Luke 7
7
1ဂုရုယေရှုသည် လူတို့အား ဒေသနာတော် ဟောပြောသွန်သင်ပြီးနောက် ကပေရနောင်မြို့သို့ ကြွတော်မူ၏။ 2ထိုမြို့၌ ရောမတပ်မှူး၏ ကျွန်တစ်ယောက်သည် ဖျားနာလျက်သေလုနီးပါးဖြစ်လေ၏။ ထိုသူ၏သခင်သည် ထိုအစေခံကို အလွန်ချစ်မြတ်နိုး၏။ 3တပ်မှူးသည် ဂုရုယေရှု၏ သတင်းတော်ကိုကြားလျှင် ပရ်ဘူယေရှုအားလာ၍ မိမိကျွန်ကို ကုသပေးတော်မူမိအကြောင်း ယုဒအကြီးအကဲတချို့တို့ကို အထံတော်သို့ တောင်းလျှောက်ရန်အတွက် စေလွှတ်လေ၏။ 4ထိုသူတို့သည် ပရ်ဘူယေရှုအထံတော်သို့ရောက်လျှင် " ဤတပ်မှူးသည် ဤသို့ကျေးဇူးခံထိုက်သောသူဖြစ်ပါ၏ 5ဤသူသည် ကျွန်ုပ်တို့ အမျိုးကိုနှစ်သက်၍ အကျွန်ုပ်တို့အဘို မန်နဒီရ်ကို တည်ဆောက်ခဲ့သောသူလည်း ဖြစ်ပါ၏ " ဟု လျှောက်တင်ကြ၏။ 6ပရ်ဘူယေရှုသည် သူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူး၏ အိမ်နှင့်မနီးမဝေးသို့ရောက်တော်မူသောအခါ ရောမစစ်သူကြီးသည် သူ၏မိတ်ဆွေများကို အထံတော်သို့စေလွှတ်၏။ " ပရ်ဘူ ၊ကိုယ့်ကိုဒုက္ခခံတော်မူပါနှင့်ကျွန်ုပ်၏အိမ်သို့ကြွတော်မူစေခြင်းငှာ အကျွန်ုပ်မခံထိုက်ပါ။ 7ထိုနည်းတူ အကျွန်ုပ်သည်လည်း ပရ်ဘူ အထံတော်သို့လာရန် ထိုက်သောသူမဟုတ်ပါ ဟု ထင်မှတ်ပါ၏။ ပရ်ဘူသည် အမိန့်တော်တစ်ခွန်းရှိလျှင်အကျွန်ုပ်၏ ကျွန်သည် ချမ်းသာရပါလိမ့်မည်။ 8အကျွန်ုပ်ကိုယ်တိုင်ပင် အထက်အရာရှိအောက်တွင် အမှုထမ်းသော အာဏာရှိသော အစေခံတစ်ယောက်ဖြစ်ပါ၏။ အကျွန်ုပ်၏ အမိန့်ကို လိုက်နာဆောင်ရွက်သော များစွာသော်စစ်သူရဲများရှိပါ၏။ အကျွန်ုပ်သည် တစ်ဦးကိုသွားဟု ပြောလျှင် ထိုသူသည်သွား၏။ အကျွန်ုပ်သည် တစ်ဦးကိုလာဟုပြောလျှင် ထိုသူသည်လာ၏။အစေခံတစ်ယောက်ကို ဤအမှုကိုပြုလုပ်လော့၊ ဟု ပြောလျှင် ထိုသူသည် ပြုလုပ်ပါသည် " ဟု လျှောက်တင်ကြ၏။ 9ပရ်ဘူယေရှုသည် ထိုစကားကို ကြားတော်မူလျှင် အံ့ဩခြင်းရှိတော်မူ၍ နောက်သို့လိုက်သော လူအစုအဝေးများကိုလှည့်ကြည့်တော်မူလျက် " ငါဆိုသည်ကား၊ ငါသည် ဣသရေလအမျိုး၌ပင် ဤမျှလောက်ယုံကြည်ခြင်းရှိသော သူတစ်ယောက်ကိုမျှ ငါမတွေ့ဖူးသေး " ဟု မိန့်တော်မူ၏။ 10ထိုအခါ ပရ်ဘူယေရှု အထံတော်သို့ တပ်မှူးမှစေလွှတ်ခဲ့သော