YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖန်ဆင်းရှင်၊ လက်သမား၊ ဥယာဉ်စောင့်နှင့် မဟာရာဇ ဖြစ်တော်မူသော အရှင်ယေရှုဘုရားနမူနာ

Jesus the Creator, Carpenter, Gardener, and King

4 ၏ နေ့ 4

လွန်ခဲ့သောသုံးရက်တွင်၊ ဖန်ဆင်းရှင်၊ လက်သမားနှင့် ဥယာဉ်စောင့် အရှင်ယေရှုဘုရားအကြောင်းကို စေ့စေ့လောလာပါပြီ။ ယနေ့၊ နိစ္စထာဝရပလ္လင်တော်အပေါ်၌ ထိုင်တော်မူသော မဟာရာဇ အရှင်ယေရှုဘုရားနှင့် သူ၏ ပြန်ကြွလာတော်မူခြင်းအကြောင်းကို ဖတ်ရှုလေ့လာပါလိမ့်မည်။

အောက်ပါကျမ်းပိုဒ်များသည် ကျွန်တော်၏ အကြိုက်နှစ်သက်ဆုံးသော ကျမ်းပိုဒ်များ ဖြစ်ပါသည်။ (ဟေရှာ၊ ၆၀) နှင့် (ဗျာ၊ ၂၁) တို့သည် ယေရုရှလင်မြို့သစ်ကို ဖော်ပြထားပါသည်။ ဤယေရုရှလင်မြို့သစ်၌ မဟာရာဇ အရှင်ယေရှုဘုရားသည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။

ဤနိစ္စထာဝရမြို့တော်သစ်ကို စေ့စေ့ကြည့်ရှုကြပါစို့။ သမုဒ္ဒရာ၏ ကြွယ်ဝခြင်းသည် ဤမြို့တော်သို့ ပြောင်းလဲ၍၊ ရွှေငွေများကို အဝေးမှဆောင်ခဲ့ခြင်းငှာ၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ဤမြို့တော်ကို စောင့်နေ၍၊ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်သည် ဤမြို့တော်သို့ ရောက်လိမ့်မည်။ တာရှုသင်္ဘောတို့သည် အဦးပြုကြလျက် ကုလားအုတ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှဖြစ်သော ကုလားအုတ်မျိုးတို့သည် ဤမြို့တော်ကို နှံ့ပြားကြလိမ့်မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့် လောဗန်ကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။ အရှင်ယေရှုဘုရားသည် ၎င်းလူများအား မိမိတို့၏ အကောင်းဆုံးယဉ်ကျေးမှုလက်ရာများနှင့် စည်းစိမ်ဥစ္စာရတနာများကို သူ၏ နိစ္စထာဝရနိုင်ငံတော်သို့ ယူဆောင်လာရန် ဖိတ်ခေါ်တော်မူသည်။

ကျမ်းပြုဆရာ အန်တီရိုက် (N.T Wright) က၊ မိမိ၏ ပန်းချီဆွဲခြင်း၊ တရားဟောခြင်း၊ သီချင်းဆိုခြင်း၊ စက်ချုပ်ခြင်း၊ ဆေးရုံများဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ တရားမျှတစီရင်ခြင်း၊ ကဗျာရေးခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ခြင်းစသည့် အမှုများသည် ဘုရားသခင်၏ နိုင်ငံတော်၌ တည်တံ့ပါလိမ့်မည်ဟု ပြောဆိုခဲ့ပါသည်။ ၎င်းအရာတို့သည် ဝါသနာသက်သက် မဟုတ်ဘဲ ဘုရားသခင်၏ နိုင်ငံတော်ကို ပိုမိုတိုးပွားစေသောအရာများ ဖြစ်ကြပါသည်။

ကျွန်တော်တို့၏ ပြုသောအမှုနှင့် သမ္မာအာဇီဝသည် အလွန်တရာ ရေးကြီးလှပါသည်။

ဘုရားသခင်၏ နိုင်ငံတော်၌ လူသားတို့၏ ယဉ်ကျေးမှုအမျိုးမျိုးတို့ကို ရှိပါလိမ့်မည်။ ၎င်းကျမ်းပိုဒ်ကို ထောက်လျက် ဘုရားသခင်၏ နိုင်ငံတော်သည် ကမ္ဘာတစ်ဝန်းရှိ တင့်တယ်လှပသော ယဉ်ကျေးမှုများဖြင့် ပြည့်စုံစေပါလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ကျွန်တော်တို့သည် ကောင်းသောအကျင့်နှင့် သမ္မာအာဇီဝကို ထိရောက်စွာ ပြုလုပ်ခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေပါလိမ့်မည်ဟု ဆုတောင်းလျက် ယုံကြည်မျှော်လင့်ပါသည်။ မဟာရာဇ အရှင်ယေရှုဘုရားသည် မိမိ၏ တီထွင်မှုများနှင့် ယဉ်ကျေးမှုလက်ရာများကို ယူဆောင်၍ မိမိနိုင်ငံတော်၌ တည်ကောင်းတည်နိုင်ပါသည်။

မိတ်ဆွေသည် ဤအစီစဉ်ကို ကြိုက်နှစ်သက်ပါက၊ ဤပတ်စဉ်ရှိ သမ္မာအာဇီဝနှင့်ပတ်သက်သော ခွန်အားဖွယ်ရာ ဓမ္မစာကိုလည်း ကြိုက်နှစ်သက်ပါလိမ့်မည်။ ယခုရယူပါ။

ဤအစီအစဉ်အကြောင်း

Jesus the Creator, Carpenter, Gardener, and King

သမ္မာကျမ်းစာတွင်၊ အရှင်ယေရှုဘုရားသည် သူ့ကိုယ်တော်တိုင် ဖန်ဆင်းရှင် (အစအဦး၌)၊ လက်သမား (သူ့ခမည်းတော်၏အိမ်၌)၊ ဥယျာဉ်စောင့် (ရှင်ပြန်ထမြောက်သောအချိန်၌)နှင့် မဟာရာဇ (ယေရုရှလင်မြို့သစ်၌) အဖြစ် ဖော်ပြထားစေတော်မူသည်။ ဤအစီစဉ်သည် မိတ်ဆွေအား ဤထင်ရှားမှုတစ်ခုစီကို ပိုမိုနက်ရှိုင်းစွာ တန်ဖိုးထားစေပြီး၊ မိမိနေ့စဉ်ပြုသော အလုပ်၏ နက်အဓိပ္ပာယ်ကို ပိုမိုနားလည်သဘောပေါက်စေပါလိမ့်မည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာဂျော်ဒန်ရေနာ (Jordan Raynor) ကို ကျေးဇူတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ https://jordanraynor.com/carpenter သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။