ယေဇကျေလအနာဂတ္တိကျမ်း 4
4
ဂျေရုဆလင်မြို့ ရန်သူဝိုင်းခံရပုံကိုသရုပ်ပြခြင်း
1အချင်းလူသား၊ အုတ်ချပ်တစ်ချပ်ကိုယူ၍ သင့်ရှေ့တွင်ထားပြီးလျှင် ထိုအုတ်ချပ်ပေါ်တွင် ဂျေရုဆလင်မြို့ပုံကို ရေးဆွဲလော့။ 2ထို့ပြင် ထိုမြို့ကို ဝိုင်းထားသောပုံ၊ ခံတပ်ကိုတည်ထားသောပုံ၊ မြေကတုတ်ကိုလုပ်ထားသောပုံ၊ တပ်စခန်းချ၍ မြို့ပတ်ပတ်လည်တွင် တုံးမောင်းတို့ကိုချထားသောပုံကို လုပ်လော့။ 3ထို့နောက် သံပြားတစ်ချပ်ကိုယူ၍ သင်နှင့်မြို့ပုံအကြားတွင် သံမြို့ရိုးသဖွယ် ကာထားလော့။ သင်သည် မြို့ဘက်သို့ စိုက်ကြည့်လော့။ ထိုအခါ မြို့သည် ဝိုင်းထားခြင်းခံရသကဲ့သို့ ဖြစ်မည်။ ဤသို့ မြို့ကိုဝိုင်းထားခြင်းသည် အစ္စရေးအမျိုးအနွယ်တို့အတွက် နိမိတ်လက္ခဏာဖြစ်၏။
4ထို့နောက် သင်သည် လက်ဝဲဘက်သို့စောင်းအိပ်ပြီး အစ္စရေးအမျိုးအနွယ်၏အပြစ်ကို ခံယူလော့။ သင်စောင်းအိပ်သည့်နေ့ရက်ပေါင်းသည် သူတို့၏အပြစ်ကို သင်ခံယူသောနေ့ရက်ဖြစ်၏။ 5သူတို့အပြစ်ပြုခဲ့သောနှစ်နှင့်အညီ သင်အပြစ်ခံယူရမည့်နေ့ရက်အရေအတွက်မှာ ရက်ပေါင်းသုံးရာ့ကိုးဆယ်ဟု ငါသတ်မှတ်၏။ ဤသည်မှာ အစ္စရေးအမျိုးအနွယ်တို့၏အပြစ်ကို သင်ခံယူရမည့်ရက်ဖြစ်၏။ 6ရက်စေ့သောအခါ လက်ယာဘက်သို့ တစ်ဖန်စောင်းအိပ်ပြီး ယုဒအမျိုးအနွယ်၏အပြစ်ကို ခံယူရမည်။ တစ်ရက်ကို တစ်နှစ်အဖြစ်သတ်မှတ်၍ ရက်ပေါင်းလေးဆယ် သင်စောင်းအိပ်ရမည်။ 7သင်ဝိုင်းထားသောဂျေရုဆလင်မြို့ကို စိုက်ကြည့်လော့။ လက်သီးလက်မောင်းတန်းလျက် ထိုမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောရမည်။ 8သင်မြို့ကိုဝိုင်းထားရမည့်နေ့ရက်မပြီးဆုံးမီ ဟိုဘက်သည်ဘက်လှည့်၍မရအောင် ငါသည် သင့်ကို ကြိုးဖြင့်ချည်ထားမည်။
9ဂျုံဆန်၊ မုယောဆန်၊ ပဲကြီး၊ ပဲနီ၊ ဆပ်၊ ပန်းဂျုံတို့ကိုယူ၍ အိုးတစ်လုံးတွင်ထည့်ထား၍ မုန့်လုပ်ရမည်။ သင်စောင်းအိပ်ရသောရက်ပေါင်း သုံးရာ့ကိုးဆယ်တွင် ထိုမုန့်ကို စားရမည်။ 10ထိုမုန့်ကို တစ်နေ့လျှင် အချိန်နှစ်ဆယ်ရှယ်ကယ်#4:10 “15 ကျပ်သား သို့မဟုတ် 230 ဂရမ်”။ ချိန်၍ စားရမည်။ သတ်မှတ်ထားသောအချိန်တွင် စားရမည်။ 11ရေကိုလည်းချင့်ပြီး တစ်နေ့လျှင် တစ်ဟိန်၏ခြောက်ပုံတစ်ပုံ#4:11 “0.16 လီတာ”။သောက်ရမည်။ သတ်မှတ်ထားသောအချိန်တွင် သောက်ရမည်။ 12လူတို့ရှေ့တွင် လူ့မစင်ခြောက်ကို မီးဆိုက်၍ မုယောမုန့်ပြားဖုတ်ပြီး စားရမည်”ဟု မိန့်ဆို၏။ 13ထာဝရဘုရားက “အစ္စရေးအမျိုးသားတို့ကို ငါနှင်ထုတ်၍ သူတို့ရောက်ရှိရာ လူမျိုးခြားတို့အလယ်တွင် သူတို့သည် မစင်ကြယ်သောအစာကို စားရမည်”ဟု မိန့်တော်မူ၏။
14ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
15ထိုအခါ ကိုယ်တော်က “သို့ဖြစ်လျှင် လူ့မစင်အစား နွားချေးကိုပေးမည်။ ထိုနွားချေးနှင့် မုန့်ကိုဖုတ်ရမည်”ဟု မိန့်တော်မူ၏။ 16တစ်ဖန် ကိုယ်တော်က “အချင်းလူသား၊ ငါသည် ဂျေရုဆလင်မြို့၏စားနပ်ရိက္ခာ#4:16 တိုက်ရိုက်ပြန်ဆိုလျှင် “တောင်ဝှေး”။ကို ဖြတ်တောက်ပစ်မည်။ သူတို့သည် မုန့်ကိုချိန်လျက် စိုးရိမ်ပူပန်စိတ်ဖြင့် စားရလိမ့်မည်။ ရေကိုချင့်လျက် ထိတ်လန့်စွာ သောက်ရလိမ့်မည်။ 17မုန့်နှင့်ရေ ရှားပါးသောကြောင့် သူတို့သည် တစ်ဦးကိုတစ်ဦး တအံ့တဩကြည့်ကြလိမ့်မည်။ ကိုယ့်အပြစ်ကြောင့် ခွန်အားယုတ်လျော့သွားကြလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 4: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: