ယေဇကျေလအနာဂတ္တိကျမ်း 5
5
ဂျေရုဆလင်မြို့ကျဆုံးပုံကို သရုပ်ပြခြင်း
1အချင်းလူသား၊ ဆံသသမား၏သင်တုန်းဓားကဲ့သို့ ထက်သောဓားကိုယူ၍ သင့်ဆံပင်နှင့်မုတ်ဆိတ်မွေးတို့ကို ရိတ်လော့။ ထို့နောက် ချိန်ခွင်ဖြင့်ချိန်၍ အစုစုခွဲထားလော့။ 2မြို့ကိုဝိုင်းထားသောနေ့စေ့သောအခါ ထိုအထဲမှ သုံးပုံတစ်ပုံကို မြို့ထဲတွင် မီးရှို့ပစ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို မြို့ထဲလှည့်လည်၍ ဓားဖြင့်ခုတ်ဖြတ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို လေထဲသို့လွှင့်ပစ်လိုက်လော့။ ငါသည် ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။ 3ထိုအထဲမှ အနည်းငယ်ကိုယူ၍ သင့်ဝတ်ရုံအနားစတွင် ထုပ်ထားလော့။ 4တစ်ဖန် ထိုအထဲမှ အနည်းငယ်ကိုယူပြီး မီးထဲသို့ပစ်ချ၍ မီးရှို့ပစ်လော့။ ထိုမီးသည် အစ္စရေးတစ်မျိုးနွယ်လုံးသို့ ပြန့်သွားလိမ့်မည်။
5ဘုရားရှင်ထာဝရဘုရားက ‘ဤသည်ကား ဂျေရုဆလင်မြို့တည်း။ ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးတကာတို့အလယ်၊ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံတို့အလယ်တွင် ချထား၏။ 6သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။
7ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် သင်တို့ဝန်းကျင်ရှိလူမျိုးတကာတို့ထက် သာ၍သောင်းကျန်း၏။ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို မလိုက်နာ၊ ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းကြ။ သင်တို့ဝန်းကျင်ရှိ လူမျိုးတကာတို့၏စီရင်ထုံးဖွဲ့ချက်တို့ကိုပင် မပြုကျင့်နိုင်ကြ’ဟု မိန့်တော်မူ၏။ 8ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် သင့်ကိုစီရင်မည်။ လူမျိုးတကာတို့ရှေ့တွင် သင့်ကိုစီရင်မည်။ 9သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ကြောင့် ငါမပြုဖူးသော၊ နောင်တွင်လည်း ပြုမည်မဟုတ်သောအမှုကို သင်၌ငါပြုမည်။ 10သင်တို့ထဲတွင် မိဘတို့သည် သားသမီးအသား စားကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘအသား စားကြလိမ့်မည်။ ငါသည် သင့်ကို အပြစ်ဒဏ်ပေးမည်။ ကြွင်းကျန်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်စေမည်’ဟု မိန့်တော်မူ၏။
11ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။ 12လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။ 13‘သို့မှ ငါ့အမျက်ပြေမည်။ သူတို့ကို အမျက်ဒဏ်ခံစေပြီးမှ ငါ့စိတ်ချင်ရဲပြေမည်။ ငါ့အမျက်ငြိမ်းပြီးမှ ငါထာဝရဘုရား စိတ်အားကြီးစွာဖြင့် မိန့်ဆိုခဲ့ကြောင်းကို သူတို့သိရကြလိမ့်မည်။
14ငါသည် သင့်ကို ပြိုပျက်ရာ ဖြစ်စေမည်။ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့အလယ်၊ ဖြတ်သန်းသွားလာသူတို့အမြင်တွင် ကဲ့ရဲ့စရာဖြစ်စေမည်။ 15ငါသည် အမျက်ဒေါသပြင်းစွာဖြင့် သင့်ကိုဆုံးမ၍ အပြစ်ဒဏ်ပေးသောအခါ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့တွင် သင်သည် ကဲ့ရဲ့စရာ၊ ပုတ်ခတ်စရာ၊ ခိုင်းနှိုင်းစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ။ 16ငါသည် သင်တို့ထံ သေစေနိုင်သောငတ်မွတ်ခေါင်းပါးခြင်းမြားကို ပစ်လွှတ်လိုက်သောအခါ၊ သင်တို့ကို ဖျက်ဆီးပစ်မည့် ဖျက်ဆီးခြင်းမြားကိုပစ်လွှတ်သောအခါ သင်တို့၌ ပို၍ဆိုးရွားသောငတ်မွတ်ခေါင်းပါးခြင်းဘေး ဖြစ်လိမ့်မည်။ သင်တို့၏စားနပ်ရိက္ခာ#5:16 တိုက်ရိုက်ပြန်ဆိုလျှင် “တောင်ဝှေး”။ကို ဖြတ်တောက်ပစ်မည်။ 17သင်တို့ထံ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို စေလွှတ်မည်၊ သားရဲတိရစ္ဆာန်တို့ကို စေလွှတ်မည်။ သင်တို့သည် သားသမီးမဲ့ ဖြစ်ကြလိမ့်မည်။ ကပ်ရောဂါဘေး၊ သေဘေးတို့ သင့်ထံရောက်လာမည်။ သင့်အပေါ် ဓားဘေးကျရောက်စေမည်’ဟူ၍ ငါထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: