YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်းနမူနာ

The New Testament in 90 Days

90 ၏ နေ့ 54

ဂလာတိဩဝါဒစာ၏အနိဒါန်း

အေဒီ (၄၉) ဝန်းကျင်တွင်၊ ရှင်ပေါလုသည် ဂလာတိရှိအသင်းတော်များထံသို့ ဤဩဝါဒစာကို ရေးသားခဲ့သည်။ ရှင်ပေါလုသည် ဤအသင်းတော်များကို တည်ထောင်၍ အသင်းသူအသင်းသားများနှင့် ကောင်းမွန်စွာ မိတ်ဖွဲ့ခဲ့သည်။ ထိုအတွက်ကြောင့်၊ ရှင်ပေါလုသည် သူတို့ထံရေးသားစဉ်၊ ရှက်ကြောက်ခြင်းမရှိဘဲ နှုတ်သတ္တိရှိရှိ ဆုံးမတိုက်တွန်းဝံ့ခဲ့သည်။ ရှင်ပေါလုသည် ဂလတိယုံကြည်သူတို့အား သမ္မာတရားလမ်းတွင် လျှောက်စေရန်နှင့် မိစ္ဆာပရောဖက်များ၏ လှည့်ဖြားခြင်းကိုခံရမည့်ကို စိုရိမ်းသောကြောင့် ဤဩဝါဒစာကို ရေးသားစဉ်တွင် ကရုဏာဒေါသ အများဆုံးရှိခဲ့သည်ဟု ကျမ်းစာပညာရှင်များစွာက ယူဆကြသည်။

ဣသရေလယုံကြည်သူများနှင့် တစ်ပါအမျိုးသားယုံကြည်သူနှစ်ပါးစလုံးက တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှာ ရှင်ပေါလု အလိုဆန္ဒရှိခဲ့သည်။ အစွန်းရောက်ဣသရေလလူမျိုးတချို့တို့သည် ကယ်တင်ခြင်းရရှိခံစားဖို့ ဂျူးဘာသာရေး၏ ပညတ်တရားကို ကျင့်ရန်လိုအပ်သည်ဟု ယုံကြည်သောတစ်ပါးအမျိုးသားတို့အား ဆွဲဆောင်ဖို့ ကြိုးစားကြခဲ့သည်။ ရှင်ပေါလုက၊ ဘာသာရေးအရ၊ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ၊ ဖြောင့်မတ်စေခြင်းတရားသည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်လာသည်ဟု ဖော်ထုတ်ငြင်းဆိုခဲ့သည်။

ဤအစီအစဉ်အကြောင်း

The New Testament in 90 Days

လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှဖန်တီးပြီးထောက်ပံ့ပေးသည်။.