ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်းနမူနာ

ကောရိန်သုဩဝါဒစာဒုတိယစောင်၏နိဒါန်း
ဤဩဝါဒစာသည် ရှင်ပေါထံမှ ကောရိန်သုသားများအတွက် ဒုတိယစာစောင် ဖြစ်သည်။ (ရှင်ပေါလုသည် အခြားဩဝါဒစာများကို ရေးသားခဲ့သော်လည်း ထိုစာစောင်များသည် ပျောက်ဆုံးသွားကြောင်း ကျမ်းစာပညာရှင်တချို့ ပြောဆိုကြပသည်)။ ရှင်ပေါလုသည် ကောရိန်သုသားတို့၏ အပြစ်ဒုစရိုက်များကို ဆုံးမပြုပြင်ဖို့ရန် ပထမစာစောင်ကို ရေးသားခဲ့ခြင်းဖြစ်သည်ကို ကျွန်ုပ်တို့သိပြီးဖြစ်သည်။ ၎င်းဩဝါဒစာအားဖြင့် ကောရိန်သုသား အမြောက်အမြား မိမိအပြစ်မှားများကို ဝန်ခံကြခဲ့သည်။ အေဒီ (၅၅-၅၇) ဝန်းကျင်တွင်၊ ရှင်ပေါလုသည် ဤဒုတိယဩဝါဒစာကို ရေးသားခဲ့သည်။
ကောရိန်သုဩဝါဒစာဒုတိယစောင်တွင် ရှင်ပေါလုသည် မိမိစိတ်နှလုံးကို ပိုမိုဖွင့်ပြပြီး မိမိဘဝအတွေ့အကြုံများကိုလည်း ပွင့်လင်းစွာ မျှဝေခဲ့သည်။ ရှင်ပေါလုသည် ကောရိန်သုသားများအတွက် မေတ္တာနှင့်တကွ ဆက်ကပ်အပ်နှံလုပ်ဆောင်ခဲ့သည်ကို ဖော်ပြလျက်၊ တမန်တော်ကဲ့သို့ သူ၏အခွင့်အာဏာသည်လည်း လိုအပ်သည်ကို ခံစားကြောင်း ဖော်ပြခဲ့သည်။
ဤအစီအစဉ်အကြောင်း

လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။
More
ဆက်စပ်နေသောအစီအစဉ်များ

BibleProject | ရှင်ယောဟန်၏စာစောင်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ရှင်ပေါလု၏စာစောင်များ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ထာဝရပရဟိတ

အသိနဲ့သတိရဲ့အလွန်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်
