သမ္မာကျမ်းစာရှိ မစုံလင်သူများ နမူနာ

ခြောက်ပြစ်ကင်း သဲလဲစင် မရှိ
ကျွန်တော်တို့အားလုံးသည် ခြောက်ပြစ်ကင်း သဲလဲစင် မရှိဟူသော စကားပုံကို ကြားဖူးပါပြီ။ ကျွန်တော်တို့သည် အခြားသူတစ်ပါး၏ အမှားအတွက် စိတ်သက်သာရာရစေရန် ဤစကားကို ပြောခဲ့ဖူးသလို၊ ကျွန်တော်တို့ကိုယ်တိုင် ပြစ်မှားသောအခါမှာလည်း ဤစကားဖြင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်စေဖို့ ပြောခဲ့ဖူးသည် မဟုတ်ပါလား။
သို့သော်၊ ဤစကားပုံသည် မှန်ကန်ကြောင်း ကျွန်တော်တို့ သိထားကြသော်လည်း၊ ကျွန်တော်တို့ အပြစ်မှားလုပ်မိသောအခါ၊ မိမိကိုယ်ကိုအဖို့ (သူတစ်ပါးအဖို့လည်း) ကျေးဇူးတရားနှင့် နားလည်မှုကို ပြသစေဖို့ အခက်ခဲရှိပါသည်။ ကျွန်တော်တို့ ပြစ်မှားမိသောအခါ၊ ကိုယ်၌ ကောင်းသောအရာတစ်စုံတစ်ရာ မကျန်နိုင်သလို၊ ကောင်းသောအကျင့်ကို ဆက်လက်မကျင့်နိုင်တော့ဘူးဟု မှားယွင်းစွာ တွေးမိတတ်ပါသည်။
ကျေးဇူးတော်အားဖြင့် ၎င်းအတွေးအခ်ါသည် မိစ္ဆာဒိဠိ ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်၍ အရှင်ယေရှုဘုရား၏ လက်ဝါးကပ်တိုင်ပေါ်တွင် အသက်စွန့်တော်ခြင်းကြောင့် ကျွန်တော်တို့ကို ဖြောင့်မတ်စေတော်မူပြီ။ ကျွန်တော်တို့သည် အပြစ်ဒုစရိုက်များကို ကျူလွန်းသော်လည်း ဘုရားသခင်သည် ကျွန်တော်တို့ကို ဆက်လက် အသုံးပြုစေရန်အတွက် အလိုရှိတော်မူပါသည်။
မိတ်ဆွေသည် အနည်းငယ်သာ အပြစ်မှားလုပ်မိ၍ ပြင်းထန်သောအကျိုးဆက်များ မခံစားရသည်ဖြစ်စေ၊ မိမိဘဝကို လုံးဝပျက်ဆီးခဲ့သော ကြီးမားလှသည့်အပြစ်ကို ကျူလွန်းခဲ့သည်ဖြစ်ပါစေ၊ မိတ်ဆွေသည် ဘုရားသခင်အဖို့ အသုံးရသော တန်ဆာပလာ ဖြစ်ပါသည်။ ကိုယ်တော်သည် အနန္တတန်ခိုးရှင်အနေနှင့် ဤလောကရှိ အရာအားလုံးကို အလွယ်တကူ စီရင်နိုင်သော်လည်း၊ သူ၏ ကရုဏာတော်နှင့် အထွဋ်အမြတ်အာဏာတော်အားဖြင့်၊ မိမိမဟာဇာတ်တော်ကြီးထဲသို့ ပါဝင်စေခြင်းငှာ ကျွန်တော်တို့ကို ခေါ်တော်မူပြီ။ ကိုယ်တော်သည် ကျွန်တော်တို့၏ အားသားချက်များနှင့် အားနည်းချက်များ၊ ပစ္စုပ္ပန်ဘဝနှင့် အတိတ်သမိုင်း၊ အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများအပေါ် အပြစ်အယူပါဘူး။ သူသည် မိတ်ဆွေနှင့်အတူ မိတ်သဟာယဖွဲ့စေလျက်၊ မိမိအလိုတော်ကို ပြည်စုံစေဖို့ မိတ်ဆွေကို အသုံးပြုလိုပါသည်။
ဤအစီအစဉ်ကို ဆက်လက်ဖတ်ရှုစဉ်တွင်၊ သမ္မာကျမ်းစာရှိ ပုဂ္ဂိုလ် (၆) ပါးအကြောင်းကို လေ့လာပါလိမ့်မည်။ ဤပုဂ္ဂိုလ်တို့သည် မိမိဇာတိဒေသ၊ အစွမ်းသတ္တိနှင့် အပြစ်ဒုစရိုက် မည်သို့ပင်ရှိခဲ့သည်ဖြစ်ပါစေ၊ ဘုရားသခင်သည် ထိုသူတို့ကို အသုံးပြုတော်မူခဲ့သည်။ သူတို့၏ ဇာတ်တော်များကို လေ့လာပြီးနောက်၊ မိတ်ဆွေသည်လည်း စစ်မှန်သောခွန်အားကို ရရှိခံစားပြီး မိမိအလိုတော်ကို ပြည်စုံစေရန် ဘုရားသခင်က မိတ်ဆွေကို အသုံးပြုနိုင်သည်ဟု စတင်ယုံကြည်ပါလိမ့်မည်။
ဆင်ခြင်စဉ်းစားကြပါစို့
မိတ်ဆွေသည် အပြစ်ဒုစရိုက်ကို ကျူးလွန်မိသောအခါ၊ သူတစ်ပါးကို ကျေးဇူးပြုတတ်သလို မိမိကိုယ်ကိုအပေါ်မှာလည်း ကျေးဇူးပြုတတ်ပါသလား။ ဘုရားသခင်သည် မိတ်ဆွေကို ထိရောက်စွာ အသုံးပြုနိုင်ပါသည်ဟု တကယ်ယုံကြည်ပါသလား။ အဘယ်ကြောင့်နည်း။
ဤအစီအစဉ်အကြောင်း

မိတ်ဆွေသည် လူ့အမြင်အရ၊ အနည်းငယ် ပြစ်မှားခဲ့သည်ဖြစ်ပါစေ၊ ကြိမ်ပေါင်းများစွာ ပြစ်မှားခဲ့သည်ဖြစ်စေ၊ ဘုရားသခင်သည် မိတ်ဆွေကို အသုံးပြုတော်မူမည်။ ဤ (၇) ရက်တာ အစီအစဉ်တွင်၊ သမ္မာကျမ်းစာရှိ ပုဂ္ဂိုလ် (၆) ပါးအကြောင်းကို ဖတ်ရှုလေ့လာပါလိမ့်မည်။ ဤပုဂ္ဂိုလ်တို့သည် မိမိဇာတိဒေသ၊ အစွမ်းသတ္တိနှင့် အပြစ်ဒုစရိုက် မည်သို့ပင်ဖြစ်ခဲ့ပါစေ၊ ဘုရားသခင်သည် ထိုသူတို့ကို အသုံးပြုတော်မူခဲ့သည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဖတ်သောအရာကို နားလည်ပါသလား

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်
