Luke 8
8
1ထို့နောက် ပရ်ဘူယေရှုသည် မြို့တစ်မြို့မှတစ်မြို့၊ ရွာတစ်ရွာမှတစ်ရွာကြွတော်မူလျက် ပရ်မေဆွာရ်၏ နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဟောပြောလျက်နေတော်မူ၏။ တစ်ကျိပ်နှစ်ပါးသောစစ်စရောတို့သည်လည်း ပရ်ဘူယေရှုနှင့်အတူလိုက်ပါလာကြ၏။ 2ဒူစ(တ်)အာသ်မားဘေး နှင့် အနာရောဂါငြိမ်းစေခဲ့သော အမျိုးသမီးအချို့လည်းပရ်ဘူယေရှု နောက်သို့ လိုက်ပါကြ၏။ ထိုသူတို့ထဲတွင် ဒူစ(တ်)အာသ်မားခုနှစ်ကောင်ထွက်၍ ကောင်းမွန်စွာခဲ့သော မာဂဒလမြို့သူမာရိ၊ 3ဟေရုဒ်မင်း၏ အိမ်တော်တွင်အုပ်ချုပ်ရေမှူးဖြစ်သော ခုဇ၏ဇနီးယောန္န၊ ရှုရုန္နနှင့် အခြားသောအမျိုးသမီးများလည်းပါ၏။ ဤအမျိုးသမီးများသည် မိမိ၏ငွေကြေးများဖြင့် ပရ်ဘူယေရှုနှင် တစ်ဆယ်နှစ်ပါးသော စစ်စရောတို့ကို လုပ်ကျွေးပြုစုကြ၏။ 4များစွာသောလူအပေါင်းတို့သည် မြို့အရပ်ရပ်မှ ပရ်ဘူယေရှုအထံတော်သို့ စုဝေးလျက်နေကြ၏။ ထိုသူတို့အားဂုရုယေရှုက ပုံဥပမာဆောင်လျက် မိန်မြွတ်တော်မူသည်ကား၊ 5" မျိုးစေ့ကြဲသောသူတစ်ယောက်သည် မျိုးစေ့ကြဲရန်အတွက် ထွက်သွားပြီး မျိုးစေ့ကြဲလိုက်လေ၏။ အချို့သောမျိုးစေ့များသည်လမ်းပေါ်တွင် ကျကြ၏၊ ထိုမျိုးစေ့များသည် လူများ၏ ကျော်နင်းခြင်းကို ခံရ၍၊ ကောင်ကင်းငှက်များသည် ကောက်စားကြ၏။ 6အချို့သော မျိုးစေ့များသည်ကျောက်ပေါ်များသော နေရာတွင်ကျကြ၏။အပင်ပေါက်သော်လည်း ရေမရရှိသောကြောင့် ခြောက်သွေ့ညှိုးနွမ်းသွားကြ၏။ 7အချို့သော မျိုးစေ့များသည် ဆူးပင်ကြားတွင် ကျကြ၏။ ဆူးပင်တို့သည် အပင်ငယ်များနှင့်အတူကြီးထွားလာပြီး မျိုးစေ့အပင်ငယ်များကို လွှမ်းမိုး၍ဖိနှိပ်စက်ကြ၏။ 8အချို့သောမျိုးစေသည် ကောင်းသောမြေပေါ်တွင်ကျကြ၏။ မျိုးစေ့ကြဲသောသူ ကြဲခဲ့သော မျိုးစေ့များအနက် အဆတစ်ရာ အသီးသီး သီးကြ၏ ဟု မိန့်တော်မူ၏။ထိုနောက် ပရ်ဘူယေရှုသည် ကြားစရာနားရှိသောသူများကြားကြပါစေ "ဟုကျယ်လောင်အသံဖြင့် ကြွေးကြော်တော်မူ၏။ 9စစ်စရောတို့သည် " ပုံဥပမာ၏အနက်အဓိပ္ပာယ်သည် အဘယ်သို့နည်း " ဟု မေးလျှောက်ကြသေ် 10ပရ်ဘူယေရှုက "ပရ်မေဆွာရ်၏နိုင်ငံတော်နှင့်ဆိုင်သော နက်နဲသောအကြောင်းအရာများကို သင်တို့ သိရှိနားလည်ခွင့်ရရှိ၏။ အခြားပြင်ပလူတို့မူကာ သူတို့ကြည့်ကြသော်လည်းမြင်ရသည့်အတိုင်းမသိကြ။နားထောင်ကြသော်လည်းကြားရသောအရာကိုနားမလည်ကြ။ ထို့ကြောင့်ပုံဥပမာအားဖြင့်သာ ဟော်ပြောရ၏။ (ဟေရှာယ ၆း၉ ) 11ဤပုံဥပမာ၏ အနက်အဓိပ္ပါယ်မှာ " မျိုးစေ့သည် ပရ်မေဆွာရ်၏သတင်းစကားတော် " ဖြစ်၏။ 12" လမ်းပေါ်တွင်ကျသောမျိုးစေသည် ပရ်မေဆွာရ်၏သတင်းစကားကိုကြားနားကြသည် ဟုဆိုလို၏။ သို့သော်ဆယ်သားနန်းသည်ထိုသူတို့က ဗောကသ်ဖြစ်လာ၍ မိုးကချ်ရမည်ဟု စိုးရိမ်သဖြင့် ထိုသူ၏စိတ်နှလုံးထဲမှသတင်းစကားနှုတ်ယူလေ၏။ 13ကျောက်ပေါ်တွင် ကျသောမျိုးစေ့များသည် သတင်းစကားကြားနာကြသောအခါ ဝမ်းမြောက်စွာခံယူကြ၏။ သို့သော် ပရ်မေဆွာရ်၏သတင်းစကားတော်သည် စိတ်နှလုံး၌ အမြစ်မစွဲသောကြောင့် ကာလအနည်းငယ်သာ ယုံကြည်ကြပြီး စုံစမ်းနှောက်ယှက်ခြင်းခံရသောအခါ ထိုသူတို့သည် ယုံကြည်ခြင်းနှင့်ဝေးကွာကြ၏။ 14ဆူးပင်ကြားတွင် ကျသောမျိုးစေ့များသည် သတင်းစကားကြားနာကြရသော သူတို့ကိုဆိုလို၏။ သို့သော် ထိုသူတို့သည် မိမိ၏ယုံကြည်ခြင်းလမ်းတွင် ဆက်လက်သွားကြသောအခါ ထိုသူတို့သည် ဘဝ၏စိုးရိမ်မှု၊ချမ်းသာကြွယ်ဝလို့မှုနှင့် ကာမဂုဏ်နှစ်သက်လိုမှုတို့ကြောင့် ယုံကြည်မှု၌ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ အသီးမသိနိုင်ကြ။ 15ကောင်းသောမြေ၌ ကျသောမျိုးစေ့သည် သစ္စာရှိမှုနှင့် ကောင်မွန်သောစိတ်နှလုံးဖြင့် ပရ်မေဆွာရ်၏ သတင်းစကားတော် ကြားနာကြားရသောအခါ သူတို့၏ စိတ်နှလုံး၌ ဆွဲသောကြောင့် မြဲမြံစွာကောင်းသောအသီးကိုသီးကြ၏။ 16လူတို့သည် ဆီမီးကိုထွန်းပြီးလျှင် အိုးထဲတွင်ထည့်၍ ဖုံးအုပ်ထားလေ့မရှိ။ ကုတင်အောက်တွင်လည်း ထားလေ့မရှိ။ အထဲဝင်လာသော သူတို့အား အလင်းကိုမြင်နိုင်စေခြင်းငှာ ဆီမီးတင်သောခုံပေါ်သို့ တင်ကြ၏။ 17စိတ်ကွယ်ရာအရပ်၌ရှိသော အရာရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဖုံးကွယ်ထား၍ ဝှက်ထားလျက်ရှိသောအရာရှိသမျှတို့သည် ထင်ရှားစွာ ပွင့်လင်းလိမ့်မည်။ 18ထို့ကြောင့် သင်တို့သည် မည်သို့ကြားနာကြသည်ကို သတိပြုကြလော့။ ရှိသောသူအား ထပ်၍ ပေးလိမ့်မည်။မရှိသော သူထံ၌ရှိသည်ဟု စိတ်ထင်မှတ်ရသောအရာတို့ကိုပင် နှုတ်ယူသိမ်းဆည်းလိမ့်မည် " ဟု