သမ္မာကျမ်းစာရှိ မစုံလင်သူများ နမူနာ

ရှင်အာဗြဟံ
ရှင်အာဗြဟံသည် ဂျူးယုဒဘာသာတွင် အကြီးမြတ်ဆုံး ဘိုးဘေးအဖြစ် သိမှတ်ပြုပါသည်။ သို့ရာတွင်၊ သူ၏ ဇာတိမြို့သည် ဥရမြို့ဖြစ်ပြီး၊ ပထမဦးဆုံး ဟေဗြဲလူမျိုးဖြစ်လာမီ၊ တစ်ပါးတစ်မျိုးသားတစ်ပါး ဖြစ်ခဲ့ပါသည်။ ထာဝရဘုရားသခင်သည် သူကို လူမျိုးကြီး၏ အဘဖြစ်စေရန် ရွေးချယ်တော်မူခဲ့ပါသည်။
ဘုရားသခင့်နိုင်ငံတော်အဖို့ ထူးဆန်းလှသောအမှုများတို့ကို ဆောင်ရွက်စေခြင်းငှာ ခေါ်တော်မူခဲ့သော်လည်း၊ သူသည် သာမညပုဂ္ဂိုလ်တစ်ပါးသာ ဖြစ်ခဲ့ပါသည်။ သူသည် ဘုရားသခင်ကို မသိကျွမ်းခဲ့သော မိဘများထံမှ ဆင်းသက်လာပြီး ရိုးသားသည့် သိုးထိန်းဖြစ်ခဲ့ပါသည်။ ထိုခေါ်တော်မူခြင်းအမှု၌ပင်၊ သူသည် မကောင်းမသင့်သော ရွေးချယ်မှုများကို ပြုလုပ်ခဲ့ပါသည်။ ယုဒဘာသာ၏ ဖခင်ကြီးအနေဖြင့် ကျင့်သင့်သည့်အတိုင်း အမြဲတမ်း မကျင့်ခဲ့ချေ။ သို့သော်၊ ဘုရားသခင်သည် ထိုအမှုကို ပမာဏမပြုဘဲ နေတော်မူခဲ့ပါသည်။ ဤအမှုတော်အဖို့ ဘုရားသခင်သည် ရှင်အာဗြဟံကို ဘိသိက်မင်္ဂလာပေးတော်မူခဲ့ပါသည်။ ရှင်အာဗြဟံ၏ ဇာတိပကတိကို ထလျက် ပြစ်မှားမိသောအခါ ဘုရားသခင်သည် အံ့ဩတော်မမူ။
သူသည် အလွန်ထူးခြားသော ပါရမီရှင် (သို့) ဉာဏ်ကြီးရှင်တစ်ပါး ဖြစ်ခဲ့သောကြောင့် ရွေးချယ်ခံရသည့် မဟုတ်ခဲ့ပေ။ ရှင်အာဗြဟံသည် သမ္မာကျမ်းစာတွင် ကျမ်းဂန်များကို မရေးထားသလို၊ အနာဂတ္တိစကားကို မပြောဘဲလျက် ကျောက်ပြားများပေါ်တွင် ပညတ်တရားများအား မစီရင်ခဲ့ပါဘူး။ မည်သို့ပင်ဖြစ်ပါစေ၊ အရေးအကြီးဆုံးအချက်မှာ၊ သူသည် ဘုရားသခင်၏ ခေါ်တော်မူသံကို ကြားရပြီး၊ မည်သည့်နေရာသို့ သွားရမည်ကို မသိသော်လည်း၊ သူသည် နာထာင်းလျက် ရှိရှိသမျှတို့ကို စွန့်၍ မသိကျွမ်းခဲ့သော ဒေသသို့ ထွက်သွားခဲ့ပါသည်။
ရှင်အာဗြဟံ၏ ဘဝမှ သင်ယူဖွယ်ရာ (၂) ခု ဆိုသည်မှာ၊
ဘုရားသခင်သည် လူတိုင်းကို အသုံးပြုနိုင်ပါသည်
ရှင်အာဗြဟံ၏ ဇာတ်တော်သည် မှန်ကန်သော အထောက်အထား (သို့) ပြုစုပျိုးထောင်မှုမရှိဟု ခံစားရသူများအဖို့ အားပေးရမည့် ဇာတ်တော်တစ်ပုဒ် ဖြစ်ပါသည်။ ဘုရားသခင်သည် ရှင်အာဗြဟံကို သာမညပုဂ္ဂိုလ်အဖြစ်မှ မြင့်မြတ်သောပုဂ္ဂိုလ်အဖြစ်သို့ ပြောင်းလဲစေတော်မူခဲ့သည်။ မိတ်ဆွေသည် ထင်ရှားသောမိသားစုမှ မဆင်းသက်သောကြောင့် အကျိုးနည်းပြီးဟု ခံစားရနိုင်ပါသည်။ သို့မဟုတ်၊ ဘုရားသခင်က အသုံးပြုရန် မိတ်ဆွေ၌ လုံလောက်စွာ ဉာဏ်ပညာမရှိဟုလည်း ထင်ကောင်းထင်နိုင်ပါသည်။ ထာဝရဘုရားသည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှာ၊ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြား ကြည့်ရှုလျက် ရှိတော်မူသည်တည်းဟူသော သမ္မာတရားကို ယုံကြည်လိုက်ပါ။
ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ
ဘုရားသခင်သည် ရှင်အာဗြဟံကို သူ၏ ဇာတိဒေသမှ ထွက်ခွာ၍ မသိကျွမ်းသောဒေသသို့ ထွက်သွားရန် ခေါ်တော်မူချိန်တွင်၊ ရှင်အာဗြဟံ၏ အသက်သည် (၇၅) နှစ်ပင် ဖြစ်ပါသည်။ သူသည် (၈၆) နှစ်အထိ ဖခင်တစ်ဦး မဖြစ်ခဲ့သလို၊ (၉၉) နှစ်အထိ အရေဖျားလှီးခြင်းကို မခံခဲ့ရပေ။ အကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်လာသောအခါ၊ ဘုရားသခင်က အကျွန်ုပ်ကို မသုံးပြုနိုင်ဘဲလျက် အကျိုးနည်းလှသွားပါလိမ့်မည်ဟု လူတော်တော်များများ ယဆူကြပါသည်။ အကယ်စင်စစ်၊ ကျွန်တော်တို့သည် ဤလောကကြီး၌ အသက်ရှင်နေသရွေ့၊ ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေခြင်းငှာ ရည်ရွယ်ချက်ရှိရှိ အသက်ရှင်ရမည် ဖြစ်ပါသည်။
ဘုရားသခင်သည် မိမိအလိုတော်ကို ပြည့်စုံစေဖို့ရန်အတွက် ကျွန်တော်တို့ လိုအပ်သမျှကို ပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့်၊ ကျွန်တော်တို့သည် အဆင်သင့်ဖြစ်သည်ဟု ခံစားရသည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ အလွန်ငယ်သည်ဖြစ်စေ၊ အလွန်အိုသည်ဖြစ်စေ၊ ဘုရားသခင်က သူ၏ မဟာအမှုတော်မြတ်ကို ဆောင်ရွယ်စေရန် ကျွန်တော်တို့ကို အသုံးပြုနိုင်တော်မူပါသည်။ ကိုယ်တော်သည် ဖြူစင်စေတနာရှင်များနှင့် သစ္စာရှင်များတို့ကို ရှာဖွေနေပါသည်။
ဤအစီအစဉ်အကြောင်း

မိတ်ဆွေသည် လူ့အမြင်အရ၊ အနည်းငယ် ပြစ်မှားခဲ့သည်ဖြစ်ပါစေ၊ ကြိမ်ပေါင်းများစွာ ပြစ်မှားခဲ့သည်ဖြစ်စေ၊ ဘုရားသခင်သည် မိတ်ဆွေကို အသုံးပြုတော်မူမည်။ ဤ (၇) ရက်တာ အစီအစဉ်တွင်၊ သမ္မာကျမ်းစာရှိ ပုဂ္ဂိုလ် (၆) ပါးအကြောင်းကို ဖတ်ရှုလေ့လာပါလိမ့်မည်။ ဤပုဂ္ဂိုလ်တို့သည် မိမိဇာတိဒေသ၊ အစွမ်းသတ္တိနှင့် အပြစ်ဒုစရိုက် မည်သို့ပင်ဖြစ်ခဲ့ပါစေ၊ ဘုရားသခင်သည် ထိုသူတို့ကို အသုံးပြုတော်မူခဲ့သည်။
More
စပ်ဆိုင်သောအစီအစဉ်များ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဖတ်သောအရာကို နားလည်ပါသလား
