YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 7:11-16

၂ ရာဇဝင်ချုပ် 7:11-16 Judson Bible (JBMLE)

ရှော​လ​မုန်​သည် ဗိ​မာန်​တော်​နှင့် နန်း​တော်​ကို လက်​စ​သတ်၍၊ ဗိ​မာန်​တော်​နှင့်​နန်း​တော်၌ လုပ်​ဆောင်​မည်​ဟု ကြံ​စည်​လေ​သ​မျှ​သော အ​ကြံ​သည် အ​ထ​မြောက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ချိန်​တွင်​ထင်​ရှား​တော်​မူ​လျက်၊ သင်​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ ဤ​အ​ရပ်​ဌာ​န​ကို ယဇ်​ပူ​ဇော်​ရာ အိမ်​ဖြစ်​စေ​ခြင်း​ငှာ ကိုယ်​အ​ဖို့ ငါ​ရွေး​ယူ​ပြီ။ မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​သည် မိုး​ခေါင်​စေ​သော်​လည်း​ကောင်း၊ ကျိုင်း​တို့​သည် မြေ​အ​သီး​အ​နှံ​ကို ကိုက်​စား​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော်​လည်း​ကောင်း၊ ငါ့​လူ​တို့၌ ကာ​လ​နာ​ကို​စေ​လွှတ်​သော်​လည်း​ကောင်း၊ ငါ့​နာ​မ​ဖြင့်​သ​မုတ်​သော ငါ့​လူ​တို့​သည် ကိုယ်​ကို​နှိမ့်​ချ​သ​ဖြင့်၊ ငါ့​မျက်​နှာ​ကို​ရှာ​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍ အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်​လျှင် ငါ​သည် ကောင်း​ကင်​ဘုံ၌ နား​ထောင်​မည်။ သူ​တို့​အ​ပြစ်​ကို​ဖြေ၍ သူ​တို့​ပြည်​ကို ချမ်း​သာ​ပေး​မည်။ ငါ​ကြည့်​ရှု​မည်။ ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို ငါ​နား​ထောင်​မည်။ ငါ့​နာ​မ​သည် အ​စဉ်​တည်၍ ငါ့​မျက်​စိ​နှင့် ငါ့​နှ​လုံး အ​စဉ်​စွဲ​လမ်း​စ​ရာ​ဖို့ ဤ​အိမ်​ကို​ငါ​ရွေး​ချယ်၍ သန့်​ရှင်း​စေ​ပြီ။

၂ ရာဇဝင်ချုပ် 7:11-16 Common Language Bible (BCL)

ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​နှင့် နန်း​တော်​တည် ဆောက်​မှု​ကို​မိ​မိ​၏​စီ​မံ​ချက်​နှင့်​အ​ညီ​ထ မြောက်​၍​အ​ပြီး​သတ်​သော​အ​ခါ၊- ထာ​ဝ​ရ​ဘု​ရား​သည်​ညဥ့်​အ​ခါ​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ငါ​ကြား​ပြီ။ သို့​ဖြစ်​၍​ဤ​ဗိ​မာန်​တော်​ကို ငါ့​အား​ယဇ်​ပူ​ဇော်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ငါ လက်​ခံ​၏။- ငါ​သည်​မိုး​ကို​ခေါင်​စေ​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ကောက်​ပဲ​သီး​နှံ​များ​ကို​ကိုက်​ဖျက်​ရန်​ကျိုင်း ကောင်​များ​ကို​စေ​လွှတ်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ငါ​ပိုင်​ဆိုင်​သူ​များ​ဟု​ခေါ်​ဆို​သ​မုတ်​အပ် သည့်​ငါ​၏​လူ​မျိုး​တော်​အား​ကာ​လ​နာ သင့်​စေ​သော​အ​ခါ​၌​ဖြစ်​စေ၊- သူ​တို့​သည်​ငါ့​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ​နောင်​တ​ရ​၍​မိ​မိ​တို့​၏​ဒု​စ​ရိုက်​လမ်း ကို​ရှောင်​ကြဉ်​ကြ​လျှင် ငါ​သည်​ကောင်း​ကင်​ဘုံ မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း မည်။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍ သူ​တို့​၏​ပြည်​ကို​တစ်​ဖန်​ပြန်​လည်​ဝ​ပြော သာ​ယာ​လာ​စေ​မည်။- ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့်​ရှောက် မည်။ ဤ​ဗိ​မာန်​တော်​တွင်​ပြု​သ​မျှ​သော​ဆု တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​မည်။- ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ရွေး​ချယ်​၍​ငါ့​အား ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့်​သီး​သန့်​စေ​ပြီ။ ငါ​သည်​ဤ​ဌာ​န​တော် ကို​စောင့်​ကြပ်​ကြည့်​ရှု​မည်။ ကာ​လ​အ​စဉ် အ​ဆက်​ကာ​ကွယ်​စောင့်​ရှောက်​မည်။

