YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 5:6-10

၂ ကောရိန္သု 5:6-10 JBMLE

ထို​ကြောင့် ငါ​တို့​သည် ကိုယ်​ခ​န္ဓာ၌ နေ​မြဲ​နေ​စဉ်​ကာ​လ၊ သ​ခင်​ဘု​ရား​နှင့် ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ကို ငါ​တို့​သည်​သိ​လျက်၊- အ​စဉ် ရဲ​ရင့်​သော​စိတ် ရှိ​ကြ၏။ မျက်​မှောက်​မ​မြင်​ဘဲ ယုံ​ကြည်​မျှော်​လင့်​ခြင်း ရှိ​သည်​အ​တိုင်း၊ ငါ​တို့​သည် ကျင့်​ဆောင်​ပြု​မူ​သည်​ဖြစ်၍၊- ကိုယ်​ခ​န္ဓာ​နှင့် ကွာ​ဝေး​ရာ​အ​ရပ်​သို့ သွား၍၊ သ​ခင်​ဘု​ရား​ထံ​တော်၌ နေ​မြဲ​နေ​ခြင်း​ငှာ အ​လို​ရှိ​လျက်၊ ရဲ​ရင့်​သော​စိတ်​နှင့်​ပြည့်​စုံ​ကြ၏။- ထို​ကြောင့် ငါ​တို့​သည် နေ​မြဲ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော သူ​ဖြစ်​ခြင်း​ငှာ စေ​တ​နာ​စိတ်​ရှိ၍ ကြိုး​စား​အား​ထုတ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​ခ​န္ဓာ၌​ကျင့်​သော​အ​ကျင့်၊ ကောင်း​မ​ကောင်း​ရှိ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို အ​သီး​အ​သီး​ခံ​ခြင်း​ငှာ၊ ခ​ရစ်​တော်၏ တ​ရား​ပ​လ္လင်​ရှေ့၌ ပေါ်​လာ​ရ​ကြ​မည်။