သူတို့သည် အိမ်သို့ပြန်ရောက်ကြသောအခါ အဖျားနာလျက်ရှိသော ကျွန်သည် အနာရောဂါမှချမ်းသာရရှိသည်ကိုတွေ့မြင်ကြ၏။ 11ထို့နောက် ပရ်ဘူယေရှုသည် နာဣနအမည်ရှိသောမြို့သို့ ကြွတော်မူ၏။ စစ်စရောများနှင့်အတူ လူစုအပေါင်းတို့သည် ပရ်ဘူယေရှုနှင့်အတူလိုက်ပါသွားကြ၏။ 12မြို့တံခါး အနီးသို့ရောက်တော်မူသောအခါ ထိုအချိန်တွင် မုဆိုးမ၌ရှိသော တစ်ဦးတည်းသောသား အသေကောင်အလောင်းကို သယ်ယူသွားနေကြ၏။သူမနှင့်မြို့သူမြို့သားများလိုက်ပါကြ၏။ 13ပရ်ဘူယေရှုသည် သူမကိုမြင်လျှင် သနားကြင်နာသောစိတ်ရှိတော်မူလျက် သူမအား"မငိုနှင့် " ဟု မိန့်တော်မူ၏။ 14ထို့နောက် ပရ်ဘူယေရှုသည် အလောင်းနားသို့ကြွတော်မူပြီးလျှင်လက်တော်ဖြင့် တို့ထိတော်မူ၏။ အလောင်းထမ်းထားသော သူတို့သည် ရပ်၍နေကြ၏။ ပရ်ဘူယေရှုက " အချင်းလူငယ်၊ ထလော့၊ သင့်အား ဆို၏ " ဟု မိန့်တော်မူ၏။ 15သေလျက်ရှိသော သူသည် ထထိုင်ပြီး စကားပြောလေ၏။ ထိုအခါ ပရ်ဘူယေရှုသည် ထိုသူကို သူ၏မိခင်အားအပ်ပေးတော်မူ၏။ 16လူအပေါင်းတို့သည် အံ့သြခြင်းနှင့်ပြည်နှပ်ပြီ ထိုသူတို့က " ကြီးမြတ်သော ပရ်မေဆွာရ်၏ပရ်ဘက်သာတစ်ပါး ငါတို့ကြားပေါ်ထွန်းလေပြီ " ပြောဆိုလျက် ပရ်မေဆွာရ်သည် မိမိလူမျိုးကို ကယ်တင်တော်မူရန်ကြွလာတော်မူ၏ "ဟု ဆိုကြပြီး ပရ်မေဆွာရ်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ 17ပရ်ဘူယေရှု၏ ထိုသတင်းတော်သည် ယုဒပြည်တစ်လျှောက်နှင့်ပတ်ဝန်းကျင်ဒေသများတွင်ပြန့်နှံ့လေ၏။ 18ယောဟန်၏ စစ်စရောတို့က ထိုအကြောင်းအရာ အလုံးအစုံတို့ကို ကြားပြောကြ၏။ထိုအခါ ယောဟန်သ ည်သူ၏စစ်စရောတို့အနက် နှစ်ဦးကိုခေါ်၍ရွေးချယ်ပြီးလျှင်၊ 19" ပရ်ဘူယေရှုသည် ကြွလာတော်မူမည်သူမှန်သလော့ (သို့မဟုတ်)အခြားသောသူကိုစောင့်မျှော်လင့်ရမည်လော့ " ဟု မေးလျှောက်စေခြင်းငှာ ယောဟန်သည် သူ၏စစ်စရောနှစ်ဦးကို ပရ်ဘူယေရှုအထံတော်သို့ စေလွှတ်လေ၏။ 20ထိုသူတို့သည် ပရ်ဘူယေရှု အထံတော်သို့ ရောက်ကြသောအခါ " ပရ်ဘူသည် ကြွလာမည့်သူမှန်သလော့ (သို့မဟုတ်)အခြားသူကိုမျှော်လင့်ရမည်လော ဟု မေးလျှောက်စေခြင်းငှာဂျော်လဒီကချာပေးသောယောဟန်သည် အကျွန်ပ်တို့ကို စေလွှတ်ပါပြီ "ဟု လျှောက်တင်ကြ၏။ 21ထိုအချိန်တွင် ပရ်ဘူယေရှုသည် များစွာသော လူထုကို အနာရောဂါဘေး၊ ဒူစ(တ်)အာသ်မားတို့၏ ဘေးမှကင်းလွတ်စေတော်မူပြီး၊ မျက်စိမမြင်သောသူတို့လည်းမြင်စေခြင်းငှာ ကျေးဇူးပြုတော်မူ၏။ 22ပရ်ဘူယေရှုက " သင်တို့ကြားရသမျှ၊ မြင်ရသမျှတို့ကို ယောဟန်အား သွား၍ကြားပြောကြလော့၊ မျက်မမြင်များ မျက်စိပြန်လှည်မြင်ရကြ၏။ မသန်စွမ်းသောသူတို့သည်လမ်းလျှောက်ကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။ နားပင်းသောသူများ နားကြားကြ၏။ သေသောသူများအသက်ပြန်ရှင်ကြ၏။ဆင်းရဲသော သူတို့သည်လည်း ဝမ်းမြောက်စရာသတင်းကောင်းကို ကြားရကြ၏။ 23ငါ့ကြောင့် ယုံကြည်ခြင်းအပေါ်စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ " ဟု မိန်တော်မူ၏။ 24ယောဟန်စေလွှတ်တော်မူသောသူတို့သည် ပြန်သွားကြ၏။ ထိုအခါ ပရ်ဘူယေရှုသည် ယောဟန်၏အကြောင်းနှင့်ပတ်သက်၍ လူထုပရိတ်သက်အား ဟောပြော၏။ " သင်တို့သည် သဲကန္တာရာတွင် အဘယ်အရာကို ကြည့်ရှုခြင်းငှာ သွားကြသနည်း။ လေတိုက်၍ လှုပ်သော ကျူးပင်အရှည်တို့ကို ကြည့်ရှုရန်သွားကြသလော။ 25သို့မဟုတ်လျှင် သင်တို့သည် အဝတ်ကောင်းကို ဝတ်ဆင်ထားသော သူကိုကြည့်ရှုခြင်းငှာ သွားကြသလော့။ များစွာသောအဘိုးထိုက်သောဥစ္စာရှိ၍ တင့်တယ်သောအဝတ်ကောင်းကို ဝတ်ဆင်သောသူတို့သည် နန်းတော်၌ နေတတ်ကြ၏။ 26ဤသို့မဟုတ်လျှင် သင်တို့သည် အဘယ်အရာကို ကြည့်ရှုခြင်းငှာ သွားကြသလေ့ာ။ ပရ်မေဆွာရ်၏ ပရ်ဘက်သာကို ကြည့်ရှုရန် သွားကြသနည်း။ မှန်ပေ၏။ ပရ်ဘက်သာများထက် ကြီးမြတ်သောသူလည်းဖြစ်၏ " ဟုငါဆို၏။ 27" ဤသူ၏ အကြောင်းနှင့်ပတ်သက်၍ ကျမ်းစာ၌ရေးထားသည်ကား ငါ၏တမန်ကို သင်ရှေ့၌ ငါစေလွှတ်မည်။သင်သွားရာလမ်းကိုပြင်ဆင်လိမ့်မည် " ဟုရေးထားသည်မှာထိုသူကိုဆိုလို၏။ (မာလခိ ၃း၁ ) 28ငါဆိုသည်ကာ ပရ်မေဆွာရ်၏ပရ်ဘက်သာများအနက် ယောဟန်ထပ်ကြီးမြတ်သော သူတစ်ယောက်မျှမမွေးဘူသေး။ သို့သော်ပရ်မေဆွာရ်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် ကြီးမြတ်၏။ 29လူအပေါင်းတို့မှစ၍ အခွန်ကောက်ခံသောသူသည် ယောဟန်၏စကားကိုကြားနားကြ၍ ထိုသူတို့သည်လက်ခံကြပြီး ယောဟန်ထံ၌ ဂျော်လဒီကချာကို ခံယူကြ၏။ 