YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 3

3
ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ
1ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။- 2ချစ်​သူ​တို့၊ ယ​ခု​တွင် ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။ နောက်​မှ အ​ဘယ်​သို့​သော​သူ​ဖြစ်​မည်​ဟု မ​ထင်​ရှား​သေး။ သို့​သော်​လည်း ကိုယ်​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် ကိုယ်​တော်​နှင့် တူ​ကြ​လ​တ္တံ့​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော် ဖြစ်​တော်​မူ​သည်​အ​တိုင်း​ကို ငါ​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့။- 3ထို​သို့ မျှော်​လ​င့်​သော​သူ​မည်​သည်​ကား၊ ကိုယ်​တော် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​တတ်၏။
4ဒု​စ​ရိုက်​ကို ပြု​သော​သူ​မည်​သည်​ကား၊ ပ​ညတ်​တော်​ကို လွန်​ကျူး၏။ ဒု​စ​ရိုက်​သည်​ကား ပ​ညတ်​တော်​ကို လွန်​ကျူး​ခြင်း​ဖြစ်​သ​တည်း။- 5ကိုယ်​တော်​သည် ငါ​တို့၏​အ​ပြစ်​များ​ကို ဆောင်​သွား​ခြင်း​ငှာ ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​ကို သင်​တို့ သိ​ကြ၏။ ကိုယ်​တော်၌​လည်း အ​ပြစ်​မ​ရှိ။- 6ကိုယ်​တော်၌​တည်​နေ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို မ​ပြု​တတ်၊ ဒု​စ​ရိုက်​ကို ပြု​တတ်​သော​သူ မည်​သည်​ကား၊ ကိုယ်​တော်​ကို​မ​သိ မ​မြင်​ရ​သေး။- 7ချစ်​သား​တို့၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြင်​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်၏။ ကိုယ်​တော် ဖြောင့်​မတ်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​သည် ဖြောင့်​မတ်​ခြင်း​ရှိ၏။- 8မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။- 9ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို​မ​ပြု​တတ်။ အ​ကြောင်း​မူ​ကား၊ ထို​သူ၌ မျိုး​စေ့​တော်​တည်​လျက်​ရှိ၏။ ထို​သူ​သည် ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့် ဒု​စ​ရိုက်​ကို​မ​ပြု​နိုင်။- 10ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။
အ​ချင်း​ချင်း​ချစ်​ကြ​လော့
11-12သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။
13ညီ​အစ်​ကို​တို့၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို မုန်း​သော်​လည်း အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။- 14ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။- 15မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၏။ လူ​အ​သက်​ကို သတ်​သော​သူ တစ်​စုံ​တစ်​ယောက်၌​မျှ ထာ​ဝ​ရ​အ​သက် မ​တည်​သည်​ကို သင်​တို့​သိ​ကြ၏။- 16ခ​ရစ်​တော်​သည် ငါ​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​တော်​ကို စွန့်​တော်​မူ​သည်​အ​ရာ​ကို ငါ​တို့​သည် ထောက်၍၊ မေ​တ္တာ​တော်​ကို သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​ကို​စွန့်​ရ​ကြ၏။- 17အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။
ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ရဲ​ရင့်ခွင့်
18ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။- 19ထို​သို့​ချစ်​လျှင်၊ ကိုယ်​တိုင်​သ​မ္မာ​တ​ရား​နှင့် ဆိုင်​သည်​ကို ကိုယ်​သိ​ရ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ကြ​လိမ့်​မည်။- 20အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​တင်​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၏ စိတ်​နှ​လုံး​ထက်​သာ၍ ကြီး​မြတ်​သည်​ဖြစ်၍၊ အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။- 21ချစ်​သူ​တို့၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို အ​ပြစ်​မ​တင်​လျှင်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ၏။- 22ငါ​တို့​သည် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်၍၊ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​တို့​ကို ကျင့်​သော​ကြောင့်၊ ဆု​တောင်း​သ​မျှ​တို့​ကို ဘု​ရား​သ​ခင့် ထံ​တော်​မှ​ရ​ကြ၏။- 23ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။- 24ပ​ညတ်​တော်​တို့​ကို စောင့်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ထို​သူ၌​လည်း ဘု​ရား​သ​ခင် တည်​တော်​မူ၏။ ငါ​တို့​အား​ပေး​တော်​မူ​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​သည်​အ​မှီ​ပြု၍၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့၌ တည်​တော်​မူ​သည်​ကို သိ​ရ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ ရှင်ယောဟန် 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။