YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 6:16-24

ရှင်မဿဲခရစ်ဝင် 6:16-24 MSBU

သင်​တို့​သည် အစာရှောင်​ကြ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မျက်နှာ​ညှိုးငယ်​ခြင်း​မ​ရှိ​စေ​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​အစာရှောင်​နေ​ကြောင်း လူ​တို့​ရှေ့၌​ထင်ရှား​စေရန် မျက်နှာ​ရှုံ့မဲ့​ထား​တတ်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ သို့သော် သင်​သည် အစာရှောင်​သောအခါ မိမိ​အစာရှောင်​နေ​ကြောင်း​ကို လူ​တို့​ရှေ့၌​မ​ထင်ရှား​စေ​ဘဲ မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ရှေ့​တော်​၌​သာ ထင်ရှား​စေရန် သင်​၏​ခေါင်း​ကို​ဆီ​လိမ်း​၍ သင်​၏​မျက်နှာ​ကို​သစ်​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။ ပိုးမွှား​နှင့်​သံချေး​ဖျက်ဆီး​တတ်​၍ သူခိုး​များ​ဖောက်ထွင်း​ခိုးယူ​နိုင်​ရာ မြေကြီး​ပေါ်၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အတွက် သိုမှီး​မ​ထား​ကြ​နှင့်။ ပိုးမွှား​နှင့်​သံချေး​မ​ဖျက်ဆီး​တတ်၊ သူခိုး​များ​လည်း မ​ဖောက်ထွင်း​မ​ခိုးယူ​နိုင်​ရာ​ကောင်းကင်​ဘုံ​၌ သင်​တို့​အတွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သိုမှီး​ထား​ကြ​လော့။ အကြောင်းမူကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေရာ​၌ သင်​၏​စိတ်နှလုံး​လည်း ရောက်​တတ်​၏။ မျက်စိ​သည် ကိုယ်ခန္ဓာ​၏​ဆီမီး​ဖြစ်​၏။ ထို့ကြောင့် သင်​၏​မျက်စိ​ကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​တောက်ပ​နေ​လိမ့်မည်။ သို့သော် သင်​၏​မျက်စိ​မကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​မှောင်မိုက်​နေ​လိမ့်မည်။ သို့ဖြစ်၍ သင်​၌​ရှိ​သော​အလင်း​သည် အမှောင်​ဖြစ်​လျှင် ထို​အမှောင်​သည် မည်မျှလောက် မှောင်​လိမ့်မည်​နည်း။ မည်သူမျှ သခင်​နှစ်​ဦး​ကို အစေခံ​၍​မ​ရ​နိုင်။ အကြောင်းမူကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်မည်။ သို့မဟုတ် တစ်​ဦး​ကို​သစ္စာစောင့်​၍ တစ်​ဦး​ကို​မထီမဲ့မြင်​ပြု​လိမ့်မည်။ သင်​တို့​သည် ဘုရားသခင်​နှင့်​လောကီ​စည်းစိမ်​တို့​ကို တစ်ပြိုင်တည်း​အစေခံ​၍​မ​ရ​နိုင်​ကြ။

ရှင်မဿဲခရစ်ဝင် 6:16-24 အကြောင်း ဗီဒီယိုများ

​ရှင်မဿဲခရစ်ဝင် 6:16-24 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။