30ဖာရိရှဲများနှင့် ပညတ္တိကျမ်းတက်အာဏာပိုင်များသည် ပရ်မေဆွာရ်ကြံစည်တော်မူသောကျေးဇူးတော်ကိုပယ်၍ ယောဟန်ထံ၌ဂျော်လဒီကချာကို မခံယူကြဘဲနေကြ၏ " ဟုမိန်တော်မူ၏။ 31တစ်ဖန်ပရ်ဘူယေရှုက "ဤခေတ်လူတို့သည် ဘယ်ပုံဥပမာနှင့်ယှဉ်၍ခိုင်နှိုင်းရမည်နည်း။ သူတို့သည် အဘယ်သူများနှင့်တူကြသနည်း။ 32သူတို့မူကား၊ ပွဲသဘင်၌ထိုင်လျက် ငါတို့သည်သာယာစွာတီးမှုတ်သော်လည်း သင်တို့သည် မကမခုန်ဘဲနေကြ။ ငိုခြင်းနှင့်စပ်ဆိုင်သောသီချင်းကို ဆိုသော်လည်းသင်တို့သည်မငိုကြွေးကြ ဟု အချင်းချင်းအော်ဟစ်၍ပြောဆိုနေသောကလေးသူငယ်နှင့်တူ၏။ 33ထိုနည်းတူ ဂျော်လဒီကချာ ယောဟန်သည်မုန့်ကိုမစား၊ စပျစ်ရည်ကိုမသောက်ဘဲ သင်တို့ထံသို့လာသည်ရှိသော် သင်တို့မူကား ဤသူသည် ဒူစ(တ်)အာသ်မား၏ထိန်ချုပ်ထားခြင်းခံရသည် ဟုဆိုကြ၏။ 34လူသားသည် သင်တို့ကဲ့သို့ စားလျက်သောက်လျက်လာသောအခါ သူကိုကြည့်ရှုကြလော့၊ ဤသူသည် စားကြူသောသူဖြစ်သည်၊ ဤသူသည် အခွန်ကောက်ခံသောသူ နှင့် အပြစ်သားများ၏မိတ်ဆွေဖြစ်သည် ဟုဆိုကြ၏။ 35သို့ရာတွင့် ပရ်မေဆွာရ်၏ ဉာဏ်တော်ကို လိုက်နာသောသူအားလုံးသည် ထိုဉာဏ်တော် မှန်ကန်ကြောင်းကို သက်သေပြ၏ " ဟုမိန်တော်မူ၏။ 36ဖာရိရှဲတစ်ယောက်သည် ပရ်ဘူယေရှုကို မိမိနှင့်အတူ ညစာသုံးဆောင်ရန် ဖိတ်ကြား၏။ ပရ်ဘူယေရှုသည် ထိုဖာရိရှဲအိမ်သို့ ကြွ၍ စားပွဲတွင်ထိုင်တော်မူ၏။ 37ထိုမြို့၌ အပြစ်ကျူးလွန်သော အမျိုးသမီးတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည်ပရ်ဘူယေရှု ဖာရိရှဲ၏အိမ်တွင် ညစာသုံးဆောင်နေတော်မူသည်ကိုသိလျှင်၊ သူမသည် အထူးအလုံပိတ်ထားသောရေမွှေးပုလင်းကို ယူဆောင်၍လာ၏။ 38သူမသည် ပရ်ဘူယေရှု၏ နောက်တော်ရှိ ခြေတော်ရင်း၌ ရပ်လျက် ငိုနေ၏။ သူမ၏မျက်ရည်သည် ပရ်ဘူယေရှု၏ ခြေတော်ရင်း၌ ကျလျှင် မိမိဆံပင်ဖြင့် သုတ်လေ၏ ထိုနောက် သူမသည် ခြေတော်ကိုနမ်းပြီးလျှင် ရေမွေးဖြင့် သုတ်လိမ်းလျက်နေ၏။ 39ပရ်ဘူယေရှုအား ဖိတ်ကြားထားသော ဖာရိရှဲက " ဤသူသည် ပရ်မေဆွာရ်၏ပရ်ဘက်သာမှန်လျှင်၊ သူ၏ခြေကို ကိုင်သောအမျိုးသမီးသည် အဘယ်သို့သော အမျိုးသမီးဖြစ်သည်ကို၎င်း၊ သူမသည်အဘယ်သို့သော်အပြစ်ကျူးလွန်သော အမျိုးသမီးဖြစ်သည်ကို၎င်း