ဖိလိပ္ပိ 3:21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့
(၅) ရက်
ဖိလိပ္ပိအသင်းတော်ထံ တမန်တော်ကြီး ရှင်ပေါလုရေးသော ဩဝါဒစာသည် ရာစုနှစ်များစွာ တည်ရှိပြီး ကျွန်တော်တို့၏ စိတ်ဝိညာဉ်အတွက် ဓမ္မအဟာရဖြစ်သလို စိန်ခေါ်ဖွယ်ရာလည်း ဖြစ်သည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ လွန်ခဲ့သောရာစုနှစ်များစွာက ရှင်ပေါလုပြုစုခဲ့သော ဖိလိပ္ပိဩဝါဒစာ၏ အရသာကို မြည်းစမ်းစေသည်။ ဤဝမ်းမြောက်ခြင်းနှင့် ပြည့်ဝသောဩဝါဒစာကို ဖတ်ရှုခြင်းဖြင့် အံ့သြဖွယ်မျှော်လင့်ခြင်းကို ရရှိခံစားပါစေ။ ဤဩဝါဒစာသည် ရှေးဖိလိပ္ပိအသင်းတော်အတွက်သာ မဟုတ်ဘဲ မိတ်ဆွေအတွက်လည်း ဖြစ်ပါသည်။

မိမိ၏အိမ်ထောင်ရေးတွင် ဝိညာဉ်တော်မှလာသောထက်သန်မှုကို မှုတ်သွင်းပါ
(၇) ရက်
"ရာသက်ပန်ချစ်ခြင်း“ ဟူသည့် စာစောင်အသစ်မှအကြောင်းအရာတွင် ဆရာ Gary Thomas သည် အိမ်ထောင်ပြုခြင်း၏ ထာဝရရည်ရွယ်ချက်ကို ပြောပြထားသည်။ မိမိ၏အိမ်ထောင်ကို နိုးကြားသောဆက်ဆံမှုရှိစေခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာအသက်တာကို သူတစ်ပါးအား ဖြန့်ဝေနိုင်ရန် ကူညီပေးသည့်သင့်တော်သော တန်ဆာပလာအကြောင်းကို လေ့လာပါ။

ဘုရားသခင်၏ အပါး (၁၀၀) မက ဘွဲ့နာမတော်များ
(၃၁) ရက်
နေ့ရက်စဉ်တိုင်းမှာ memlok သမ္မာကျမ်းလွတ်ကျက်မှတ်ခြင်းနည်းများထဲရှိ ဘုရားသခင်၏ဘွဲ့နာမတော် (၃-၄) ပါးကို ထုတ်ဖော်ချီမွမ်းပါ။ အောက်ပါကဲ့သို့ ချီးမွမ်းဆုတောင်းပါ။ ယနေ့၊ ဘုရားသခင်သည် _____ဖြစ်တော်မူသောကြောင့် အကျွန်ုပ် ချီးမွမ်းပါသည်။ ယနေ့၊ ဘုရားသခင်၏ဘွဲနာမများတွင်၊ _______ဘွဲ့နာမဖြင့် အကျွန်ုပ် အလွန်ရိုသေလေးမြတ်ပါသည်။ ကျွန်ုပ်၏ နေ့စဉ်အသက်တာမှာ ဘုရားသခင်သည်______ ဖြစ်တော်မူကြောင်း သူတစ်ပါးမြင်တွေ့စေပါ။