YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 10

10
ရှေ​ဘ​ဘု​ရင်​မ​ရောက်​လာ​ခြင်း
(၆​ရာ၊ ၉:၁-၁၂)
1ရှေ​ဘ​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ဂုဏ်​အ​သ​ရေ​နှင့် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သ​တင်း​ကို​ကြား​လျှင်၊ နက်​နဲ​ခက်​ခဲ​သော ပြဿ​နာ​အား​ဖြင့် သူ့​ကို​စုံ​စမ်း​ခြင်း​ငှာ​လာ၏။#မ၊ ၁၂: ၄၂။ လု၊ ၁၁:၃၁။ 2နံ့​သာ​မျိုး​နှင့် များ​စွာ​သော​ရွှေ၊ အ​ဖိုး​ထိုက်​သော ကျောက်​တို့​ကို​ဆောင်​သော ကု​လား​အုတ်​များ၊ လိုက်​သော​သူ​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ရှော​လ​မုန်​မင်း​ကြီး​ထံ​တော်​သို့ ဝင်​သော​အ​ခါ၊ မိ​မိ​အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ကို ဆွေး​နွေး​မေး​မြန်း​လေ၏။ 3သူ​မေး​မြန်း​သော ပြဿ​နာ​ရှိ​သ​မျှ​တို့​ကို ရှော​လ​မုန်​မင်း​ကြီး​သည် ဖြေ​လေ၏။ နား​မ​လည်၍ မ​ဖြေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ 4ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ပ​ညာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ တည်​ဆောက်​သော အိမ်​တော်​ကို​လည်း​ကောင်း၊ 5စား​ပွဲ​တော်​တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော​အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ 6ကိုယ်​တော်၏​အ​ခြင်း​အ​ရာ​နှင့် ကိုယ်​တော်၏​ပ​ညာ​ကို အ​ကျွန်ုပ်​သည် ကိုယ်​ပြည်၌​ကြား​ရ​သော သ​တင်း​စ​ကား​မှန်​ပါ၏။ 7သို့​သော်​လည်း၊ ကိုယ်​တိုင်​ရောက်၍​မ​မြင်​မီ ထို​စ​ကား​ကို​မ​ယုံ။ ယ​ခု​မူ​ကား၊ အ​ရင်​ကြား​သော​စ​ကား​သည် တစ်​ဝက်​ကို​မျှ​မ​မီ။ ကိုယ်​တော်၏​ပ​ညာ​နှင့် ကိုယ်​တော်၏​စည်း​စိမ်​သည် အ​ကျွန်ုပ်​ကြား​ရ​သော​သ​တင်း​ကို လွန်​ကဲ​ပါ၏။ 8ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။ 9ကိုယ်​တော်​ကို​နှစ်​သက်၍၊ ဣ​သ​ရေ​လ​နိုင်​ငံ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​သော ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စဉ်​ချစ်​သော​ကြောင့်၊ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား​ပြော​ဆို၍၊ 10ရွှေ​အ​ခွက်​တစ်​ရာ​နှစ်​ဆယ်၊ နံ့​သာ​မျိုး​အ​များ၊ ကျောက်​မြတ်​တို့​ကို ဆက်​လေ၏။ ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး​အား ဆက်​သော နံ့​သာ​မျိုး​နှင့်​အ​မျှ များ​ပြား​သော​နံ့​သာ​မျိုး​သည် နောက်​တစ်​ဖန်​မ​ရောက်။
11ဩ​ဖိ​ရ​မြို့​မှ ရွှေ​ကို​ဆောင်​ခဲ့​သော ဟိ​ရံ​သင်္ဘော​တို့​သည် အာ​လ​ဂုံ​သစ်​သား​များ၊ ကျောက်​မြတ်​များ​ကို​လည်း ဆောင်​ခဲ့​ကြ၏။ 12ထို​အာ​လ​ဂုံ​သစ်​သား​ဖြင့် ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ပွတ်​လုံး​တန်း​နှင့် နန်း​တော်​ပွတ်​လုံး​တန်း​ကို​လည်း​ကောင်း၊ သီ​ချင်း​ဆို​သော​သူ​တို့ စောင်း​နှင့်​တ​ယော​တို့​ကို​လည်း​ကောင်း လုပ်​လေ၏။ ထို​သို့​သော အာ​လ​ဂုံ​သစ်​သား​သည် နောက်​တစ်​ဖန်​မ​ရောက်၊ ယ​နေ့​တိုင်​အောင် မ​ပေါ်​လာ။ 13ရှော​လ​မုန်​မင်း​ကြီး​သည် အ​လို​လို​ပေး​သော လက်​ဆောင်​မှ​တစ်​ပါး၊ ရှေ​ဘ​မိ​ဖု​ရား၏​အ​လို​ဆ​န္ဒ​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ သူ​တောင်း​သ​မျှ​ကို​လည်း ပေး​တော်​မူ၏။ ထို​နောက်​မှ မိ​ဖု​ရား​သည် မိ​မိ​ကျွန်​တို့​နှင့်​တ​ကွ မိ​မိ​ပြည်​သို့ ပြန်​သွား​လေ၏။
ရှော​လ​မုန်​၏​ဓ​န​အင်​အား
(၆​ရာ၊ ၉: ၁၃-၂၉)
14ရှော​လ​မုန်​ထံ​သို့ တစ်​နှစ်​တစ်​နှစ်​လျှင် ရောက်​သော​ရွှေ​အ​ချိန်​ကား အ​ခွက်​ခြောက်​ရာ​ခြောက်​ဆယ်​ခြောက်​ပိဿာ​ဖြစ်​သ​တည်း။ 15ထို​မှ​တစ်​ပါး ကုန်​သည်​များ၊ လှည်း​သ​မား​များ၊ အာ​ရပ်​မင်း​ကြီး​ရှိ​သ​မျှ၊ မြို့​ဝန်​များ​ဆက်​သော​ရွှေ ရှိ​သေး၏။ 16-17ရှော​လ​မုန်​မင်း​ကြီး​သည် ရွှေ​ခြောက်​ပိဿာ​စီ​ဖြင့် ဒိုင်း​ကြီး​နှစ်​ရာ၊ သုံး​ပိဿာ​စီ​ဖြင့် ဒိုင်း​ငယ်​သုံး​ရာ​တို့​ကို ထု​လုပ်၍ လေ​ဗ​နုန်​တော​သစ်​သား​နှင့် တည်​ဆောက်​သော နန်း​တော်၌ ထား​တော်​မူ၏။ 18ရှင်​ဘု​ရင်​သည်​လည်း၊ ဆင်​စွယ်​ရာ​ဇ​ပ​လ္လင်​ကြီး​ကို​လုပ်၍ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။ 19ရာ​ဇ​ပ​လ္လင်​တော်​သည် လှေ​ကား​ခြောက်​ထစ်​ရှိ၏။ နောက်​ဖေး​ဝိုင်း၏။ ထိုင်​ရာ​တစ်​ဖက်​တစ်​ချက်၌ မှီ​စ​ရာ​လက်​ရုံး​တန်း​နှင့် ပြည့်​စုံ၍၊ လက်​ရုံး​တန်း​အ​နား​မှာ ခြင်္သေ့​နှစ်​ကောင်​ရပ်​နေ၏။ 20လှေ​ကား​ခြောက်​ထစ်​အ​ပေါ်​တွင် တစ်​ဖက်​တစ်​ချက်၌​လည်း ခြင်္သေ့​တစ်​ဆယ်​နှစ်​ကောင် ရပ်​နေ၏။ ထို​သို့​သော ရာ​ဇ​ပ​လ္လင်​သည် အ​ဘယ်​တိုင်း​နိုင်​ငံ၌​မျှ မ​ရှိ။ 21ရှော​လ​မုန်​မင်း​ကြီး​သောက်​သော ဖ​လား​တော်​ရှိ​သ​မျှ​နှင့် လေ​ဗ​နုန်​နန်း​တော်၌ သုံး​သော ဖ​လား​တော်​ရှိ​သ​မျှ​တို့​သည် ငွေ​ဖ​လား​မ​ဟုတ် ရွှေ​ဖ​လား​သက်​သက်​ဖြစ်၏။ ရှော​လ​မုန်​လက်​ထက်၌ ငွေ​ကို အ​လျှင်း​ပ​မာ​ဏ မ​ပြု​တတ်​ကြ။ 22ရှင်​ဘု​ရင်​သည် တာ​ရှု​သင်္ဘော​ကို ဟိ​ရံ​မင်း​သင်္ဘော​နှင့်​အ​တူ စေ​လွှတ်​သ​ဖြင့်၊ သုံး​နှစ်​တစ်​ခါ တာ​ရှု​သင်္ဘော​သည် ပြန်​လာ၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ မျောက်​များ၊ ဒေါင်း​များ​ကို ဆောင်​ခဲ့​တတ်၏။
23ထို​သို့​ရှော​လ​မုန်​သည် မြေ​ကြီး​ပေါ်​မှာ ရှိ​သ​မျှ​သော ရှင်​ဘု​ရင်​တို့​ထက် ပ​ညာ​နှင့်​စည်း​စိမ်​အား​ဖြင့် လွန်​ကဲ၏။ 24ရှော​လ​မုန်၏​နှ​လုံး၌ ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော ပ​ညာ​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကြား​ရ​အံ့​သော​ငှာ၊ မျက်​နှာ​တော်​ကို ဖူး​လာ​ကြ၏။ 25လာ​သော​သူ​အ​သီး​အ​သီး​တို့​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ အ​ဝတ်​တန်​ဆာ၊ စစ်​တိုက်​လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း၊ လား​တို့​ကို နှစ်​တိုင်း​အ​ခွန်​ဆက်​ရ​ကြ၏။ 26ရှော​လ​မုန်​သည်​လည်း၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ဆည်း​ပူး၍၊ ရ​ထား​တစ်​ထောင်​နှင့် လေး​ရာ၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ရ​ထား​ထိန်း​မြို့​တို့၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ အ​ထံ​တော်၌​လည်း​ကောင်း​ထား၏။#၃​ရာ၊ ၄:၂၆။ 27ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ငွေ​ကို​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။#တ​ရား၊ ၁၇:၁၇။ 28ရှော​လ​မုန်​ထံ​သို့ မြင်း​များ​ကို အဲ​ဂု​တ္တု​ပြည်၊ ကော​မြို့​မှ​ဆောင်​ခဲ့​ရ၏။ ရှင်​ဘု​ရင်၏​ကုန်​သည်​တို့​သည် အ​ဖိုး​ပေး​လျက် ကော​မြို့၌ ခံ​ယူ​ရ​ကြ၏။#တ​ရား၊ ၁၇:၁၆။ 29အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​တစ်​ခု​ကို ငွေ​ခြောက်​ပိဿာ​နှင့်​လည်း​ကောင်း၊ မြင်း​တစ်​စီး​ကို တစ်​ပိဿာ​ငါး​ဆယ်​နှင့်​လည်း​ကောင်း ရောင်း​မြဲ​ရှိ၏။ ထို​သို့ ဟိ​တ္တိ​မင်း​ကြီး​နှင့် ရှု​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် အဲ​ဂု​တ္တု​ရ​ထား​နှင့် မြင်း​တို့​ကို​ရ​တတ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။