YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 23

23
ကောင်းမြတ်သောသိုးထိန်း
ဒါဝိဒ်​၏​ဆာလံ
1ထာဝရဘုရား​သည် ငါ​၏​သိုးထိန်း ဖြစ်​တော်မူ​၏​။ ငါ​သည်​ချို့တဲ့​ခြင်း​မ​ရှိ​ရ​။
2စိမ်းလန်း​သော​ကျက်စား​ရာ​အရပ်​၌ ငါ့​ကို​လဲလျောင်း​စေ​တော်မူ​၏​။ သာယာ​သော​မြစ်​နား​သို့ ငါ့​ကို​လမ်းပြ​တော်မူ​၏​။
3ငါ​၏​စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​တော်မူ​၏​။
နာမ​တော်​ကို​ထောက်၍ ဖြောင့်မတ်​ခြင်း​လမ်း​ထဲ၌ ငါ့​ကို​ပို့ဆောင်​တော်မူ​၏​။
4အကယ်၍ သေ​ခြင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်ဝှမ်း​၌ လျှောက်သွား​ရ​သော်လည်း
အကျွန်ုပ်​သည် ဘေးအန္တရာယ်​ကို​မ​ကြောက်​ပါ​။
အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်မူ​၏​။
ကိုယ်တော်​၏​လှံတံ​တော်​နှင့်​တောင်ဝှေး​တော်​သည် အကျွန်ုပ်​ကို​နှစ်သိမ့်ပေး​ပါ​၏​။
5အကျွန်ုပ်​၏​ရန်သူ​တို့​ရှေ့​၌ ကိုယ်တော်​သည် အကျွန်ုပ်​အတွက်​စားပွဲ​ကို တည်ခင်း​တော်မူ​၏​။
အကျွန်ုပ်​၏​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်မူ​၏​။ အကျွန်ုပ်​၏​ခွက်ဖလား​သည် လျှံ​လျက်​ရှိ​ပါ​၏​။
6အကယ်စင်စစ် အကျွန်ုပ်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကောင်းမြတ်​တော်မူ​ခြင်း​နှင့်​မေတ္တာကရုဏာ​တော်​သည်
အကျွန်ုပ်​နှင့်အတူ​လိုက်ပါ​လာ​လိမ့်မည်​။
အကျွန်ုပ်​သည်​လည်း ထာဝရဘုရား​၏​အိမ်​တော်​၌ အစဉ်အမြဲ​နေ​ရ​ပါ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။