မိန့်တော်မူ၏။ 19ထိုအခါ ပရ်ဘူယေရှု၏ မိခင်နှင့်ညီအစ်ကိုတို့သည် ပရ်ဘူယေရှုအား တွေ့ဆုံရန်လာကြ၏။ သို့သော် လူအစုအဝေးကြောင့် ပရ်ဘူယေရှု၏ အထံတော်သို့ မချဉ်းကပ်နိုင်ကြချေ။ 20လူတချို့သည် ပရ်ဘူယေရှုအား " ပရ်ဘူ၏မိခင်နှင့်ညီအစ်ကိုတို့သည် တွေ့ဆုံခြင်းအလိုငှာ အပြင်၌ ရပ်နေကြပါသည် " ဟု လျှောက်တင်ကြသော်၊ 21ပရ်ဘူယေရှုက " ပရ်မေဆွာရ်၏နှုတ်ကပတ်တော်စကားကိုနားထောင်၍ လိုက်နာကျင့်သုံးသော သူသည် ငါ၏မိခင်နှင့် ငါ၏ညီအစ်ကိုများဖြစ်ကြ၏ " ဟု မိန့်တော်မူ၏။ 22တနေ့၌ ယေရှုဂျီသည် သူ၏စစ်စရောအား " အိုင်တစ်ဖက်သို့ကူးကြကုန်အံ့ " ဟု မိန်တော်မှု၏။ ထိုအခါ လှေပေါ်သို့ တက်၍ သွားကြ၏။ 23အိုင်တစ်ဖက်သို့ ကူးနေကြသောအခါ ယေရှုဂျီသည် အိပ်စက်တော်မူ၏။ အိုင်ပေါ်တွင် မုန်တိုင်းဖြစ်၍ ရေလှိုင်းများကြောင့်လှေထဲသို့ ရေဝင်လာသဖြင့် လှေသည်နစ်မြုပ်မတတ်ဖြစ်လေ၏။ သူတို့၌ ကြီးစွာသောဘေးအန္တရာယ် ကျရောက်လေ၏။ 24စစ်စရောတို့သည် ပရ်ဘူယေရှုကို သွား၍နှိုးကြ၏။ " ဂုရုဂျီ ၊ဂုရုဂျီ အကျွန်ပ်တို့ ရေနှစ်တော့မည် "ဟုလျှောက်တင်ကြ၏။ပရ်ဘူယေရှုသည် ထ၍ လေနှင့်လှိုင်းလုံးကြီးများကို ရပ်တန့်ရန် ဆုံးမတော်မူပြီးလျှင် မုန်တိုင်းသည် ငြိမ်သက်သွား၍ အလွန်ပင်ငြိမ်းချမ်းသာယာသွားလေ၏။ 25ထိုအခါ ပရ်ဘူယေရှုက " သင်တို့ယုံကြည်ခြင်း စိတ်သည် အဘယ်မှာရှိသနည်း " ဟု မေးတော်မူ၏။ သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့လျက် အံ့သြခြင်းရှိကြ၍ " ဤသူက အဘယ်သူနည်း လေနှင့်ရေကိုပင် အမိန့်ပေး၏။ လေနှင့်ရေသည်လည်းသူ၏စကားကို နားထောင်ကြ၏ " ဟု အချင်းချင်းပြောဆိုကြ၏။ 26ဂုရုယေရှု နှင့် သူ၏စစ်စရောတို့သည် ဂါလိလဲပြည်မှအိုင်တစ်ဖက် ဂါဒရပြည်သို့ ရောက်ကြ၍၊ 27ဂုရုယေရှုသည် လှေပေါ်မှဆင်း၍ ကုန်းပေါ်သို့တက်တော်မူသောအခါ ဒူစ(တ်)အာသ်မားထိန်းချုပ်ခြင်းခံထားရသော လူတစ်ယောက်နှင့်တွေ့တော်မူ၏။ ထိုသူသည်ကာလကြာရှည်စွာ အဝတ်မဝတ်ဘဲလျက် ၊ထိုသူသည် အိမ်၌မနေ၊ သင်္ချိုင်းဂူများတွင် နေတတ်သောသူဖြစ်၏။ 28ထိုသူသည် ဂုရုယေရှုကိုမြင်လျှင် ခြေတော်ရင်း၌ ငိုကြွေးပြပ်ဝပ်လျက် " ပရ်မ်ပီသာ ပရ်မေဆွာရ်၏သားတော်ယေရှု အကျွန်ုပ်နှင့်အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှင်းဆဲခြင်းမပြုပါနှင့် တောင်းပန်းပါ၏ " ဟုကျယ်လောင်သောအသံဖြင့် အော်ဟစ်၍ လျှောက်လေ၏။ 29ဤသို့လျှောက်ရခြင်း အကြောင်းဟူမူကား၊ ပရ်ဘူယေရှုသည် ဒူစ(တ်)အာသ်မားကို ထိုလူထဲမှထွက်သွားရန်အမိန့်ပေးခဲ့ပြီးသောကြောင့်ဖြစ်၏။ ထိုဒူစ(တ်)အာသ်မားသည် အကြိမ်ဖန်များစွာ ပူးကပ်၏။ ထိုသူ၏လက်နှင့်ခြေထောက်များကို သံကြိုးများဖြင့် ချည်နှောင်ပြီ စောင့်ကြပ်ထားသော်လည်း၊ သူသည်သံကြိုးများကိုချိုးဖျက်၍ ကျေးလက်တောရွာများဆီသို့ ထွက်ပြေးတက်၏။ 30ပရ်ဘူယေရှုသည် ဒူစ(တ်)အာသ်မားအား " သင့်နာမည်က အဘယ်သို့နည်း "ဟုမေးတော်မူ၏။ ဒူစ(တ်)အာသ်မားများစွာ ပူးကပ်နေသောကြောင့် ကျွန်ုပ်နာမည်မှာ " ဆယ်နာ ဖြစ်ပါ၏ " ဟု လျှောက်လေ၏။ 31ဒူစ(တ်)အာသ်မားများက " အသာဟကွတ်ဒ " ထဲ့သို့သွားစေရန် အမိန်ပေးတော်မမူပါနှင့် " ဟု အကြိမ်ဖန်များစွာတောင်းပန်းကြ၏။ 32ထိုအရပ်ရှိတောင်ကုန်းပေါ်တွင် များစွာသောဝက်အုပ်စုကျက်စားလျက်ရှိ၏။ ဒူစ(တ်)အာသ်မားများက ထိုဝက်များထဲသို့ သွားခွင့်ပြုပါရန် ပရ်ဘူယေရှုအား တောင်းပန်ကြ၏။ ပရ်ဘူယေရှုသည် သွားခွင့်ပြုတော်မူ၏။ 33ဒူစ(တ်)အာသ်မားများသည် လူမှထွက်ခွာ၍ ဝက်အုပ်စုထဲသို့ ပူးဝင်ကြ၏။ထိုအခါဝက်အုပ်စုတစ်အုပ်လုံး ကမ်းစောက်အတိုင်း ပြေးတတ်၍ ရေထဲသို့ ပြေးဆင်းကြသဖြင့် ဝက်အားလုံးရေနှစ်၍ သေဆုံးကြကုန်၏။ 34ဤကဲ့သို့ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မြင်သော ဝက်ထိန်းတို့သည် မြို့နှင့်ကျေးလတ် တောများသို့ ပြေးသွားကြပြီး ဖြစ်ပျက်ခဲ့သော အကြောင်းအရာအလုံးစုံကို အနှံအပြားပြောဆိုကြ၏။ 35လူတို့သည် ထိုအဖြစ်အပျက်ကို ကြည့်ရှုရန် လာကြ၏။ ထိုသူတို့သည် ပရ်ဘူယေရှုအထံတော်သို့ ရောက်လာကြသောအခါ ဒူစ(တ်)အာသ်မားများ ပူးကပ်ခံခဲ့ရသောသူသည် ဒူစ(တ်)အာသ်မားများစွန့်ခွာ၍ ယေရှုဂျီ၏ခြေတော်ရင်း၌ အဝတ်ဝတ်လျက်ထိုင်နေသည်ကို မြင်ကြလျှင် ထိုသူတို့အားလုံးတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ကြ၏။ 36ထိုအကြောင်းအရာကို မျက်မြင်သောသူများက ဒူစ(တ်)အာသ်မားမှကင်းလွှတ်လာပုံကို အခြားသောသူတို့အား ပြောပြကြ၏။ 37ထိုအခါ ဂါဒရပြည်၌ နေသောလူအပေါင်းတို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်ကြသဖြင့် မိမိနယ်မှ ထွက်သွားတော်မူရန် ပရ်ဘူယေရှုအား တောင်းပန်ကြ၏။ ထိုအခါ ပရ်ဘူယေရှုသည် လှေပေါ်သို့တက်၍ ထိုအရပ်မှထွက်ကြွတော်မူ၏။ 38ဒူစ(တ်)အာသ်မားများမှ ကင်းလွှတ်လာသောသူသည် " အကျွန်ုပ်သည် ပရ်ဘူယေရှုနှင့် အတူလိုက်ပါရစေ "ဟု တောင်းပန်လေ၏ ။ 39သို့သော် ပရ်ဘူယေရှုသည် ထိုသူအား " အိမ်ပြန်၍ ပရ်မေဆွာရ်သည် သင့်အပေါ်၌ မည်မျှကျေးဇူးပြုတော်မူကြောင်းကို ပြောပြလော့ " ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ပရ်ဘူယေရှုအထံတော်မှ ထွက်ခွာ၍ မိမိ၌ပရ်ဘူယေရှုသည် မည်သို့ကျေးဇူးပြုတော်မူခဲ့ကြောင်းကို တစ်မြို့လုံး နေရာအနှံ့အပြား၌ ပြောလေ၏။ 40ဂုရုယေရှုဂျီသည် ပြန်ကြွလာသောမူသောအခါ လူအစုအဝေးအပေါင်းတို့သည် ပရ်ဘူဂျီကို စောင့်မျှော်နေကြသောကြောင့် ဝမ်းမြောက်စွာ ခရီးဦးကြိုပြုကြ၏။ 41ထိုအခါ ယာဣရုအမည်ရှိသော ဂျူးမန်နဒီရ်မှူးသည် ပရ်ဘူယေရှုအထံတော်သို့လာ၍ ခြေတော်ရင်း၌ ပြပ်ဝပ်လျက် " အကျွန်ုပ်၏အိမ်သို့ ကြွတော်မူပါ "ဟု တောင်းပန်၍ လျှောက်တင်လေ၏။ 42ဤသို့ တောင်းပန်၍လျှောက်ရခြင်းအကြောင်းဟူမူကား၊ သူ၏တစ်ဦးတည်းသော တစ်ဆယ်နှစ်နှစ်အရွယ်သမီးသည် သေလုဆဲဖြစ်နေသောကြောင့် ဖြစ်၏။ ပရ်ဘူယေရှုသည် သူနှင့်အတူလိုက်သွားတော်မူသောအခါ လူအစုအဝေးသည် ပရ်ဘူဂျီအပေါ် တိုးဝေးလျက် ထိခိုက်မိကြ၏။ 43ထိုအရပ်၌ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်းသော အနာရောဂါစွဲလျက်ရှိသော အမျိုးသမီးတစ်ဦးရှိ၏။ သူမ၏ အနာရောဂါကိုအဘယ်ဆေးဆရာမျှ မကုသနိုင်ချေ။ 44ထိုအမျိုးသမီးသည် ယေရှုဂျီ၏ နောက်သို့ ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့ထိလေ၏။ ထိုခဏချင်းတွင် သူမ၏သွေးသွန်းသော အနားရောဂါပျောက်ကင်းသွားလေ၏။ 45ယေရှုဂျီက " အဘယ်သူသည် ငါကိုတို့ထိသနည်း "ဟု မေးတော်မူ၏။ ထိုအခါ ပေတရုက " ဂုရုဂျီ ၊ လူအပေါင်းတို့သည် ဂုရုဂျီကို တိုးဝှေးလျက် ထိခိုက်မိကြ၏။ အဘယ်ကြောင့် ငါ့ကို အဘယ်သူ တို့ထိသနည်းဟု မေးတော်မူသနည်း " ဟု လျှောက်တင်လေ၏။ 46ပရ်ဘူယေရှုကလည်း " တစ်စုံတစ်ယောက်သောသူသည် ငါ့ကို တို့ထိလေပြီ၊ ငါ့ကိုယ်၌ တန်ခိုးထွက်သွားသည်ကို ငါသိ၏ " ဟု မိန့်တော်မူ၏။ 47ထိုမိန်းမသည် မိမိပြုခဲ့သောအမှု ပေါ်သွားကြောင်းသိရှိသောအခါ၊ သူမသည်ကြောက်ရွံ့တုန်လှုပ်လျက် ပရ်ဘူဂျီ၏ ခြေတော်ရင်း၌ ပြပ်ဝပ်လေ၏။ လူအပေါင်းတို့ရှေ့တွင် ပရ်ဘူကို အဘယ်ကြောင့် တို့တိသနည်းကို၎င်း၊မည်သို့သူမ၏အနာရောဂါပျောက်ကင်းခဲ့သည်ကို၎င်း အလုံးစုံတို့ကို လျှောက်တင်လေ၏။ 48ထိုအခါ ပရ်ဘူယေရှုက " အချင်းအမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေ၏။ ငြိမ်သက်စွာသွားလော့ " ဟု မိန့်တော်မူ၏။ 49ပရ်ဘူယေရှု ဤသို့မိန့်တော်မူစဉ်တွင် ဂျူးမန်နဒီရ်မှူးဖြစ်သော ယာဣရု၏အိမ်မှတစ်စုံတစ်ဦးလာ၍ ယာဣရုအား " သင်၏သမီးသေပါပြီ။ဂုရုဂျီကို မနှောင့်ယှက်ပါနှင့် " ဟုပြောလေ၏။ 50ထိုစကားကို ပရ်ဘူယေရှု ကြားတော်မူလျှင် " မကြောက်နှင့် ၊ယုံကြည်ခြင်းသာရှိလော့ ၊သူငယ်သည်ကျန်းမာလာလိမ့်မည် " ဟု မိန့်တော်မူ၏။ 51ယာဣရုအိမ်သို့ ရောက်တော်မူသောအခါ ပေတရု ၊ယာကုပ် ၊ယောဟန်နှင့်သူငယ်၏ မိဘနှစ်ဦးမှအပ အဘယ်သူကိုမျှ အထဲသို့ဝင်စေတော်မမူခဲ့ပါ။ 52ထိုအချိန် ယာဣရုအိမ်၌ရှိသော လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းနေကြသည်ရှိသော်၊ ပရ်ဘူယေရှုက " မငိုကြနှင့်၊ သူငယ်သည် သေသည်မဟုတ် အိပ်ပျော်နေသည် " ဟုမိန့်တော်မူ၏။ 53ထိုသူတို့သည် သူငယ်သေကြောင်းကို သိကြသောကြောင့် ပရ်ဘူယေရှုအပေါ် ပျက်ရယ်ပြုကြ၏။ 54ထိုအိမ်အတွင်း၌ရှိသော လူအပေါင်းတို့ကို ပြင်ပသို့ထွက်စေတော်မူပြီးနောက် ပရ်ဘူဂျီသည် သူငယ်၏လက်ကိုကိုင်ပြီး " သူငယ်ထလော့ " ဟုမိန့်တော်မူ၏။ 55ထိုအခါ သူမ၏ဝိညာဉ်သည် ပြန်ရောက်လာ၍ သူမသည် ချက်ချင်းထလေ၏။ ထို့နောက် ပရ်ဘူယေရှုက " သူမအား စားစရာတစ်ခုခုကို ပေးလော့ " ဟုမိန့်တော်မူ၏။ 56မိဘနှစ်ဦးစလုံးသည် အံ့ဩခြင်းရှိ၏။ သို့သော် ပရ်ဘူယေရှုသည် " ဤအကြောင်းအရာကို အဘယ်သူကိုမျှ မပြောရန် " ဟု ပညတ်လျက်မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
Luke 8: HNT
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

: