ယေရမိမြည်တမ်း 3:20-29
ယေရမိမြည်တမ်း 3:20-29 Judson Bible (JBMLE)
ဧကန်အမှန် အောက်မေ့တော်မူလိမ့်မည်။ ထိုသို့ အကျွန်ုပ်၏စိတ်နှလုံးသည် ဆင်ခြင်၍သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။ ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ ငါ့ဝိညာဉ်၏သဘောဟူမူကား၊ ထာဝရဘုရားသည် ငါ၏အဖို့ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်ကို ငါမျှော်လင့်ပါ၏။ ကိုယ်တော်ကို မျှော်လင့်သောသူနှင့် ကိုယ်တော်ကို ရှာသောသူ၏စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။ ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက်၊ ငြိမ်ဝပ်စွာစောင့်၍နေကောင်း၏။ လူသည် အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်းကောင်း၏။ ထမ်းပိုးကို တင်တော်မူသောကြောင့် တစ်ယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။ မျှော်လင့်စရာအခွင့် ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။
ယေရမိမြည်တမ်း 3:20-29 Common Language Bible (BCL)
ယင်းသို့အခါတလဲလဲဆင်ခြင်၍ ငါ၏စိတ်ကိုညှိုးငယ်စေပါ၏။ သို့ရာတွင်မျှော်လင့်ချက်ကိုပြန်လည်ရရှိစေသည့် အချက်မှာအောက်ပါတို့ကိုသတိရခြင်းဖြစ်သည်။ ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။ ထာဝရဘုရားသည်ငါ့အဖို့ဖြစ်သဖြင့် ငါသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။ ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။ သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။ ယင်းသို့သည်းခံစောင့်မျှော်မှုကို အသက်ပျိုရွယ်စဉ်အခါကလေ့ကျက် ခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါ၏။ ငါတို့ဒုက္ခရောက်ချိန်၌သည်းခံလျက် တိတ်ဆိတ်စွာတစ်ကိုယ်တည်းထိုင်နေရကြမည်။ မျှော်လင့်ဖွယ်ရှိကောင်းရှိဦးမည်ဖြစ်၍ငါတို့သည် ဝန်ခံလျက်မြေသို့ခေါင်းငုံ့သင့်ကြ၏။
ယေရမိမြည်တမ်း 3:20-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအရာတို့ကို အမြဲတမ်းအမှတ်ရလျက် ငါ့စိတ်ဝိညာဉ်သည် ညှိုးငယ်ရပါပြီ။ သို့သော် ပြန်၍ဆင်ခြင်ကြည့်သောအခါ ငါ၌ မျှော်လင့်ချက်ရှိလာပါပြီ။ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကြောင့် ငါတို့သည် ပျက်စီးခြင်းသို့မရောက်ပါ။ ကိုယ်တော်၏သနားစုံမက်ခြင်းသည်လည်း အဆုံးမရှိပါ။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံစားရပါ၏။ သစ္စာတော်သည် ကြီးမြတ်တော်မူပါ၏။ “ထာဝရဘုရားသည် ငါ၏ဝေစုဖြစ်တော်မူ၏”ဟု ငါ့စိတ်ထဲ၌ဆိုလျက် ကိုယ်တော်ကို မျှော်လင့်ကိုးစားပါမည်။ ထာဝရဘုရားကို စောင့်မျှော်သောသူ၊ ထာဝရဘုရားကို ရှာသောသူကို ကိုယ်တော်ကောင်းစားစေတော်မူပါ၏။ ထာဝရဘုရား၏ကယ်တင်ခြင်းကို ငြိမ်ဝပ်စွာမျှော်လင့်စောင့်စားသောသူသည် ကောင်းကျိုးကို ခံစားရ၏။ လူသည် ငယ်ရွယ်စဉ်အခါ ထမ်းပိုးထမ်းသည်မှာ ကောင်းပေ၏။ သူ့အပေါ် ထမ်းပိုးကို တင်တော်မူသည်ဖြစ်၍ သူသည် တစ်ယောက်တည်း ငြိမ်ဝပ်စွာထိုင်နေစေ။ မျှော်လင့်ချက်ရှိကောင်းရှိနိုင်သည်ဖြစ်၍ သူသည် မျက်နှာကို မြေမှုန့်၌အပ်ပါစေ။