YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 16:30-32

တောလည်ရာ 16:30-32 Judson Bible (JBMLE)

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​သစ်​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ကွဲ​ပွင့်​လျက် ဤ​လူ​တို့​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​ဆိုင်​သ​မျှ​ကို​လည်း​ကောင်း​မျို၍၊ သူ​တို့​သည် အ​သက်​ရှင်​လျက် သေ​မင်း​နိုင်​ငံ​သို့​ဆင်း​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၌ ပြစ်​မှား​ကြောင်း​ကို သင်​တို့​သည် သိ​နား​လည်​ရ​ကြ​လိမ့်​မည်​ဟု၊ ပြော​ဆို​ပြီး​သည်​အ​ဆုံး၌၊ သူ​တို့​နင်း​ရာ​မြေ​ကြီး​သည် ကွဲ၍၊ မိ​မိ​ခံ​တွင်း​ကို​ဖွင့်​သ​ဖြင့်၊ သူ​တို့​နှင့် သူ​တို့​အိမ်​များ​ကို​လည်း​ကောင်း၊ ကော​ရ​နှင့်​ဆိုင်​သ​မျှ​သော​သူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း မျို​လေ၏။

တောလည်ရာ 16:30-32 Common Language Bible (BCL)

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘုရား​သည်​ယ​ခင်​က မ​ကြား​စ​ဖူး​သော​အ​မှု​ကို​ပြု​တော်​မူ​ခြင်း အား​ဖြင့် သူ​တို့​နှင့်​တ​ကွ​သူ​တို့​ပိုင်​ဆိုင်​သ​မျှ ပစ္စည်း​များ​ကို​မြေ​မျို​လိုက်​သော​ကြောင့် သူ​တို့ သည်​အ​ရှင်​လတ်​လတ်​သေ​ဆုံး​ကြ​သော် သူ တို့​ကို​ထာ​ဝ​ရ​ဘု​ရား​ပစ်​ပယ်​သည်​ဟု​သိ မှတ်​ကြ​လော့'' ဟု​လူ​အ​ပေါင်း​တို့​အား​ပြော လေ​သည်။ မော​ရှေ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက် ဒါ​သန်​နှင့်​အ​ဘိ​ရံ​အောက်​တွင်​ရှိ​သော မြေ​သည်​ကွဲ​အက်​၍၊- သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​သား​မ​ယား​များ၊ ကော​ရ​၏​နောက်​လိုက်​များ​နှင့်​သူ​တို့​ပိုင်​ဆိုင် သ​မျှ​ပစ္စည်း​များ​ကို​မြေ​မျို​လေ​၏။

တောလည်ရာ 16:30-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် မဖြစ်ဖူးသေး​သော​အမှု​ကို​ပြု​တော်မူ​သဖြင့် မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် သူ​တို့​နှင့် သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​၍ အရှင်လတ်လတ် မရဏာနိုင်ငံ​သို့ ဆင်းသွား​ရ​လျှင် သူ​တို့​သည် ထာဝရဘုရား​ကို​မထီလေးစား​ပြု​ခြင်း​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ ထို​စကား​အားလုံး​ကို မောရှေ​ပြော​ပြီး​သည်​နှင့် ထို​သူ​တို့​နင်း​ထား​သော​မြေ​သည် အက်ကွဲ​လေ​၏​။ မြေကြီး​သည် မိမိ​ခံတွင်း​ကို ဖွင့်​၍ သူ​တို့​နှင့်​သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ ကောရ​နှင့်ဆိုင်သော​သူ​ရှိသမျှ​၊ သူ​တို့​၏​ဥစ္စာ​ရှိသမျှ​တို့​ကို မျို​လေ​၏​။