YouVersion လိုဂို
ရှာရန် အိုင်ကွန်

Luke 9

9
1ဂုရုယေရှုသည်‌ တစ်ကျိပ်နှစ်ပါးသော စစ်စရောတို့ကို အတူတကွ ခေါ်တော်မူပြီး၊ ဒူစ(တ်)အာသ်မားများကို နှင်ထုတ်နိုင်ရန်နှင့် အနာရောဂါများကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတန်ခိုးကို ပေးတော်မူ၏။ 2ထို့နောက် ပရ်မေဆွာရ်၏နိုင်ငံတော်အကြောင်း ဟောပြောရန်နှင့် အနာရောဂါများဆွဲသော သူတို့ကို ကုသပေးစေခြင်းငှာ စေလွှတ်တော်မူ၏။ 3ပရ်ဘူယေရှုက " သင်တို့သည် လမ်းခရီးအတွက် အဘယ်အရာကိုမျှ မယူကြနှင့်။ တောင်ဝှေး၊လွယ်အိတ်၊စားစရာမုန့်နှင့် ငွေကြေးများကို မယူကြနှင့်။ အင်္ကျီအပိုကိုလည်း မယူကြနှင့်။ 4မည်သည့်အိမ်မဆို သင်တို့ကိုဖိတ်ခေါ်ကြိုဆိုလျှင် ထိုမြို့မှ မထွက်ခွာသည်တိုင်အောင် ထိုအိမ်၌နေကြလော့။ 5တစ်ချို့သောသူတို့သည် သင်တို့ကို မကြိုဆိုလျှင် ထိုမြို့မှ ထွက်ခွာစဉ်တွင် ထိုသူအပေါ်သက်သေဖြစ်စေခြင်းငှာ သင်တို့၏ ခြေဖဝါးမှ သဲမှုန်များကို ခါချလိုက်ကြလော့ " ဟု မိန့်တော်မူ၏။ 6ထိုနောက် တစ်ကျိပ်နှစ်ပါးသော စစ်စ‌ရောတို့ ထွက်ခွာသွားကြ၏။ သူတို့သည် တစ်ရွာမှ တစ်ရွာသို့ သွား၍ သတင်းကောင်းကို ဟောပြောလျက်၊ အနာရောဂါများကိုလည်း ပျောက်ကင်းစေကြ၏။ 7ဂါလိလဲမြို့၏ စော်ဘွားဟေရုဒ်သည် ပရ်ဘူယေရှုပြုတော်မူသမျှတို့ကို ကြားလျှင် အလွန်ထိတ်လန်ခြင်းသို့‌ရောက်လေ၏။ အကြောင်းမူကား၊ ‌လူတို့က " ဂျော်လဒီကချာပေးသော ယောဟန်သည် သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်ပြီး " ဟု ပြောဆိုသော်ကြောင့်ဖြစ်၏။ 8အချို့ လူတို့က " ဧလိယ ပြန်လည်ပေါပြီး " ဟု ဆိုကြ၏၊ လူတစ်ချို့က ရှေးက ပရ်မေဆွာရ်၏ပရ်ဘက်သာ ရှင်ပြန်ထမြောက်သည် "ဟု ဆိုကြ၏။ 9ဟေရုဒ်မင်းက " ငါသည် ယောဟန်လည်ပင်းကို ဖြတ်ပြီးလေပြီ။ ဤမျှလောက်သတင်းကို ငါကြားရသောသူကအဘယ်သူနည်း " ဟု ပြောဆိုလျက် ပရ်ဘူယေရှုကို တွေ့မြင်ခြင်းငှာ အလိုရှိ၏။ 10စစ်စ‌ရောတို့သည် ပရ်ဘူယေရှု အထံတော်သို့ လာ၍ မိမိတို့ပြုခဲ့သမျှကို လျှောက်တင်ကြ၏။ ပရ်ဘူယေရှုသည် စစ်စေ‌ရောတို့ကို ခေါ်၍ ဗေဇဒအမည်ရှိသော မြို့သို့ သူတို့နှင့်အတူ ကြွတော်မူ၏။ 11ထိုသို့ ဗေဇဒမြို့သို့ ကြွတော်မူသည်ကို များစွာသောလူစုအဝေးတို့ သိကြလျှင် ပရ်ဘူဂျီနောက်တော်သို့ လိုက်လာကြ၏။ ပရ်ဘူယေရှုသည်လည်း ထိုသူတို့ကိုကြိုဆိုတော်မူပြီး ပရ်မေဆွာရ်၏နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်တော်မူ၏။ ကျန်းမာခြင်းလိုအပ်သောသူတို့ကို ကျန်းမာစေတော်မူ၏။ 12မိုးချုပ်စပြုလာသောအခါ တစ်ဆယ်နှစ်ပါးသော စစ်စရောတို့သည် ပရ်ဘူယေရှုထံသို့ သွား၍ ပရ်ဘူယေရှုအား " ဤလူ့အပေါင်းတို့ကို ပတ်ဝန်းကျင်အရပ်ရှိ ကျေးလက်နှင့်တောရွာများသို့သွားပြီး နေထိုင်ရန်နေရာနှင့် စားစရာများ ရှာစေခြင်းငှာ စေလွှတ်တော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပြီး မည်သည့်အရာမျှမရှိပါ " ဟုလျှောက်တင်ကြ၏။ 13ထိုအခါ ပရ်ဘူယေရှုက " သူတို့အား စားစရာကို သင်တို့ပေးကြလော့ " ဟုမိန့်တော်မူ၏။ စစ်စရောတို့က " ကျွန်ုပ်တို့၌မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိပါ၏။ သို့သော်ကျွန်ုပ်တို့သည် အနီးနားပတ်ဝန်းကျင်ရွာများသို့ သွား၍ လူအပေါင်းတို့အတွက် စားစရာဝယ်ရလိမ့်မည် " ဟု လျှောက်တင်ကြ၏။ 14ထိုသို့လျှောက်တင်ရခြင်းအကြောင်းကား " ထိုအရပ်တွင် လူငါးထောင်ခန့်ရှိကြ၏။ " ထိုအခါပရ်ဘူယေရှုသည် စစ်စရောတို့အား "လူများတို့ကို တစ်စုလျှင်ငါးဆယ်စီ တန်းစီလျက် ထိုင်စေကြလော့ " ဟု မိန့်တော်မူ၏။ 15စစ်စရာတို့သည် ပရ်ဘူယေရှုမိန့်တော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။ 16ပရ်ဘူယေရှုသည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူပြီး ကောင်းကင်သို့ မျှော်ကြည့်လျက် ကျေးဇူးတော်ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ လူအပေါင်းတို့၏ ရှေ့၌ထည့်ပေးစေခြင်းငှာ စစ်စရောတို့အား ပေးတော်မူ၏။ 17လူအပေါင်းတို့သည် စား၍ဝကြပြီး စစ်စရောတို့သည် ကျန်ရစ်သောအကျိုးအပဲ့များကို ကောက်သိမ်းရာ တစ်ဆယ်နှစ်တောင်းရကြ၏။ 18တစ်ရက်၌ ယေရှုဂျီသည် ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူပြီး စစ်စရာတို့နှင့်အတူရှိတော်မူစဉ်တွင် ပရ်ဘူယေရှုသည် စစ်စရာတို့အား " လူအပေါင်းတို့သည် ငါ့ကိုမည်သို့ခေါ်ဆိုကြသနည်း "ဟု မေးတော်မူ၏။ 19ထိုသူတို့က " လူတချို့သည် ဂျော်လဒီကချာယောဟန်ဟူ၍၎င်း ၊လူတချို့က ဧလိယဟူ၍၎င်း၊ လူတချို့ကပြန်လည်ရှင်ပြန်ထမြောက်သော ရှေ့က ပရ်မေဆွာရ်၏ပရ်ဘက်သာ ဟူ၍၎င်း ဆိုကြသည် " ဟုလျှောက်ကြ၏။ 20ထိုအခါ ပရ်ဘူဂျီက " သင်တို့သည် ငါ့ကိုအဘယ်သို့ ခေါ်ကြသနည်း " ဟုမေးတော်မူ၏။ ပေတရုက " ပရ်မေဆွာရ်ထံမှလာသော မူကသီဒါတာ " ဟု လျှောက်လေ၏။ 21ပရ်ဘူယေရှုသည် ထိုအကြောင်းကို အဘယ်သူမျှမပြောစေခြင်းငှာ ကျပ်တည်းစွာပညတ်တော်မူ၏။ 22ထိုနောက် ပရ်ဘူယေရှုက " လူသားသည် ဒုက္ခဝေဒနာများ ခံရလိမ့်မည်။ ဘာသာရေးခေါင်းဆောင် ဖာရိရှဲများနှင့် ကျမ်းတက်ဂုရုတို့သည် ငြင်းပယ်ကြလိမ့်မည်။ လူသားသည် အသေသတ်ခြင်းကို ခံရလိမ့်မည်။သို့သော် သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်လိမ့်မည် " ဟု စစ်စ‌ရောတို့အား မိန့်တော်မူ၏။ 23ထိုအခါ ပရ်ဘူယေရှုသည် လူအပေါင်းတို့ကို ငါ့နောက်သို့လိုက်လိုသော သူသည်မိမိကိုယ်ကို ငြင်းပယ်ရမည်။ မိမိ၏လက်ဝါးကပ်တိုင်ကို နေ့စဉ်မပြတ်ထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ 24အကယ်၍ အကြင်သူသည် မိမိအသက်ကို ကယ်လိုသော သူသည်မိမိအသက်ကို ဆုံးရှုံးလိမ့်မည်။ ငါ့ကြောင့်အသက်ဆုံးရှုံးသောသူသည် မိမိအသက်ကို ကယ်လိမ့်မည်။ 25လူသည် ဤလောကလုံးကို အစိုးရသည်ရှိသော မိမိအသက်ကို ဆုံးရှုံးလျှင် အဘယ်သို့အကျိုးရှိသနည်း။ 26အကြင်သူသည် ငါ့ကို၎င်း၊ ငါ၏စကားကို၎င်းရှက်လျှင် လူသားသည်မိမိ၏ဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေနှင့် သန့်ရှင်းသောဆွာရ်(ဂ်)ဒူ(သ်)ဘုန်းအသရေကို ဆောင်လျက်ကြွလာသောအခါ ထိုသူ့ကို ရှက်တော်မူလိမ့်မည်။ 27ငါမှန်ကန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော လူအချိုတို့သည် ပရ်မေဆွာရ်၏နိုင်ငံတော်ကို မမြင်မီ သေကြလိမ့်မဟုတ် " ဟု မိန်တော်မူ၏။ 28ပရ်ဘူယေရှု ဤသို့မိန့်တော်မူပြီး ရှစ်ရက်ခန့်ကြာပြီးနောက် ပရ်ဘူဂျီသည် ပေတရု ၊ယောဟန် နှင့် ယာကုပ်တို့ကို အတူခေါ်တော်မူ၍ ဆုတောင်းရန်အတွက် တောင်ပေါ်သို့ကြွတော်မူ၏။ 29ဆုတောင်းတော်မူစဥ်တွင် ပရ်ဘူဂျီ၏မျက်နှာတော်သည် အဆင်အရောင် ပြောင်းသွား၍ အဝတ်တော်သည် ဖြူဖွေးတောက်ပလာ၏။ 30မော‌ရှေနှင့် ဧလိယ လူနှစ်ယောက်၏ဘုန်းအသေရေ ရုတ်တရပ် ပေါ်လာကြပြီး၊ 31ထိုသူတို့သည် ပရ်ဘူယေရှု နှင့် အတူစကားပြောလျက် ပရ်ဘူဂျီကို ယေရုရှလင်မြို့၌ မကြာမီ အသတ်ခံရမည့်အကြောင်းကို ပရ်ဘူဂျီနှင့်အတူ ပြောဆိုကြ၏။ 32ပေတရုနှင့် သူ၏အဖော်များသည် အလွန်အိပ်ငိုက်မြည်တမ်းလျက် အိပ်ပျော်လျက် နေကြ၏။ သို့သော် သူတို့သည် နိုးလာ၍ ပရ်ဘူယေရှု၏ဘုန်းတော်နှင့် လူနှစ်ယောက် မတ်တက်ရပ်နေသည်ကို မြင်ရကြ၏။ 33ပရ်ဘူယေရှု၏အထံတော်မှ ထိုသူနှစ်ယောက် ထွက်ခွာနေကြစဉ်တွင် ပေတရုက " ဤအရပ်သည် နေဖွယ်ကောင်းပါ၏။ ဤအရပ်တွင် တဲဆောက်ပါရစေ။ တစ်ခုက ပရ်ဘူအတွက်၊ တစ်ခုကမော‌ရှေအတွက် နှင့်နောက်တစ်ခုက ဧလိယအတွက် ဟူ၍၎င်း " ဟု ယောင်ယမ်းခတ်၍ လျှောက်တင်လေ၏။ 34ယေရှုဂျီသည် ထိုသူတို့နှင့်စကားပြောနေစဉ်တွင် မိုးတိမ်များသည် သူတို့ကို ဝိုင်းဝန်းလေ၏။ စစ်စရောတို့သည်မိုးတိမ်များ သူတို့အပေါ်ရောက်လာသည့်အခါ သူတို့သည် အလွန်ကြောက်လန့်ကြ၏။ 35ထိုအခါ ထိုတိမ်များမှ "ဤသူသည် ငါ၏သားတော်ဖြစ်၏။ ဤသူသည် ငါရွေးကောက်သောသူဖြစ်၏။ဤသူ၏စကားကို နားထောင်ကြလော့ " ဟု စကားသံထွက်ပေါ်လာ၏။ 36ထိုကဲ့သို့ အသံတော်တစ်ခုထွက်ပေါ်လာပြီးနောက် ယေရှုဂျီတစ်ပါးတည်း ကျန်ရှိနေသည့်ကို စစ်စရောတို့ မြင်နေရကြ၏။ စစ်စရောများသည် ဤကဲ့သို့ မိမိတို့ မြင်ရသည့် အကြောင်းအရာကို မည်သူမျှမပြောဘဲ နှုတ်ဆိတ်နေကြ၏။ 37နောက်တစ်နေ့၌ ပရ်ဘူယေရှုနှင့် စစ်စရောတို့သည် တောင်ပေါ်မှ ဆင်းလာကြ၏။ ထိုအခါ များစွာသောလူအပေါင်းတို့သည် ပရ်ဘူဂျီကို ခရီးဦးကြိုပြုကြ၏။ 38ထိုလူအစုအဝေးမှလူတစ်ယောက်သည် " ဂုရုဂျီ အကျွန်ပ်၏သားကိုကြည့်ရှုတော်မူပါ " ဟု တောင်းပန်လေ၏။ကျွန်ုပ်၌ သားတစ်ယောက်တည်းရှိပါ၏။ 39ဒူစ(တ်)အာသ်မား ထိန်းချုပ်ထားသဖြင့် ရုတ်တရက် အော်ဟစ်တတ်ပါ၏။သူ့ကို စိတ်မငြိမ်မသက်ဖြစ်စေပြီး၊တောင့်မာလျက်၊ သူ၏ပါးစပ်၌အမြုပ်ထွက်ပါ၏။ ဒူစ(တ်)အာသ်မားက သူ့ကိုထားသွားခြင်းမရှိဘဲသူ့ကိုဖျက်ဆီးနေပါ၏။ 40အကျွန်ုပ်သည် ပရ်ဘူ၏စစ်စ‌ရောတို့အား ဒူစ(တ်)အာသ်မားကို နှင့်ထုတ်ရန် တောင်းပန်ပါ၏။ သို့သော်သူတို့နှင်ထုတ်နိုင်ရန် မတတ်စွမ်းနိုင်ကြပါ "ဟုလည်းလျှောက်၏။ 41ထိုအခါ ပရ်ဘူယေရှုက " ယုံကြည်ခြင်းမရှိ ၊ဖောက်ပြန်တက်သောလူဆိုးတို့၊ ငါသည် သင်တို့နှင့်အတူ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ ထို့နောက် သင်၏သားကို ဤအရပ်သို့ခေါ်ဆောင်ခဲ့လော့ " ဟု မိန့်တော်မူ၏။ 42ထိုသူငယ်ကောင်လေးသည် ပရ်ဘူယေရှု အထံတော်သို့ လာနေစဥ်တွင် ဒူစ(တ်)အာသ်မားသည် မြေပေါ်သို့လှဲ၍ တောင့်မာ‌နေ၏။ ပရ်ဘူယေရှုသည် ဒူစ(တ်)အာသ်မားကိုထွက်သွားရန် အမိန့်ပေးတော်မူပြီး သူငယ်ကိုကျန်းမာစေ၍ သူ၏ဖခင်အား သူငယ်ကိုအပ်ပေးတော်မူ၏။ 43လူအပေါင်းတို့သည် ပရ်မေဆွာရ်၏ကြီးမြတ်တော်မူသော်တန်းခိုးကို မြင်၍ အံ့သြခြင်းရှိကြ၏။ ထိုအရပ်၌ ရှိသောသူအားလုံး ပရ်ဘူယေရှု ပြုတော်မူသည့်အမှုကြောင့် အံ့သြခြင်းရှိကြစဉ်၊ 44ပရ်ဘူယေရှုသည် စစ်စရောတို့အား " ငါပြောမည့်စကားကို သေသေချာချာဂရုတစိုက်နားထောင်ကြလော့။လူသားသည် လူတို့၏လက်ထဲသို့ အပ်နှံခြင်းကို ခံရလိမ့်မည် " ဟုမိန်တော်မူ၏။ 45သို့သော်လည်း စစ်စရောတို့သည် ထိုစကားတော်ကို နားမလည်ကြ။ ဤကဲ့သို့ နားမလည်ရခြင်းက အနက်အဓိပ္ပာယ်ကိုကွယ်ဝှက်ထားခြင်းကြောင့်ဖြစ်၏။ စစ်စရောတို့သည် ပရ်ဘူယေရှုအား အနက်အဓိပ္ပာယ်ကို မေးစေခြင်းငှာ ကြောက်ရွံ့ကြ၏။ 46စစ်စရောတို့သည် " မိမိတို့ထဲတွင် အဘယ်သူသည် အကြီးမြတ်ဆုံးသောသူနည်း " ဟုအချင်းချင်းငြင်းခုံခြင်းစတင်ခဲ့ကြ၏။ 47ဂုရုယေရှုသည် စစ်စ‌ရောတို့ ထိုသို့ငြင်းခုံပြောဆိုနေကြသည့်ကို သိတော်မူလျှင် ပရ်ဘူယေရှုက ကလေးသူငယ်တစ်ယောက်ကိုခေါ်၍ ပရ်ဘူဘေးတွင် မတ်တပ်ရပ်စေတော်မူပြီး၊ 48ပရ်ဘူယေရှုက " ဤသူငယ်အား ငါနာမကို အမှီပြု၍ လက်ခံသောသူသည် ငါကိုလက်ခံ၏။ ငါကို လက်ခံသောသူသည် ငါကိုစေလွှတ်တော်မူသော သူကိုလက်ခံ၏။ သင်တို့တွင် အသက်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသော သူဖြစ်သည် " ဟု မိန်တော်မူ၏။ 49ယောဟန်က " ပရ်ဘူဂျီ အကျွန်ုပ်တို့သည် ပရ်ဘူဂျီ၏နာမကို အမှီပြု၍ ဒူစ(တ်)အာသ်မားများကိုနှင်ထုတ်နေသည်ကို တွေ့မြင်ခဲ့ပါ၏။ သူသည် အကျွန်ုပ်တို့၏ အပါအဝင်မဖြစ်သောကြောင့် ကျွန်ုပ်တို့သည်သူ့ကိုတားမြစ်ခဲ့ပါ၏ " ဟု လျှောက်ကြ၏။ 50ထိုအခါ ပရ်ဘူယေရှုက " သူ့ကိုမတားမြစ်ကြနှင့်။ သင်တို့ကို မဆန့်ကျင်သောသူသည် သင်တို့ဘက်၌ရှိ၏ " ဟု မိန့်တော်မူ၏။ 51ပရ်ဘူယေရှုဂျီသည် ‌ဆွာရ်(ဂ်)တက်ရန် အချိန်ကာလနည်းသဖြင့် ပရ်ဘူဂျီသည် ယေရုရှလင်မြို့သို့ကြွတော်မူရန်စိတ်ပိုင်းဖြတ်တော်မူ၏။ 52ပရ်ဘူယေရှုသည် စစ်စရောဒူ(သ်)များကို ကြိုတင်စေလွှတ်တော်မူ၏။ ထိုသူတို့သည် ပရ်ဘူဂျီအတွက် ပြင်ဆင်မူများပြုလုပ်ရန် ရှမာရိရွာသို့ သွားကြ၏။ 53သို့သော် ထိုအရပ်၌နေသောသူတို့က ပရ်ဘူဂျီသည် ယေရုရှလင် မြို့သို့ကြွတော်မူသောကြောင့်ကိုထောက်၍ ပရ်ဘူဂျီအား မကြိုဆိုကြ။ 54ထို့ကြောင့် စစ်စရောယာကုပ်နှင့် ယောဟန်တို့သည် မြင်သောအခါ " ပရ်ဘူဂျီ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးများကိုကျစေ၍ ထိုသူတို့ကို ဖျက်ဆီးစေခြင်းငှာ အလိုရှိတော်မူသလော့ " ဟု လျှောက်တင်ကြ၏။ 55ထို့အခါ ပရ်ဘူယေရှုသည် သူတို့ဘက်သို့လှည်၍ ဤသို့မပြုစေခြင်းငှာ ဆုံးမတော်မူ၏။ 56ထို့နောက် ပရ်ဘူဂျီသည် အခြားရွာသို့ ကြွတော်မူ၏။ 57ထိုသို့ ပရ်ဘူယေရှုသည် လမ်း၌သွားတော်မူစဥ်၊ လူတစ်ယောက်က " ပရ်ဘူဂျီ ၊ပရ်ဘူ သွားလေရာအရပ်ရပ်သို့အကျွန်ုပ်လိုက်ပါမည် " ဟု လျှောက်လေ၏။ 58ပရ်ဘူယေရှုကလည်း " မြေခွေးတို့တွင် မြေတွင်းရှိကြ၏။ မိုးကောင်းကင်ငှက်နားခိုရာ အသိုက်ရှိ၏။ လူသားမူကား ခေါင်းချစရာနေရာမရှိ " ဟု မိန့်တော်မူ၏။ 59ပရ်ဘူယေရှုက အခြားသော လူတစ်ယောက်ကို " ငါ့နောက်သို့လိုက်လော့ "ဟု မိန့်တော်မူလျှင် ထိုသူက"ပရ်ဘူ၊ အကျွန်ပ်အဖ၏ အလောင်းကို ရှေးဦးစွာ သဂြိုဟ်ခွင့်ပြုပါ " ဟု လျှောက်လေ၏။ 60ထိုအခါ ပရ်ဘူယေရှုက " လူသေတို့သည် မိမိကိုယ်ကို သင်္ဂြိုဟ်ပါစေ။ သို့သော် သင်သည် သွား၍ ပရ်မေဆွာရ်၏နိုင်ငံတော်အကြောင်းကိုဟောပြောလော့ " ဟု မိန့်တော်မူ၏။ 61အခြားသောသူနောက်တစ်ယောက်က " ပရ်ဘူဂျီ ကျွန်ုပ်သည် ပရ်ဘူဂျီ နောက်သို့လိုက်ပါမည်။ သို့သော်ကျွန်ုပ်၏ အိမ်၌ ကျန်ရစ်ခဲ့သောမိသားစုကို ရှေးဦးစွာနှုတ်ဆက်ခွင့်ပေးတော်မူပါ " ဟု လျှောက်လေ၏။ 62ပရ်ဘူယေရှုက " အကယ်၍ သင်သည် လက်ထွန်ရက်ကိုင်လျက် နောက်သို့ပြန်လှည့်ကြည့်သော သူသည်ပရ်မေဆွာရ်၏နိုင်ငံတော်၌ အမှုထမ်းဆောင်ရန် မထိုက်တန်သောသူ " ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

Luke 9: HNT

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