YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်းနမူနာ

The New Testament in 90 Days

90 ၏ နေ့ 45

ကောရိန်သုဩဝါဒစာပထမစောင်၏နိဒါန်း

ရှင်ပေါလုသည် ကောရိန်သုမြို့၌ရှိသော အသင်းတော်ထံသို့ ဤဩဝါဒစာကို ရေးသားခဲ့သည်။ သူသည် ထိုအသင်းတော်ကို တည်ထောင်ပြီး အသင်းသူအသင်းသားများအား မကြာခဏ မိတ်ဖွဲ့ခဲ့သည်။ ထို့ကြောင့်၊ ရှင်ပေါလုသည် သူတို့အကြောင်းကို ကောင်းစွာ သိနှင့်ခဲ့ပြီးဖြစ်သည်။ အသင်းတော်သည် တစ်ပါးအမျိုးသားအများစုဖြင့် စုစည်းထားသည်။ အေဒီ (၅၅) ဝန်းကျင်တွင်၊ ရှင်ပေါလု၏ (၃) နှစ်တာ သာသနာခရီးအဆုံးပိုင်း၊ ဧဖက်မြို့သို့ရောက်ရှိနေချိန်တွင်၊ ဤဩဝါဒစာကို ရေးသားခဲ့သည်ဟု ကျမ်းစာပညာရှင်များက ယူဆကြသည်။

ကောရိန်သုအသင်းတော်သည် ဖြေရှင်းစရာလိုသည့် ပြဿနာများရှိလျက်၊ ထိုပြဿနာများကို ဖော်ထုတ်ဖြေရှင်းဖို့ လိုအပ်ခဲ့သည်။ ရှင်ပေါလုသည် သူတို့ကို အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းမရှိစေဘဲ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလိုငှာ တညီတညွတ်တည်း ကြိုးစားအားထုတ်ဖို့ရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ ကောရိန်သုယုံကြည်သူများသည် အပြစ်ဒုစရိုက်အမျိုးမျိုးကို ကျူလွန်းသည့်သာမက၊ စိတ်မသာညည်းတွားခြင်းကိုမပြု၊ မာနထောင်လွှားလျက် နေကြခဲ့သည်။ ထို့ကြောင်၊ ရှင်ပေါလုသည် သူတို့၏အပြစ်ဒုစရိုက်များကို ဖော်ပြပြီး ကျပ်တည်းစွာ ဆုံးမပေးခဲ့သည်။

နေ့ 44နေ့ 46

ဤအစီအစဉ်အကြောင်း

The New Testament in 90 Days

လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှဖန်တီးပြီးထောက်ပံ့ပေးသည်။.