ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။
ထိုစကားအားလုံးကို မောရှေပြောပြီးသည်နှင့် ထိုသူတို့နင်းထားသောမြေသည် အက်ကွဲလေ၏။ မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ သူတို့နှင့်သူတို့၏အိမ်သူအိမ်သားများ၊ ကောရနှင့်ဆိုင်သောသူရှိသမျှ၊ သူတို့၏ဥစ္စာရှိသမျှတို့ကို မျိုလေ၏။