YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 2

2
ဝတ်​ပြု​ကိုး​ကွယ်​ခြင်း
1-2ငါ​တို့​သည် ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ လျောက်​ပတ်​စွာ ကျင့်​ခြင်း​အ​မျိုး​မျိုး​ကို​ပြု၍၊ ငြိမ်​ဝပ်​ဆိတ်​ညံ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင်​မှ​စ၍ မင်း​အာ​ဏာ​ရှိ​သော သူ​အ​ပေါင်း​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ မေ​တ္တာ​ပို့​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ကို ရှေ့​ဦး​စွ​ပြု​စေ​ခြင်း​ငှာ ငါ​တိုက်​တွန်း သွေး​ဆောင်၏။- 3အ​ကြောင်း​မူ​ကား၊ ထို​သို့​သော အ​မှု​သည် ကောင်း​သော​အ​မှု​ဖြစ်၏။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု​လည်း ဖြစ်၏။- 4လူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍ သ​မ္မာ​တ​ရား​ကို သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။- 5ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။ ဘု​ရား​သ​ခင်​နှင့် လူ​တို့၏ စပ်​ကြား​မှာ၊ လူ​ဖြစ်​သော ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော အာ​မ​ခံ​တစ်​ဦး​တည်း​ရှိ၏။- 6ထို​အာ​မ​ခံ​သည် လူ​အ​ပေါင်း​တို့​ကို ရွေး​အံ့​သော​ငှာ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ​ပြီ။ ကာ​လ​အ​ချိန်​တန်​မှ သက်​သေ​ခံ​ခြင်း​ရှိ၏။- 7ငါ​သည် ထို​သက်​သေ​ခံ​သော​သူ အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော် အ​ရာ၌​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် သ​မ္မာ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​သော​ဆ​ရာ အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ ဖြစ်​သည်​ဟု ငါ​ဆို​သော်၊ မု​သား​စ​ကား​ကို​မ​ဆို၊ မှန်​သော​စ​ကား​ကို​ဆို၏။
8သို့​ဖြစ်၍၊ အ​ရပ်​ရပ်​တို့၌ ယောက်ျား​တို့​သည် အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ သန့်​ရှင်း​သော​လက်​ကို​ချီ၍ ဆု​တောင်း​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- 9ထို​နည်း​တူ၊ မိန်း​မ​တို့​သည် ကျစ်​သော​ဆံ​ပင်၊ ရွှေ​တန်​ဆာ၊ ကျောက်​ပု​လဲ​အ​ဖိုး​ထိုက်​သော​အ​ဝတ်​နှင့် ကိုယ်​ကို မ​ဆင်​ဘဲ၊ ရှက်​ကြောက်​ခြင်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​အား​ဖြင့်၊ လျောက်​ပတ်​သော အ​ဝတ်​နှင့်​လည်း​ကောင်း၊- 10ဘု​ရား​သ​ခင်​အား ရို​သေ​လေး​မြတ်​ခြင်း​ကို ဝန်​ခံ​ပြု​စု​သော မိန်း​မ​ဆင်​သင့်​သည်​အ​တိုင်း ကောင်း​သော အ​ကျင့်​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို တန်​ဆာ​ဆင်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- 11မိန်း​မ​သည် အုပ်​စိုး​ခြင်း​ကို အ​စဉ်​ဝန်​ခံ၍ တိတ်​ဆိတ်​စွာ​သင်​စေ။- 12မိန်း​မ​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း၊ ယောက်ျား​ကို အ​စိုး​တ​ရ​ပြု​စေ​ခြင်း အ​ခွင့်​ကို​ငါ​မ​ပေး။ သူ​သည် တိတ်​ဆိတ်​စွာ နေ​အပ်၏။- 13အ​ကြောင်း​မူ​ကား၊ အာ​ဒံ​ကို ရှေ့​ဦး​စွာ ဖန်​ဆင်း​တော်​မူ၍၊ နောက်​မှ ဧ​ဝ​ကို​ဖန်​ဆင်း​တော်​မူ၏။- 14ထို​မှ​တစ်​ပါး၊ အာ​ဒံ​သည် လှည့်​ဖြား​ခြင်း​ကို​မ​ခံ၊ မိန်း​မ​သည် လှည့်​ဖြား​ခြင်း​ကို​ခံ၍ လွန်​ကျူး၏။- 15သို့​သော်​လည်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သန့်​ရှင်း​ခြင်း၌ တည်​လျှင်၊ သား​ဖွား​ခြင်း​အ​မှု၌ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

၁ တိမောသေ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။