နာ~ဟုံ~ကျမ်း။ 3
3
1လှည့် စား မှု လု ယူ မှု နှင့် ပြည့် လျှံ လျက် ဘမ်း မိ ရာ ကို မ လွှတ် သွေး သွန်း သော ထို မြို့ တော် သည် အ မင်္ဂ လာ ရှိ၏။ နှင် တံ ရိုက် သံ ဘီး လည် သံ မှ စ၍ 2မြင်း တပ် ပေါက် ပြေး ခြင်း ရ ထား တပ် ဆောင့် ခြင်း 3မြင်း စီး သူ ရဲ တို့ ချီ ဝင် ခြင်း ထား လှံ လက် နက် ပြောင် လက် ခြင်း များ နှင့် တ ကွ။ ရေ တွက်၍ မ ကုန် နိုင် ခ လုတ် မ ရှောင် နိုင် အောင် လုပ် ကြံ ပြီး အ သေ ကောင် စု ပုံ လျက် ရှိ ကြ လေ စွ တ ကား 4မှား ယွင်း မှု ပြု စား မှု များ ဖြင့် လူ အ မျိုး မျိုး တို့ ကို ရောင်း ချ သူ။ အ ဆင်း လှ၍ ပြည် တန် ဆာ ဖြစ် သော ထို က ဝေ မ ကြီး၏ မှာ ယွင်း ခြင်း ကို ထောက်၍ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က 5ငါ သည် သင် နှင့် ဆန့် ကျင် ဘက် ပြု၍ ထ မီ လှစ် ခြင်း၊ လူ မျိုး ခြား နှင့် တိုင်း နိုင် ငံ ခြား များ ရှေ့ သင့် ရှက် ဘွယ် ရာ ကို ဘော် ပြ ခြင်း 6ယုတ် မာ ရာ အံ့ အား သင့် ရာ ရောက် အောင် စက် ဆုပ် ဘွယ် ကို ပစ် ချ ခြင်း များ ကို ပြု မည့် အ လျောက် ရှု ကြည့် သူ အ ပေါင်း တို့ သည် ရှောင် ပြေး လျက် 7နိ န ဝေး မြို့ သည် ဆိတ် ညံ ရာ ရောက် လေ ပြီ။ မည် သူ လွမ်း ဆွတ် မည် နည်း။ နှစ် သိမ့် စေ မည့် သူ တို့ ကို အ ဘယ် မှာ ရှ၍ တွေ့ နိုင် အံ့ နည်း ဟု ဆို ကြ လ တံ့။ 8ကျုံး၊ မြို့ ရိုး၊ မီး ကာ များ အ ဖြစ်၊ နိ လ မြစ် ရှိ လျက်၊ မြစ် လက် ကြား အ လယ် တွင် တည် သော နော မုန် မြို့ ထက် သင် ခိုင် လုံ သ လော။ 9ကု ရှ နှင့် အိ ဂျစ် လူ မျိုး တို့ ကို ရေ တွက်၍ မ ကုန် နိုင် သော အား ကိုး ရာ အ ဖြစ် ဖု ထ နှင့် လိ ဗု လူ မျိုး တို့ ကို စစ် ကူ ရာ အ ဖြစ် ရ သော ထို မြို့ သည် 10သုံ့ ဘမ်း သိမ် သွား ခြင်း သား ငယ် တို့ သည် လမ်း ဆုံ တိုင်း တွင် ဆောင့် သတ် ခြင်း၊ မှူး မတ် တို့ သည် မဲ ချ ဝေ ဖန် ခြင်း အ ကြီး အ ကဲ ရှိ သ မျှ တို့ သည် သံ ကြိုး နှင့် ချည် နှောင် ခြင်း များ ကို ခံ ခဲ့ ရ ကြ လေ စွ။ 11ထို နည်း တူ သင် သည် ရန် ဘေး ကြောင့် ယိမ်း ယိုင် မူး မော် လျက် 12ခို လှုံ ရာ ကို လိုက် ရှာ ရ မည်။ ခံ မြို့ ရှိ သ မျှ သည် လှုပ် သော သ ဖန်း ပင် မှ စား လို သူ၏ ခံ တွင်း သို့ ကျ သော အ သီး အ မှည့် နဲ့ တူ လျက်။ 13စစ် သား တို့ သည် မိန်း မ သူ ရဲ ဘော ရှိ၍ မင်း ထုပ် များ ကျွမ်း လောင် ပြီး ဖြစ် သော ကြောင့် ရန် သူ တို့ ဝင် ရန် ပြည် လမ်း ပေါက် များ ပွင့် နေ သည် တ ကား။ 14အ ဝန်း အ ဝိုင်း ကို ခံ နိုင် ရန် ရေ လှောင် ခြင်း ရဲ တိုက် များ ကို ခိုင် လုံ စေ ခြင်း မြေ စေး ရှိ ရ သို့ သွား၍ သ ရွတ် နုင်း ခြင်း၊ ဇ ယား ကိုင် ခြင်း များ ပြု သည့် ပြင် 15ကျိုင်း အုပ်၊ ကျိုင်း ပေါက် နှင့် အ မျှ များ ပြား စေ ဦး တော့ ရှိ ရင်း အ ရပ်၌ ပင် မီး သည် ကျွမ်း လောင် လျက် ထား လည်း ကျိုင်း ကောင် ကဲ့ သို့ မျို စား၍ ပယ် ရှား လိမ့် မည်။ 16ကုန် သည် တို့ ကို ကောင်း ကင် ကြယ် လုံး ရေ ထက် များ ပြား စေ သော် လည်း ပေါက် ထွက် စ ကျိုင်း ပျံ လွှား သ ကဲ့ သို့ ထွက် ပြေး ကြ လိမ့် မည်။ 17မှူး မတ် တို့ နှင့် ဗိုလ် ချုပ် တို့ သည် ညဉ့် နေ ချမ်း အ ခါ စည်း ရိုး များ၌ ခို နေ လျက် နေ ထွက် သော အ ခါ ရွှေ့ ရာ အ ရပ် ကို မ သိ ရ သည့် တိုင် အောင် ပျံ လွှား တတ် သော ကျိုင်း အုပ် ကျိုင်း စု သ ဘွယ် ဖြစ် ကြ၏။ 18အို အာ ရှု ရိ ဘု ရင် သင့် အ ထိန်း အ ကျောင်း တို့ သည် ခေါင်း ချ လျက် ဗိုလ် မင်း တို့ သည် ကျ လျောင်း လျက် ပြည် သူ ပြည် သား တို့ လည်း အ စု အ ရုံး မဲ့ တောင် တန်း ပေါ် တွင် က စဉ့် က ရဲ ရှိ ကြ သည် တ ကား 19ပြင်း ထန် စွာ သင် ခံ ရ သော ဒဏ် ချက် ကို ကု သ၍ မ ရ သင့် မ သ မာ မှု ကို မ ခံ ဘဲ နေ ရ သော လူ တ မျိုး မျှ မ ရှိ သည့် အ တိုင်း သင့် အ ကြောင်း သ တင်း ကြား ရ သူ အ ပေါင်း တို့ သည် လက် ပမ်း ပေါက် ခတ် ကြ လိမ့် သ တည်း ဟု မိန့် တော် မူ၏။
လက်ရှိရွေးချယ်ထားမှု
နာ~ဟုံ~ကျမ်း။ 3: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.