သိလိမ့်မည် "ဟုတွေးတောထင်မှတ်လျက်နေကြ၏။ 40ထိုအခါ ပရ်ဘူယေရှုသည် " ရှိမုန်၊ သင့်အား ငါပြောစရာတစ်ခုရှိ၏ "ဟု မိန်တော်မူ၏။ရှိမှုန်ကလည်း "ဂုရုဂျီ ပြောပါ "ဟု လျှောက်လေသော်၊ 41ပရ်ဘူယေရှုက " ငွေချေးသူတစ်ဦးတွင် အကြွေးရရန် လူနှစ်ဦးရှိ၏။ တစ်ဦးတွင်ငွေဒင်္ဂါငါးရာ၊ နောက်တစ်ဦးတွင် ငွေဒင်္ဂါငါးဆယ် အကြွေးရှိ၏။ 42ထိုသူတို့သည် အကြွေးမဆပ်နိုင်ကြသဖြင့် အကြွေးရှင်သည် ထိုနှစ်ဦးလုံး၏ အကြွေးကိုခွင့်လွှတ်လိုက်လေ၏။ ထိုနှစ်ဦးအနက် အကြွေးရှင်အား အဘယ်သူသည်သာ၍ ချစ်မည်နည်း " ဟု မေးတော်မူ၏။ 43ရှိမုန်က " ငွေပို၍ ခွင့်လွှတ်ခြင်းခံရသောသူသည် သာ၍ချစ်လိမ့်မည်ဟု ထင်မှတ်ပါ၏ " ဟုလျှောက်လေ၏။ပရ်ဘူယေရှုက "သင်၏ ထင်မြင်ချက်သည် မှန်ပေ၏ " ဟု မိန့်တော်မူ၏။ 44ထို့နောက် ပရ်ဘူယေရှုသည် အမျိုးသမီးဘက်သို့လှည့်၍ ရှိမုန်အား " ဤအမျိုးသမီးကို သင်မြင်သလော့။ ငါသည် သင်၏အိမ်သို့လာသောအခါ ငါ့၏ခြေကို ဆေးရန် ရေကိုမျှမပေးဘဲနေ၏။ သို့သော် ဤအမျိုးသမီးသည် ငါ့ခြေကို မျက်ရည်ဖြင့်ဆေး၍ ဆံပင်ဖြင့်သုတ်လေ၏။ 45သင်သည် ငါ့ကိုမနမ်း။ သို့သော် ဤအမျိုးသမီးသည် ဤအိမ်သို့ရောက်လာသည့်အချိန်မှစ၍ ငါ၏ခြေကို အဆက်မပြတ် နမ်းလျက်ရှိ၏။ 46သင်သည် ငါ့ခေါင်းကို သံလွင်ဆီဖြင့်မလိမ်း။ သို့သော် ဤအမျိုးသမီးသည် ငါ၏ ခြေကို ရေမွှေးဖြစ် သုတ်လိမ်းလေ၏။ 47ထို့ကြောင့် သင့်အား ငါဆိုသည်ကား၊ သူမ၏များစွာသောအပြစ်တို့ကိုပြေလွတ်သည်ဖြစ်၍ သူမသည်ငါ့ကိုအလွန်ချစ်၏။သို့သော် အနည်းငယ်သော အပြစ်ကို ဖြေလွှတ်သောသူသည် အနည်းငယ်သာ ချစ်၏ " ဟုမိန့်တော်မူ၏။ 48ထို့နောက် ပရ်ဘူယေရှုသည် ထိုအမျိုးသမီးအား "သင်၏အပြစ် ဖြေလွတ်ပြီ "ဟုမိန့်တော်မူ၏။ 49ထိုအခါ ပရ်ဘူယေရှုနှင့်အတူ ညစာစားနေကြသော သူတို့သည် " ဤသူက အဘယ်သူနည်း။ အပြစ်များကိုပင် ဖြေလွှတ်သည် " ဟု အချင်းချင်းပြောဆိုကြ၏။" 50သို့သော် ပရ်ဘူယေရှုသည် ထိုအမျိုးသမီးအား " သင်၏ယုံကြည်ခြင်းသည် သင်ကိုကယ်တင်၏။ငြိမ်သက်စွာသွားလော့ " ဟုမိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
Luke 7: HNT
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

: