ဘုရားကျောင်းသို့ သွားခြင်းကို ရပ်လိုက်ပါနမူနာ

ဘုရားကျောင်းသို့ သွားခြင်းကို ရပ်ရမည့် အကြောင်းအရင်း အမှတ် ၄။ အသင်းတော်၌ တိုက်ခိုက်မှု အလွန်များလှပါသည်။ အသင်းသူအသင်းသားများသည် အမြဲတမ်း တိုက်ခိုက်နေကြပါသည်။ အသင်းသူအသင်းသားများသည် လောကီစွဲလမ်းများ၊ အကရုဏာများ၊ မာရ်နတ်နှင့် နတ်ဆိုးများ၊ စိတ်ဓာတ်ကျရောဂါများ၊ ကိုယ်ကိုသတ်ခြင်းသောစိတ်ကူးများတို့ကို တိုက်ခိုက်နေဆဲ ဖြစ်ပါသည်။
အသင်းတော်ဖြစ်ရမည့် အကြောင်းအရင်း အမှတ် ၄။ ကျွန်တော်တို့သည် တစ်ယောက်တည်းပဲ မတိုက်ခိုက်ကြချေ။ ခရစ်ယာန်အသက်တာသည် ဘုရားကျောင်းသို့ သွားခြင်းထက် သာ၍ မြင့်မြတ်ပါသည်။ အသင်းသူအသင်းသားများသည် လောကီစွဲလမ်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ သောက၊ ကြောက်ခြင်းသံဝေဂ၊ မိသားစုရေးပြဿနာများ၊ အိမ်ထောင်းရေးပြဿနာများနှင့် စီပွားရေးပြဿနာများတို့ကို တစ်ယောက်ထည်းပဲ မတိုက်ခိုက်ကြပေ။ ကျွန်တော်တို့သည် လက်တွဲလျက် အတူတကွ ရဲရဲရင့်ရင့် တိုက်ကိုက်ကြပါသည်။ ကျွန်တော်တို့၏ ဧည့်ခန်းများတွင်၊ ကျမ်းစာလေ့လာသောအဖွဲ့များနှင့် ရှိခိုးသောသောအခါ၌၊ ကျွန်တော်တို့အတွက် တိုက်ပေးမည့် ဓမ္မမိတ်ဆွေများကို တွေ့ရပြီး၊ အသင်းတော်သည် အလွန်ထိုက်သော မိသားစုတစ်တစု ဖြစ်သွားစေပါသည်။
လုပ်ဆောင်ကြပါစို့။ မိမိအသင်းတော်၌ ဆက်ကပ်စေဖို့ ဆုံးဖြတ်လိုက်ပါ။ အသင်းတော်၏ စာရင်းကို သွင်းပါ (သို့) မိမိအသင်းတော်လူကြီးများကို ဆက်သွယ်ပါ—တစ်ခုခုပြုလုပ်လိုက်ပါဦး။
ဤအစီအစဉ်အကြောင်း

ခရစ်ယာန်တို့သည် ဘုရားကျောင်းသို့ အဘယ်ကြောင့် သွားကြပါသလဲဟု စဉ်းစားဖူးပါသလား။ အသင်းတော်သည် သွားစရာနေရာတစ်ခုသာ ဖြစ်သည် မဟုတ်ပေ။ မိမိအသင်းတော်ကြောင့် ပင်ပန်းနွမ်းနယ်နေပါသလား (သို့) မိမိအသင်းတော်၌ မိမိနေရာကို ရှာမတွေ့နေပါသလား။ ဖြစ်နေပါက၊ အသင်းတော်အကြောင်း သမ္မာကျမ်းစာက ဘယ်လိုဖော်ပြထားပါသလဲဆိုသည်ကို အတူတကွ လေ့လာကြပါစို့။ သင်းအုပ်ဆရာကြီး ခရိတ်ခရိုးရှယ် (Craig Groeschel) ၏ ဘုရားကျောင်းသို့ သွားခြင်းကို ရပ်လိုက်ပါတည်းဟူသော Life.Church ၏ သမ္မာကျမ်းအစီအစဉ်ကို စတင်လိုက်ပါဦး။
More
စပ်ဆိုင်သော အစီအစဉ်များ

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဖတ်သောအရာကို နားလည်ပါသလား

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်
