YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 9

9
အ​ချင်း​ချင်း​ကူ​ညီ​ထောက်​ပံ့​မှု
1သန့်​ရှင်း​သူ​တို့​ကို လုပ်​ကျွေး​ခြင်၏ အ​မှု​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ကြား​လိုက်​သော် အ​ကျိုး​မ​ရှိ။- 2အ​ကြောင်း​မူ​ကား၊ သင်​တို့၏ စေ​တ​နာ​စိတ်​ကို ငါ​သိ၏။ သင်​တို့၌​ရှိ​သော ထို​စေ​တ​နာ​စိတ်​ကို ငါ​ဝါ​ကြွား၍ အ​ခါ​ယ​ပြည်​သူ​ပြည်​သား​တို့​သည် မ​နှစ်​က​ပင် အ​သင့်​ရှိ​ကြ​ပြီ​ဟု မာ​ကေ​ဒေါ​နိ​လူ​တို့​အား ငါ​ဆို​တတ်၏။ ထို​သို့ သင်​တို့ စေ​တ​နာ​စိတ်​အား​ကြီး​ခြင်း အ​ကြောင်း​အ​ရာ​သည် အ​များ​သော​သူ​တို့​ကို နှိုး​ဆော် တိုက်​တွန်း​လေ​ပြီ။- 3သို့​သော်​လည်း ငါ​တို့​သည် သင်​တို့​ကို ဝါ​ကြွား​သော​စ​ကား​သည် ဤ​အ​မှု၌ အ​ချည်း​နှီး​မ​ဖြစ်​စေ​ဘဲ၊ ထို​စ​ကား​နှင့်​အ​ညီ သင်​တို့​သည် အ​သင့်​ရှိ​စေ​ခြင်း​ငှာ ညီ​အစ်​ကို​အ​ချို့​ကို ငါ​စေ​လွှတ်၏။- 4သို့​မ​ဟုတ် မာ​ကေ​ဒေါ​နိ​လူ​တို့​သည် ငါ​နှင့်​အ​တူ​လာ၍ သင်​တို့​သည် အ​သင့်​မ​ရှိ​ကြ​သည်​ကို​တွေ့​လျှင်၊ သင်​တို့​ရှက်​ကြ​လိမ့်​မည်​ဟု မ​ဆို​ဘဲ၊ ငါ​တို့​သည် ရဲ​ရင့်​စွာ ဝါ​ကြွား​ခဲ့​ပြီး​သည်​ကို အ​ရှက်​ခံ​ရ​ကြ​လိမ့်​မည်။- 5ထို​ကြောင့် အ​ထက်​က ကြား​ပြော​သော သင်​တို့၏ အ​လှူ​ကျေး​ဇူး​သည် အ​နိုင်​အ​ထက်​လှူ​ရ​သော ဥ​စ္စာ​ကဲ့​သို့​မ​ဟုတ်။ အ​လှူ​ကျေး​ဇူး​ကဲ့​သို့ အ​သင့်​ရှိ​စေ​ခြင်း​ငှာ၊ ညီ​အစ်​ကို​တို့​သည် သင်​တို့​ဆီ​သို့ အ​ရင်​သွား​စေ၍ ထို​အ​လှူ​ကျေး​ဇူး​ကို အ​ရင်​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​သည် မ​တိုက်​တွန်း​ဘဲ မ​နေ​ကောင်း​ဟု သ​ဘော​ရှိ၏။
6အ​နည်း​ငယ်​သော​မျိုး​စေ့​ကို ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​သာ​ရိတ်​ရ​မည်။ များ​စွာ​ကြဲ​သော​သူ​သည် များ​စွာ​ရိတ်​ရ​မည်​ဟု မှတ်​ကြ​လော့။- 7လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။- 8ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။- 9သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။- 10မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ ပေး​တော်​မူ​သော​သူ​သည်၊ သင်​တို့​အား မျိုး​စေ့​ကို ပေး၍ ပွား​များ​စေ​တော်​မူ​မည်။ သင်​တို့၏ ဖြောင့်​မတ်​ခြင်း​ကို​လည်း ကြွယ်​ဝ​စေ​တော်​မူ​မည်။- 11ထို​သို့​သင်​တို့​သည် စေ​တ​နာ​စိတ်​နှင့် အ​မျိုး​မျိုး​သော စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​အ​လို​ငှာ အ​ရာ​ရာ၌​ကြွယ်​ဝ​ခြင်း ရှိ​သည်​ဖြစ်၍၊ ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း ရှိ​လိမ့်​မည်။- 12အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု​သည် သန့်​ရှင်း​သူ​တို့၏ ဆင်း​ရဲ​ခြင်း​ကို မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း အ​များ​နှင့် ပြည့်​စုံ​လျက်​ရှိ၏။- 13သင်​တို့​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား အ​လို​သို့ ထင်​ရှား​စွာ​လိုက်​ခြင်း အ​လို​ကို​လည်း​ကောင်း၊ ထို​သန့်​ရှင်း​သူ​တို့​မှ​စ​သော လူ​အ​ပေါင်း​တို့​အား ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​သည် အောက်​မေ့​သော​အ​ခါ၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု၏ လ​က္ခ​ဏာ သက်​သေ​ကို​ထောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​တတ်​ကြ၏။- 14သင်​တို့၌ ထူး​မြတ်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​လည်း သူ​တို့​သည်​ထောက်​လျှင်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း၍၊ အ​လွန်​ချစ်​ခင်​မြတ်​နိုး​ခြင်း​စိတ် ရှိ​ကြ၏။- 15ပြော၍​မ​ကုန်​နိုင်​သော ဘု​ရား​သ​ခင်၏ ဆု​ကျေး​ဇူး​တော်​ကို အောက်​မေ့၍ ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။