Luke 10
10
1ထို့နောက် ပရ်ဘူဂျီသည် အခြားသောစစ်စရောခုနှစ်ဆယ်ဦးတို့ကို ရွေးချယ်တော်မူပြီး နှစ်ယောက်စီတွဲ၍ ပရ်ဘူယေရှု ကြွတော်မူရန် အလိုတော်ရှိသောမြို့ရွာများသို့အသီးသီးသို့ စေလွှတ်တော်မူ၏။ 2ပရ်ဘူယေရှုက ထိုသူတို့သည်အား မိန်တော်မူသည်ကား၊ " ရိတ်သိမ်းရန် စပါးများစွာရှိ၏။ သို့သော် ရိတ်သိမ်းသောသူနည်းကြ၏။ ထို့ကြောင့် စပါးရှင်အား ရိတ်သိမ်းသောသူတို့ကို စပါးရိတ်သိမ်းစေခြင်းငှာ စေလွှတ်ပါ ဟု ဆုတောင်းကြလော့။ 3သင်တို့ သွားကြလော့၊ ငါသည် သင်တို့အား ဝံပလွေအစုထဲသို့ သိုးသူငယ်ကဲ့သို့သင်တို့အား ငါစေလွှတ်၏။ 4သင်တို့သည် ပိုက်ဆံအိတ်၊လွယ်အိတ်၊ ဖိနပ်တို့ကို မယူဆောင်ကြနှင့် လမ်းခရီး၌ ရပ်၍ အဘယ်သူကိုမျှ မနှုတ်ဆက်ကြနှင့်။ 5သင်တို့သည် မည်သည့်အိမ်သို့မဆို ဝင်ကြသောအခါ ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ ဟု ရှေးဦးစွာဆုတောင်းကြလော့။ 6ထိုအိမ်၌ ငြိမ်သက်ခြင်းဖြင့် မေတ္တာထားတတ်သောသူရှိလျှင် ထိုသူအပေါ် သင်တို့ပြောဆိုသော ငြိမ်သက်ခြင်းသည် တည်လိမ်မည်။ ထိုသို့သောသူတစ်စုံတစ်ယောက်မျှမရှိလျှင် သင်တို့ပြောဆိုသော ငြိမ်သက်ခြင်းသည် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ 7ထိုအိမ်၌ နေကြလော့။ ထိုအိမ်၌ ကျွေးမွေးသည်ကို စားသောက်လော့။ အကြောင်းမူကား၊ အလုပ်သမားတို့သည် မိမိတို့၏လုပ်အားခကို ရပိုင်ခွင့်ရှိကြ၏။ တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ မသွားကြနှင့်။ 8သင်တို့သည် မြို့တစ်မြို့သို့ ဝင်ကြလျှင် ကြိုဆိုသောအခါ သင့်ရှေ့၌ ထည့်ပေးသောအရာကိုသာ စားကြလော့။ 9ထိုအရပ်၌ရှိသော ဖျားနာသောသူတို့ကို ချမ်းသာပေးကြလော့။ ပရ်မေဆွာရ်၏နိုင်ငံတော်တည်မည့် အချိန်နီးပြီး ဟုပြောကြလော့။ 10သို့သော် သင်တို့သည်မြို့သို့ဝင်ကြသောအခါ မကြိုဆိုသောမြို့၏ လမ်းများသို့ထွက်သွားကြပြီး ရပ်လျက် 11ဤကဲ့သို့ ပြောကြလော့။ ငါတို့သည် သင်တို့ကို သတိပေးသည်အနေဖြင့် သင်တို့မြို့၏ မြေမှုန့်ကို ငါခြေဘဝါးမှ ခါချပါ၏။ သို့သော်ပရ်မေဆွာရ်၏နိုင်ငံတော်သည် သင်တို့အနီးသို့ ရောက်ရှိပြီးဖြစ်ကြောင်း သိမှတ်ကြလော့။ 12ငါဆိုသည်ကား သောဒုံမြို့သည် နောက်ဆုံးသောကာလ တရားစီရင်ရာနေ့၌ ထိုထက်သာ၍ ခံရလိမ့်မည်။ 13အို့ ခေါရောဇိန်မြို့ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဒမြို့ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့မြို့တွင် ပြခဲ့သော အံ့ဖွယ်အမူအရာတို့ကို တုရုမြို့နှင့်ဇီဒုန်မြို့တို့တွင် ပြသခဲ့သည်ရှိသော်၊ ထို့မြို့တို့သည် ရှေ့ကာလကပင် အနက်ရောင်အဝတ်ကို ခြုံလျက် ပြာထဲတွင်ထိုင်လျက် နောင်တရကြလိမ့်မည်။ 14တရားစီရင်ရာနေ့၌ သင်တို့သည် တုရုမြို့နှင့်ဇီဒုန်မြို့တို့ ထက်သာ၍ခံရလိမ့်မည်။ 15အို့ ကပေရနောင်မြို့ သင်တို့သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းခံရလိမ့်မည်မဟုတ် သင့်သည် အာ(ဒ်)လို့(က်)ထိတိုင်အောင် နှိမ့်ချခြင်းခံရလိမ့်မည်။ 16သင်တို့၏စကားကို နားထောင်သော သူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုပယ်သောသူသည် ငါ့ကိုပယ်၏။ငါ့ကိုပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို ပယ်၏ " ဟုမိန်တော်မူ၏။ 17ထို့နောက် ထိုခုနှစ်ဆယ်သော စစ်စရောတို့သည် ဝမ်းမြှောက်စွာပြန်လာ၍ " ဂုရုဂျီ၊ ကျွန်ုပ်တို့ ပရ်ဘူယေရှု၏နာမတော်အားဖြင့် ဒူစ(တ်)အာသ်မားတို့ကိုပင် နိုင်ပါ၏ " ဟု လျှောက်တင်ကြ၏။ 18ထိုအခါ ပရ်ဘူယေရှုက " ငါသည် ဆယ်သားနန်းကို လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်၏။ 19ငါသည် သင်တို့ကို မြွေ၊ ကင်းမြီးကောက်တို့ကို နင်းနိုင်သောအခွင့်အာဏာကို သင်တို့အား ပေးထားပြီ။ သင်တို့သည် ရန်သူ၏ မည်သည့်လက်နက်စွမ်းအားကို မဆိုဖျက်ဆီးနိုင်၏။ သင်တို့ကို အဘယ်သူမျှ ဘေးမပြုနိုင်။ 20သို့သော် သင်တို့သည် ဆယ်သားနန်းက သင်တို့၏စကားကို နားထောင်ကြသည်ကို ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့သည် မိမိ၏နာမည်စာရင်းများ ဆွာရ်(ဂ်)တွင် စာရင်းဝင်နေသည့်အကြောင်းကို ဝမ်းမြောက်ခြင်းရှိကြလော့ " ဟုမိန့်တော်မူ၏။ 21ထိုအခါ ပရ်ဘူယေရှုသည် သန်ရှင်းသောဝိညာဥ်တော်အားဖြစ် ဝမ်းမြောက်ရွှင်လန်း၍ ပရ်ဘူယေရှုက " ဆွာရ်(ဂ်)နှင် မြေကြီးကို အစိုးရသော ပီသပရ်မေဆွာရ်၊ ပရ်ဘူဂျီးအား ကျေးဇူးချီးမွမ်းပါ၏။ ပရ်ဘူသည် ဤအကြောင်းအရာများကို ပညာရှိများနှင် ကွယ်ဝှက်ထားတော်မူပြီး ကလေးသူငယ်များအား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ ပရ်ဘူဂျီ ဤသို့ပြုရခြင်းမှာ အလိုရှိတော်မူသောကြောင့် ဖြစ်၏။ 22" ငါ့အဖသည် ခပ်သိမ်းသောအရာတို့ကို ငါ၌ပေးတော်မူ၏။ ခမည်းတော်သည် သားတော် မည်သူဖြစ်တော်မူသည်ကို သိတော်မူ၏။ သားတော်သည် ခမည်းတော်အဘယ်သူဖြစ်တော်မူသည်ကို သိတော်မူပြီး။ သားတော်သည်ခမည်းတော်ကိုသိစေရန် အလိုတော်ရှိသောသူတို့အား ဖွင့်ပြတော်မူ၏ " ဟုမိန့်တော်မူ၏။ 23ထိုနောက် ဂုရုယေရှုသည် စစ်စရောတို့ကို လှည့်ကြည့်တော်မူ၍ " ယခု သင်တို့ မြင်သောအရာတို့ကို မြင်သောမျက်စိသည် မင်္ဂလာရှိ၏။ 24ငါဆိုသည်ကား၊ သင်တို့မြင်သော အရာတို့ကို များစွာသောပရ်မေဆွာရ်၏ပရ်ဘက်သာများနှင့် ရှင်ဘုရှင်တို့ မြင်စေခြင်းငှာ အလိုရှိကြ၏။ သို့သော်မမြင်ရကြ။ သင်တို့ကြားကြသောအရာတို့ကို ကြားကြစေခြင်းငှာအလိုရှိ၏။သို့သော်မကြားရကြ " ဟု စစ်စရောတို့အား မိန့်တော်မူ၏။ 25တစ်နေ့တွင် ကျမ်းတတ်ပညာရှင်တစ်ယောက်သည် ပရ်ဘူယေရှုကိုစုံစမ်းရန်အတွက် မတ်တက်ရပ်၍ " မိုးကချ် ရစေခြင်းငှာ အကျွန်ုပ်တို့အဘယ်အမှုကိုပြုသင့်သနည်း " ဟုလျှောက်လေသည်။ 26ဂုရု ယေရှုက " ပညတ္တိကျမ်း၌ အဘယ်သို့ ရေးထားသနည်း။ သင်သည် အဘယ်သို့နားလည်သနည်း " ဟု မေးတော်မူ၏။ 27ထိုသူက " သင်၏ ပရ်ဘူပရ်မေဆွာရ်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှတို့နှင့် ချစ်လော့။ (တရားဟောရာ ၆း၅) ၊သင်တို့၏ အိမ်နီးချင်းကိုလည်း ကိုယ်နှင်အမျှ ချစ်ကြလော့ ဟု ပါရှိပါသည် " ဟုလျှောက်လေ၏။ ( ဝတ်ပြုရာကျမ်း ၁၉း ၁၈) 28ထိုအခါ ပရ်ဘူယေရှုက " သင်၏စကားသည်မှန်၏။ သင်သည်လည်း ထိုကဲ့သို့ပြုလျှင် အသက်ရှင်လိမ့်မည် " ဟု မိန့်တော်မူ၏။ 29ထိုသူကလည်း မိမိကိုယ်ကို အပြစ်မရှိသည့်ဟန်ပြုလို့စိတ်နှင့် " အကျွန်ုပ်တို့၏ အိမ်နီးချင်းက အဘယ်သူနည်း " ဟု ယေရှုဂျီအားလျှောက်ပြန်၏။ 30ထိုအခါ ပရ်ဘူယေရှုဂျီက "လူတစ်ယောက်သည်ယေရုရှလင်မြို့မှ ယေရိခါ်မြို့သို့သွားရာလမ်းတွင် ဓားပြနှင့်တွေ့၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ သေလုနီးပါးမတတ်ဖြစ်အောင် ရိုက်နှက်၍ ထားသွားကြ၏။ 31ယဇ်ပုရောဟိတ်တစ်ယောက်သည် ထိုလမ်း၌ သွားသည်ရှိသော် ထိုသူကိုမြင်သောအခါ လမ်းတစ်ဖက်သို့ရှောင်လွဲ၍သွားလေ၏။ 