြေ​စေ​ခြင်း​ငှာ နောင်​တ​ရ၍ စိတ်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။- 21က​မ္ဘာ​ဦး​မှ​စ၍ သန့်​ရှင်း​သော​ပ​ရော​ဖက် ဆ​ရာ​တော်​တို့​နှုတ်​ဖြင့် ဘု​ရား​သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​သော ထို​ကပ်​ကာ​လ၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​တော်​မူ​သော ကပ်​ကာ​လ​မ​ရောက်​မီ​တိုင်​အောင် ကောင်း​ကင်​ဘုံ​သည် ထို​ခ​ရစ်​တော်​ကို ခံ​ယူ​သိမ်း​ဆည်း​ရ​မည်။- 22ငါ​တို့​ဘိုး​ဘေး​များ​တို့​အား​လည်း မော​ရှေ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​ဖို့​ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက် ဟော​ပြော​သော​အ​ရာ​တို့​ကို သင်​တို့​သည် နား​ထောင်​ရ​ကြ​မည်။-#တ​ရား၊ ၁၈:၁၅။ 23အ​ကြင်​သူ​သည် ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​သည် မိ​မိ​အ​မျိုး​ထဲ​က ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်​ဟု​ဟော၏။-#တ​ရား၊ ၁၈:၁၉။ 24ပ​ရော​ဖက်​ရှ​မွေ​လ​မှ​စ၍ နောက်​ဟော​သော ပ​ရော​ဖက်​ရှိ​သ​မျှ​တို့​သည် ဤ​သည်​နေ့​ရက်​ကာ​လ​ကို ဟော​ပြော​ပြ​ညွှန်​ကြ​ပြီ။- 25သင်​တို့​သည် ပ​ရော​ဖက်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​ကို၊ သင်၏ အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၍၊ ငါ​တို့ ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သင်​တို့​သည်​ဆိုင်​ကြ၏။-#က၊ ၂၂:၁၈။ 26သင်​တို့​တွင် မိ​မိ​ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​ပယ်​ရှား​သော​သူ ရှိ​သ​မျှ​တို့​အား ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင်၊ သင်​တို့​ရှိ​ရာ​သို့ ရှေး​ဦး​စွာ​စေ​လွှတ်​တော်​မူ​သည်​ဟု လူ​များ​တို့​အား ပေ​တ​ရု​ဟော​ပြော၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။