1
ရှင်လုကာ 23:34
သမ္မာပိဋကတ်တော်
TPRV
ထိုအခါ ကိုယ်တော်က “အဖဘုရားရှင်၊ သူတို့သည် မိမိကိုယ်ကို မည်သည့်အရာကို ပြုနေကြသည်ကိုပင် မသိကြသည့်အတွက်ကြောင့် သူတို့ကို ခွင့်လွှတ်ပေးတော်မူပါ” ဟုဆုတောင်းတော်မူ၏။ ထို့နောက် ရဲမက်တို့သည် ကိုယ်တော်၏အဝတ်များကို အလောင်းအစားလုပ်၍ ခွဲဝေယူကြ၏။
താരതമ്യം
ရှင်လုကာ 23:34 പര്യവേക്ഷണം ചെയ്യുക
2
ရှင်လုကာ 23:43
ထိုအခါ ကိုယ်တော်က “သင့်အား ငါအမှန်ဆိုမည်ကား သင်သည် ယနေ့ပင်လျှင် ပရဒိသုဘုံ၌ ငါနှင့်အတူရှိလိမ့်မည်” ဟုမိန့်တော်မူ၏။
ရှင်လုကာ 23:43 പര്യവേക്ഷണം ചെയ്യുക
3
ရှင်လုကာ 23:42
ထို့နောက် ထိုသူကဆက်၍ ကိုယ်တော်အား “ကိုယ်တော်၊ အသင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးဖို့ရန် ပြန်လာသည့်အချိန်၌ အကျွန်ုပ်ကို အောက်မေ့တော်မူပါ” ဟုလျှောက်လေ၏။
ရှင်လုကာ 23:42 പര്യവേക്ഷണം ചെയ്യുക
4
ရှင်လုကာ 23:46
ကိုယ်တော်သည်လည်း ကျယ်လောင်သောအသံဖြင့် “အို အဖဘုရား၊ အကျွန်ုပ်၏ဝိညာဉ်ကို အဖဘုရားရှင်၏လက်တော်၌ အပ်နှံပါ၏” ဟု မြွက်ဆိုပြီးနောက် အသက်တော်ကိုစွန့်တော်မူ၏။
ရှင်လုကာ 23:46 പര്യവേക്ഷണം ചെയ്യുക
5
ရှင်လုကာ 23:33
ဦးခေါင်းခွံအမည်ရှိ တောင်ကုန်းပေါ်သို့ ရောက်လျှင် ကိုယ်တော့်အား လက်ဝါးကပ်တိုင်ပေါ်သို့တင်ကာ သံရိုက်လိုက်ကြ၏။ ကိုယ်တော်၏တစ်ဖက်တစ်ချက်စီတွင် ရာဇဝတ်သားနှစ်ဦးကိုလည်း ကိုယ်တော်၏လက်ယာဘက်၌ တစ်ဦး၊ လက်ဝဲဘက်၌တစ်ဦး လက်ဝါးကပ်တိုင်ပေါ်တင်၍ သံရိုက်လိုက်ကြ၏။
ရှင်လုကာ 23:33 പര്യവേക്ഷണം ചെയ്യുക
6
ရှင်လုကာ 23:44-45
ထိုအချိန်ကား နေမွန်းတည့်ချိန် ဖြစ်နေသော်လည်း ညနေသုံးနာရီထိတိုင်အောင် ကမ္ဘာတစ်ခွင်လုံးရှိ မိုးကောင်းကင်သည် မဲမှောင်နေ၏။ နေ၏အလင်းသည် ကွယ်ပျောက်သွားပြီး ဗိမာန်တော်ရှိ အမြင့်မြတ်ဆုံးသောနေရာကို ဖုံးအုပ်ထားသော ကန့်လန့်ကာကြီးသည် နှစ်ခြမ်းကွဲသွားလေတော့၏။
ရှင်လုကာ 23:44-45 പര്യവേക്ഷണം ചെയ്യുക
7
ရှင်လုကာ 23:47
ဤအဖြစ်ကိုတွေ့မြင်သော ရောမတပ်မှူးသည် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလျှက် “ဤသူသည် ဖြောင့်မတ်မှန်ကန်သောသူဖြစ်ပါသည်တကား” ဟုဆိုလေ၏။
ရှင်လုကာ 23:47 പര്യവേക്ഷണം ചെയ്യുക
ആദ്യത്തെ സ്ക്രീൻ
വേദപുസ്തകം
പദ്ധതികൾ
വീഡിയോകൾ