ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင်မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက်သောအခါ၊ ထာဝရဘုရားသည် ညအချိန်တွင်ထင်ရှားတော်မူလျက်၊ သင်ပြုသော ပတ္ထနာစကားကို ငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှာ ကိုယ်အဖို့ ငါရွေးယူပြီ။ မိုးမရွာစေခြင်းငှာ ငါသည် မိုးခေါင်စေသော်လည်းကောင်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေခြင်းငှာ ငါမှာထားသော်လည်းကောင်း၊ ငါ့လူတို့၌ ကာလနာကိုစေလွှတ်သော်လည်းကောင်း၊ ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပတ္ထနာပြု၍ အဓမ္မလမ်းကိုလွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။ ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို ငါနားထောင်မည်။ ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံး အစဉ်စွဲလမ်းစရာဖို့ ဤအိမ်ကိုငါရွေးချယ်၍ သန့်ရှင်းစေပြီ။
၂ ရာဇဝင်ချုပ် 7 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ရာဇဝင်ချုပ် 7:11-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