YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားကျောင်းသို့ သွားခြင်းကို ရပ်လိုက်ပါနမူနာ

Stop Going To Church

5 ၏ နေ့ 3

ဘုရားကျောင်းသို့ သွားခြင်းကို ရပ်ရမည့် အကြောင်းအရင်း အမှတ် ၃။ ခရစ်ယာန်များသည် ထူးဆန်းသောသတ္တဝါများ ဖြစ်ပါသည်။ မိမိအသင်းတော်၌ ထူးဆန်းသောသူများ ရှိမှာပါ။ ထိုသူတို့သည် သဘောကောင်းပြီး မိတ်သဟာယဖွဲ့လိုလျက် မိမိအသင်းတော်နှင့် ဓမ္မမိတ်ဆွေများအဖို့ မိမိအချိန်နှင့် အလှူငွေကို မျှဝေပူဇော်တတ်ကြပါသည်။ ထိုသူတို့သည် လောကီသားကဲ့သို့ လုံးဝမတူကြပါဘူး။ ထိုသူတို့သည် မိတ်ဆွေကဲ့သို့ တူကောင်းတူနိုင်ပါသည်။ အသင်းတော်တိုင်းမှာ ထူးဆန်းသောသူများရှိကြသောကြောင့် ဘုရားကျောင်းသွားခြင်းကို ရပ်ရမည် ဖြစ်ပါသည်။

အသင်းတော်ဖြစ်ရမည့် အကြောင်းအရင်း အမှတ် ၃။ ကျွန်တော်တို့အားလုံး ထူးဆန်းသောသတ္တဝါများ ဖြစ်ကြပါသည်။ မိမိအသင်းတော်၌ လူသားများပါသောကြောင့် ထူးဆန်းသွားပါပြီ။ အကယ်၍၊ ကျွန်တော်အားလုံးသည် နည်းလမ်းအမျိုးမျိုးဖြင့် ထူးဆန်းကြပါသည်။ သို့သော်၊ ထူးဆန်းမှုသည် မကောင်းသောအရာ မဟုတ်ပေ။ ကနဦးအသင်းတော်၌ ယုဒလူမျိုးနှင့် တစ်ပါးအမျိုးသားများကဲ့သို့၊ ကျွန်တော်တို့ကို ထူးဆန်းစေသော ကွဲပြားမှုရှိသော်လည်း ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်သွားပါပြီ။ ကျွန်တော်တို့အားလုံး ထူးဆန်းပြီး ပြဿနာအမျိုးမျိုး ရှိသောသူများဖြစ်သော်လည်း၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အပြစ်သံသရာမှာ လွတ်မြောက်လျက် အံ့ဩဖွယ်ရာ ယုံကြည်ခြင်းဖြင့် အသက်ရှင်နေကြပါသည်။ ၎င်းအမှုကိစ္စအားဖြင့် အသင်းတော်သည် လှုပ်ရှားမှုရှိပြီး အောင်မြင်နေပါသည်။ အသင်းတော်မဖြစ်ဘဲလျက် ဘာသာရေးထုံစုံအတိုင်း ဘုရားကျောင်းသွာခြင်းကို သာ၍ပင် ထူးဆန်းသောအမှုဖြစ်သည် မဟုတ်ပါလား။

ဤသို့ဆုတောင်းပတ္ထနာပြုပါ။ဘုရားသခင်၊ အကျွန်ုပ်၏ အသင်းတော်၌ မဆက်ကပ်စေဖို့ တားဆီးထားနေသော ကြောက်ခြင်းသံဝေဂ၊ ဒုက္ခဝေဒနာများ (သို့) အခြားအရာတစ်စုံတစ်ရာ ရှိမရှိကို ပြတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်၏ အသင်းတော်၌ မည်သို့ပိုမိုဆက်ကပ်နိုင်မည်အကြောင်း လမ်းပြတော်မူပါ။

ဤအစီအစဉ်အကြောင်း

Stop Going To Church

ခရစ်ယာန်တို့သည် ဘုရားကျောင်းသို့ အဘယ်ကြောင့် သွားကြပါသလဲဟု စဉ်းစားဖူးပါသလား။ အသင်းတော်သည် သွားစရာနေရာတစ်ခုသာ ဖြစ်သည် မဟုတ်ပေ။ မိမိအသင်းတော်ကြောင့် ပင်ပန်းနွမ်းနယ်နေပါသလား (သို့) မိမိအသင်းတော်၌ မိမိနေရာကို ရှာမတွေ့နေပါသလား။ ဖြစ်နေပါက၊ အသင်းတော်အကြောင်း သမ္မာကျမ်းစာက ဘယ်လိုဖော်ပြထားပါသလဲဆိုသည်ကို အတူတကွ လေ့လာကြပါစို့။ သင်းအုပ်ဆရာကြီး ခရိတ်ခရိုးရှယ် (Craig Groeschel) ၏ ဘုရားကျောင်းသို့ သွားခြင်းကို ရပ်လိုက်ပါတည်းဟူသော Life.Church ၏ သမ္မာကျမ်းအစီအစဉ်ကို စတင်လိုက်ပါဦး။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာခရိတ်ခရိုးရှယ် (Craig Groeschel) နှင့် LifeChurch.tv တို့ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊https://www.life.church သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။