1
တောလည်ရာကျမ်း 22:28
မြန်မာ့စံမီသမ္မာကျမ်း
MSBU
ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူသဖြင့် မြည်းက ဗာလမ်အား “ငါမည်သို့ပြုမိသဖြင့် သင်သည် ငါ့ကို ဤသို့သုံးကြိမ်ရိုက်ရသနည်း”ဟု မေးလျှင်
နှိုင်းယှဉ်
တောလည်ရာကျမ်း 22:28ရှာဖွေလေ့လာလိုက်ပါ။
2
တောလည်ရာကျမ်း 22:31
ထိုအခါ ထာဝရဘုရားသည် ဗာလမ်၏မျက်စိကို ဖွင့်တော်မူသဖြင့် ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုကိုင်လျက်လမ်း၌ရပ်နေသည်ကို ဗာလမ်မြင်၍ ဦးညွှတ်ပျပ်ဝပ်လေ၏။
တောလည်ရာကျမ်း 22:31ရှာဖွေလေ့လာလိုက်ပါ။
3
တောလည်ရာကျမ်း 22:32
ထာဝရဘုရား၏ကောင်းကင်တမန်က ဗာလမ်အား “သင်သည် မည်သည့်အတွက်ကြောင့် သင်၏မြည်းကို ဤသို့သုံးကြိမ်ရိုက်ရသနည်း။ သင်သွားသောလမ်းသည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သောကြောင့် သင့်ကိုတားဆီးရန် ငါလာ၏။
တောလည်ရာကျမ်း 22:32ရှာဖွေလေ့လာလိုက်ပါ။
4
တောလည်ရာကျမ်း 22:30
မြည်းကလည်း ဗာလမ်အား “ငါသည် ယနေ့အထိ သင်အစဉ်အမြဲစီးသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ ငါသည် သင့်အား ဤသို့ပြုလေ့ရှိသလော”ဟု ဆိုသော် ဗာလမ်က “မရှိပါ”ဟု ဆို၏။
တောလည်ရာကျမ်း 22:30ရှာဖွေလေ့လာလိုက်ပါ။
5
တောလည်ရာကျမ်း 22:29
ဗာလမ်က မြည်းအား “သင်သည် ငါ့ကို မထီလေးစားပြုပါသည်တကား။ ငါ့လက်ထဲ၌ဓားရှိလျှင် ယခုပင် သင့်ကိုငါသတ်ပြီ”ဟု ဆို၏။
တောလည်ရာကျမ်း 22:29ရှာဖွေလေ့လာလိုက်ပါ။
6
တောလည်ရာကျမ်း 22:27
မြည်းသည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်သောအခါ ဝပ်ချလေ၏။ ဗာလမ်သည် အမျက်ထွက်၍ မြည်းကိုတောင်ဝှေးဖြင့် ရိုက်ပြန်၏။
တောလည်ရာကျမ်း 22:27ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