၂ ရာဇဝင်ချုပ် 7:11-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် မိမိ​၏​နန်းတော်​ကို​တည်ဆောက်​ရာ​တွင် စိတ်​ထဲ၌​ပေါ်လာ​သမျှ​အတိုင်း တည်ဆောက်​ခဲ့​၏​။ ထိုသို့ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ရှင်ဘုရင်​၏​နန်းတော်​တို့​ကို အောင်မြင်​စွာ​တည်ဆောက်​ပြီးစီး​သွား​သောအခါ ထာဝရဘုရား​သည် ရှောလမုန်​မင်းကြီး​အား ညအချိန်​ထင်ရှားပြ​တော်မူ​၍ “​သင့်​ဆုတောင်းသံ​ကို ငါ​နားညောင်း​ပြီ​။ ဤ​နေရာ​ကို ငါ့​အဖို့ ယဇ်ပူဇော်​ရာ​အိမ်​အဖြစ် ငါ​ရွေးချယ်​ပြီ​။ ငါ​သည် မိုးကောင်းကင်​ကို​ပိတ်​ထား​ပြီး မိုးခေါင်​စေ​သောအခါ​၊ ပြည်ထွက်သီးနှံ​ကို​ဝါးမျို​ရန် နှံကောင်​များ​ကို အမိန့်ပေး​သောအခါ​၊ ငါ့​လူမျိုး​တော်​တို့​တွင် ကပ်ဘေး​ကျရောက်​စေ​သောအခါ​၊ ငါ့​နာမ​ဖြင့်​သမုတ်​သော​ငါ့​လူမျိုး​တော်​တို့​သည် မိမိ​တို့​၏​ဆိုးညစ်​သော​လမ်း​မှ​ပြန်လှည့်​ပြီး ကိုယ်​ကို​နှိမ့်ချ​လျက် ငါ့​မျက်နှာ​ကို​ရှာ​ပြီး ဆုတောင်း​လျှင် ကောင်းကင်ဘုံ​မှ ငါ​နားညောင်း​မည်​။ သူ​တို့​၏​အပြစ်​များ​ကို​လည်း ခွင့်လွှတ်​ပြီး သူ​တို့​ပြည်​ကို ချမ်းသာ​စေ​မည်​။ ငါ​သည် မျက်စိ​ကို​ဖွင့်​လျက် ဤ​အရပ်​မှ ဆုတောင်းသံ​ကို နားညောင်း​မည်​။ ငါ့​နာမ အစဉ်​တည်​စေရန် ဤ​အိမ်​တော်​ကို ငါ​ရွေးချယ်​၍ သန့်ရှင်း​စေ​ပြီ​။ ဤ​အိမ်​တော်​ကို ငါ​အစဉ်အမြဲ​ကြည့်ရှု​နှလုံးသွင်း​မည်​။