ထိုအရာတို့ကို အမြဲတမ်းအမှတ်ရလျက် ငါ့စိတ်ဝိညာဉ်သည် ညှိုးငယ်ရပါပြီ။ သို့သော် ပြန်၍ဆင်ခြင်ကြည့်သောအခါ ငါ၌ မျှော်လင့်ချက်ရှိလာပါပြီ။ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကြောင့် ငါတို့သည် ပျက်စီးခြင်းသို့မရောက်ပါ။ ကိုယ်တော်၏သနားစုံမက်ခြင်းသည်လည်း အဆုံးမရှိပါ။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံစားရပါ၏။ သစ္စာတော်သည် ကြီးမြတ်တော်မူပါ၏။ “ထာဝရဘုရားသည် ငါ၏ဝေစုဖြစ်တော်မူ၏”ဟု ငါ့စိတ်ထဲ၌ဆိုလျက် ကိုယ်တော်ကို မျှော်လင့်ကိုးစားပါမည်။ ထာဝရဘုရားကို စောင့်မျှော်သောသူ၊ ထာဝရဘုရားကို ရှာသောသူကို ကိုယ်တော်ကောင်းစားစေတော်မူပါ၏။ ထာဝရဘုရား၏ကယ်တင်ခြင်းကို ငြိမ်ဝပ်စွာမျှော်လင့်စောင့်စားသောသူသည် ကောင်းကျိုးကို ခံစားရ၏။ လူသည် ငယ်ရွယ်စဉ်အခါ ထမ်းပိုးထမ်းသည်မှာ ကောင်းပေ၏။ သူ့အပေါ် ထမ်းပိုးကို တင်တော်မူသည်ဖြစ်၍ သူသည် တစ်ယောက်တည်း ငြိမ်ဝပ်စွာထိုင်နေစေ။ မျှော်လင့်ချက်ရှိကောင်းရှိနိုင်သည်ဖြစ်၍ သူသည် မျက်နှာကို မြေမှုန့်၌အပ်ပါစေ။
ယေရမိမြည်တမ်းစကား 3 ကို ဖတ်ရှုရန်
နားထောင်ရန် ယေရမိမြည်တမ်းစကား 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိမြည်တမ်းစကား 3:20-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