32ထိုနည်းတူ လေဝိသားတစ်ယောက်သည် ထိုလမ်း၌ သွားသည်ရှိသော် ထိုသူကိုမြင်သောအခါ လမ်းတစ်ဖက်သို့ရှောင်လွဲ၍သွားပြန်လေ၏။ 33ထိုနောက် ရှမာရိလူတစ်ယောက်သည် ခရီးသွားရာလမ်းတွင် လမ်း၌ ထိုသူကို မြင်သောအခါ သနားကရုဏာစိတ်ရှိလေ၏။ 34ထိုသူ အနားသို့ချဉ်းကပ်၍ ထိုသူ၏အနာများကို သံလွင်ဆီနှင့်စပျစ်ရည်လောင်းပြီး အနာများကို အဝတ်ဖြင့်စည်းလေ၏။ ထို့နောက် မြည်းပေါ်သို့တင်၍ တည်းခိုရာဇရပ်တစ်ခုသို့ ခေါ်ဆောင်သွားပြီ ပြုစုစောင့်ရှောက်လေ၏။ 35နောက်တစ်နေ့၌ ငွေဒင်္ဂါးနှစ်ပြားကိုထုတ်၍ တည်းခိုဇရပ်ပိုင်ရှင်အားပေးလျက် ဤသူကို ဂရုစိုက်လော့ ။ငါပြန်လာလျှင် အပိုကုန်ကျစရိတ်အားလုံးကိုဆပ်ပါမည်ဟုပြော၍ ထွက်သွားလေ၏။ 36ထိုသူသုံးယောက်၌ အဘယ်သူသည် ဓားပြတို့၏ရိုက်နှက်ခြင်းကိုခံခဲ့ရသောသူ၏ အိမ်နီးချင်းအစစ်ဖြစ်သနည်း " ဟု မေးတော်မူ၏။ 37ကျမ်းတတ်ဂုရုက " အကြင်သူအပေါ် ၌ သနားဂရုဏာစိတ်ရှိသောသူ ဖြစ်သည် " ဟု လျှောက်သော်၊ ပရ်ဘူယေရှုက " သွားလော့။ သင်သည်လည်းထိုနည်းတူ ပြုကြလော့ " ဟု မိန်တော်မူ၏။ 38ပရ်ဘူယေရှုသည် စစ်စရောတို့နှင့်အတူ ခရီးဆက်သွားတော်မူ၏။ မာသအမည်ရှိသောအမျိုးသမီးတစ်ဦးနေထိုင်သည့် ရွာတစ်ရွာသို့ ယေရှုဂျီရောက်ရှိတော်မူပြီး၊ သူမသည် မိမိအိမ်၌ ဧည့်ခံလေ၏။ 39သူ၌မာရီအမည်ရှိသောညီမတစ်ယောက်ရှိ၏။ မာရိသည် ပရ်ဘူယေရှု၏ခြေတော်ရင်း၌ ပရ်ဘူဂျီ၏စကားကို နားထောင်လျက်နေ၏။ 40သို့သော် မာသသည် ဧည့်ခံလုပ်ကျွေးပြုစုသောအမှုများနှင့် စိတ်ပူပန်ခြင်းရှိလျက် ပရ်ဘူယေရှုအနားသို့ချဉ်းကပ်၍ " ပရ်ဘူ၊ ကျွန်မညီမသည် ကျွန်မတစ်ယောက်တည်းလုပ်ကျွေးပြုစုခြင်းငှာ ကျွန်မကိုပစ်ထားသည့်ကို ပရ်ဘူလျစ်လျူရှုတော်မူသနည်း။ ကျွန်မအား ကူညီမည့်အကြောင်း အမိန့်တော်ရှိပါ " ဟုလျှောက်တင်လေ၏။ 41ထိုအခါ ပရ်ဘူဂျီက " မာသ၊ မာသ သင်သည့် များစွာသောအမှုကိစ္စတို့တွင်စိုးရိမ်ပူပန်လျက်ရှိ၏။ 42သင်၌ လိုအပ်သောအရာတစ်ခု ရှိ၏။ မာရိသည် ကောင်းသောအရာတစ်ခုကိုရွေးချယ်လေ၏။ ထိုအရာကို သူမထံမှ အဘယ်သူမျှ လုယူနိုင်လိမ်မည်မဟုတ် " ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
Luke 10: HNT
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

: