YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 18

18
ကော​ရိ​န္သု​မြို့​တွင်​အ​မှု​ဆောင်​ခြင်း
1ထို​နောက် ပေါ​လု​သည် အာ​သင်​မြို့​မှ ထွက်​သွား၍ ကော​ရိ​န္သု​မြို့​သို့ ရောက်​လေ၏။- 2ထို​အ​ခါ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ရော​မ​မြို့​မှ ထွက်​သွား​ရ​မည်​အ​ကြောင်း၊ က​လော​ဒိ​မင်း အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ပု​န္တု​ပြည်​သား အာ​ကု​လ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​သည် ဣ​တ​လိ​ပြည်​မှ​လာ၍၊ မိ​မိ​မ​ယား ပြစ်​ကိ​လ​နှင့်​တ​ကွ မ​ကြာ​မ​မြင့်​မီ ရောက်​လာ​သည်​ကို ပေါ​လု​တွေ့​လျှင် သူ​တို့​ဆီ​သို့​ဝင်၍၊- 3အ​လုပ်​ချင်း​တူ​သော​ကြောင့်၊ သူ​တို့​နှင့်​နေ၍ အ​လုပ်​လုပ်​လေ၏။ ထို​သူ​တို့​သည် တဲ​ရှင်​ကို​ချုပ်​တတ်​သော အ​ချုပ်​သ​မား​ဖြစ်​ကြ၏။- 4ပေါ​လု​သည်​လည်း ဥ​ပုသ်​နေ့​မ​ပြတ် တ​ရား​ဇ​ရပ်၌ ဆွေး​နွေး​ဟော​ပြော၍၊ ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​လေ၏။- 5သိ​လ​နှင့် တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ရောက်​လာ​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​နှင့်​တ​ကွ တ​ရား​ဟော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ယု​ဒ​လူ​တို့​အား ကြိုး​စား၍ သက်​သေ​ခံ​လေ၏။- 6ယု​ဒ​လူ​တို့​သည် ငြင်း​ခုံ​ဆဲ​ရေး​ခြင်း​ကို ပြု​သည်​ရှိ​သော်၊ ပေါ​လု​သည် မိ​မိ​အ​ဝတ်​ကို​ခါ​လိုက်​လျက်၊ သင်​တို့၏ အ​သွေး​သည် သင်​တို့၏ ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူ​ကား ကင်း​လွတ်၏။ ယ​ခု​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​ဟု ဆို​ပြီး​လျှင်၊- 7ထို​အ​ရပ်​မှ​ထွက်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော ယု​တ္တု အ​မည်​ရှိ​သော​သူ၏ အိမ်​သို့​သွား၏။ ထို​အိမ်​သည် တ​ရား​ဇ​ရပ်​နှင့် စပ်​လျက်​ရှိ​သ​တည်း။- 8က​ရိ​ပ္ပု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် မိ​မိ​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​လေ၏။ ကော​ရိ​န္သု​ပြည်​သား အ​များ​တို့​သည်​လည်း ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။
9ည​အ​ခါ သ​ခင်​ဘု​ရား​သည် ပေါ​လု​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ပြ၍၊ သင်​သည်​မ​ကြောက်​နှင့်။ တိတ်​ဆိတ်​စွာ မ​နေ​နှင့်။ ဟော​ပြော​လော့။- 10ငါ​သည် သင်​နှင့်​အ​တူ​ရှိ၏။ သင့်​ကို​ညှဉ်း​ဆဲ​ခြင်း​ငှာ အ​ဘယ်​သူ​မျှ အ​နိုင်​အ​ထက်​မ​ပြု​ရ။ ဤ​မြို့၌ ငါ၏​လူ​အ​များ​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။- 11ပေါ​လု​သည် ထို​မြို့​သူ​မြို့​သား​တို့​အား ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သွန်​သင်၍ တစ်​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး နေ​လေ၏။
12အ​ခါ​ယ​ပြည်​ကို ဂါ​လျုန်​မင်း​သည် ဝန်​အ​ရာ​နှင့် အုပ်​စိုး​သော​အ​ခါ ယု​ဒ​လူ​များ​သည် တ​ညီ​တ​ညွတ်​တည်း ပေါ​လု​ကို အ​နိုင်​အ​ထက်​ပြု၍ တ​ရား​ပ​လ္လင်​ရှေ့​သို့ ယူ​သွား​ပြီး​လျှင်၊- 13လူ​တို့​သည် ဘု​ရား​ကို​မ​တ​ရား​သ​ဖြင့် ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ ဤ​သူ​သည် ဖြား​ယောင်း​တတ်​ပါ​သည် ဟု​ဆို​ကြ၏။- 14ပေါ​လု​သည် နှုတ်​ကို​ဖွင့်​မည်​ပြု​သော်၊ ဂါ​လျုန်​မင်း​က၊ အ​ချင်း ယု​ဒ​လူ​တို့၊ မ​တ​ရား​သော​အ​မှု၊ ဆိုး​ယုတ်​ညစ်​ညူး​သော​အ​မှု​ဖြစ်​လျှင်၊ ငါ​သည်​သင်​တို့​ကို အ​ကြောင်း​ရှိ​သည်​အ​တိုင်း သည်း​ခံ​ရ​မည်။- 15သို့​မ​ဟုတ် စ​ကား​သော်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​ခြင်း​သော်​လည်း​ကောင်း၊ သင်​တို့၏ ဘာ​သာ​တ​ရား​သော်​လည်း​ကောင်း၊ သင်​တို့​သည်​အ​စီ​ရင်​ခံ​လျှင် ကိုယ်​အ​မှု​ကို စောင့်​ကြ​လော့။ ထို​သို့​သော အ​မှု​ကို​စီ​ရင်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု​ဆို​လျက်၊- 16ယု​ဒ​လူ​တို့​ကို တ​ရား​ပ​လ္လင်​မှ ပယ်​ရှား​စေ၏။- 17ထို​အ​ခါ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် တ​ရား​ဇ​ရပ်​မှူး သုဿင်​ကို​ယူ၍ တ​ရား​ပ​လ္လင်​ရှေ့​မှာ ရိုက်​ကြ၏။ ထို​အ​မှု​ကို​လည်း ဂါ​လျုန်​မင်း​သည် အ​မှု​မ​ထား​ဘဲ​နေ၏။
အ​န္တိ​အုတ်​မြို့​သို့​ပြန်​လာ​ခြင်း
18ထို​နောက်​မှ​ပေါ​လု​သည် တာ​ရှည်​စွာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​ကို အ​ခွင့်​တောင်း၍ ထို​မြို့​မှ​ထွက်​သွား၏။ အ​ထက်​က သ​စ္စာ​က​တိ​ပြု​သည်​နှင့်​အ​ညီ ကင်​ခြေ​မြို့၌ ခေါင်း​ရိတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ခေါ်၍ ရှု​ရိ​ပြည်​သို့ သင်္ဘော​နှင့် လွှင့်​လေ၏။-#တော၊ ၆:၁၈။ 19ဧ​ဖက်​မြို့​သို့​ရောက်​လျှင်၊ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ယု​ဒ​လူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​လေ၏။- 20ထို​သူ​တို့​သည် မိ​မိ​တို့​နှင့် အ​တူ ပေါ​လု​နေ​ပါ​ဦး​မည်​အ​ကြောင်း တောင်း​ပန်​သော​အ​ခါ၊ ပေါ​လု​သည် ဝန်​မ​ခံ​ဘဲ​လျက်၊- 21ယ​ခု​ရောက်​လု​နီး​သော​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ငါ​အ​မှန်​ခံ​ရ​မည်။ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်၊ နောက်​တစ်​ဖန် သင်​တို့​ရှိ​ရာ​သို့ ငါ​ပြန်​ဦး​မည်​ဟူ၍ အ​ခွင့်​တောင်း​ပြီး​မှ၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ဧ​ဖက်​မြို့၌​ထား၍ သင်္ဘော​နှင့် လွှင့်​ပြန်​လေ၏။- 22ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့ တက်၍ အ​သင်း​တော်​နှင့် နှုတ်​ဆက်​ပြီး​မှ အ​န္တိ​အုတ်​မြို့​သို့ သွား​ပြန်၏။- 23ထို​မြို့၌ အ​တန်​အ​ရာ​နေ​ပြီး​လျှင်၊ ထွက်​ပြန်၍ ဂ​လာ​တိ​ပြည်၊ ဖြူ​ဂိ​ပြည်​ကို အ​စဉ်​အ​တိုင်း လျှောက်​သွား​သ​ဖြင့်၊ တ​ပည့်​တော်​အ​ပေါင်း တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ၏။
အာ​ပေါ​လု​ဟော​ပြော​ခြင်း
24အာ​ပေါ​လု​အ​မည်​ရှိ​သော အာ​လေ​ဇ​န္ဒြိ​မြို့​သား၊ ယု​ဒ​လူ တစ်​ယောက်​သည် ဧ​ဖက်​မြို့​သို့​ရောက်​လာ၏။ ထို​သူ​သည် နှုတ်​သ​တ္တိ​နှင့် ပြည့်​စုံ၍ ကျမ်း​စာ၌ အား​ကြီး​သော​သူ​ဖြစ်၏။- 25သ​ခင်​ဘု​ရား၏​ဘာ​သာ၌​လေ့​ကျက်၍ စိတ်​အား​ကြီး​သ​ဖြင့်၊ သ​ခင်​ဘု​ရား၏​အ​ကြောင်း​များ​ကို စေ့​စေ့​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၏။ သို့​သော်​လည်း၊ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို​သာ​သိ၏။- 26ထို​သူ​သည် တ​ရား​ဇ​ရပ်၌ ရဲ​ရင့်​စွာ ဟော​ပြော​စ​ပြု​သ​ဖြင့်၊ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ၏​စ​ကား​ကို ကြား​သော​အ​ခါ၊ သူ့​ကို​ယူ၍ ဘု​ရား​သ​ခင်၏ ဘာ​သာ​တ​ရား​ကို သာ၍ သေ​ချာ​စွာ သင်​ကြား​ကြ၏။- 27ထို​သူ​သည် အ​ခါ​ယ​ပြည်​သို့​သွား​ခြင်း​ငှာ အ​လို​ရှိ​သည်​ဖြစ်၍၊ တ​ပည့်​တော်​ချင်း​တို့​သည် သူ့​ကို​လက်​ခံ​မည်​အ​ကြောင်း ညီ​အစ်​ကို​တို့​သည် မှာ​စာ​ကို​ပေး​လိုက်​ကြ၏။ သူ​သည်​ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​အား​ဖြင့် ယုံ​ကြည်​သော​သူ​တို့​ကို အ​လွန်​ထောက်​မ​လေ၏။- 28ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို ကျမ်း​စာ​အား​ဖြင့် ထင်​ရှား​စွာ​ပြ၍၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ယု​ဒ​လူ​တို့၏​စ​ကား​ကို အား​ကြီး​စွာ ပယ်​ဖျက်​လေ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။